Breaking

January 20, 2021

ကန္သမၼတသစ္ က်မ္းသစၥာက်ိန္ဆိုမည္


 

[Zawgyi/Unicode]

ဒီကေန႔မွာ အေမရိကန္သမၼတ က်မ္းသစၥာက်ိန္ဆိုပြဲ လုပ္မွာျဖစ္ၿပီး သမၼတသစ္အျဖစ္ Joe Biden ဒုတိယသမၼတသစ္အျဖစ္ အမ်ိဳးသမီးေတြထဲက ပထမဆုံး ဒုသမၼတျဖစ္လာမယ့္ Kamala Harris တို႔ က်မ္းသစၥာက်ိန္ဆိုၾကမွာပါ။ အေမရိကန္မွာ COVID-19 ကပ္ေရာဂါ ျပင္းထန္ေနဆဲျဖစ္တာမို႔ ဒီႏွစ္က်မ္းသစၥာက်ိန္ဆိုပြဲကို ဘယ္တုန္းကနဲ႔မွ မတူတဲ့ အေျခအေနမ်ိဳးနဲ႔ က်င္းပရမွာျဖစ္ပါတယ္။

က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္ခင္ ဒီကေန႔မနက္ပိုင္းမွာေတာ့ Joe Biden နဲ႔ ဇနီးျဖစ္သူ Jill Biden ၊ Kamala Harris နဲ႔ ခင္ပြန္းျဖစ္သူ Doug Emhoff တို႔ဟာ ဝါရွင္တန္ ဒီစီၿမိဳ႕ေတာ္က St. Matthew the Apostle ဘုရားေက်ာင္းမွာလုပ္မယ့္ ဝတ္ျပဳဆုေတာင္းပြဲကို တက္ေရာက္ၾကပါလိမ့္မယ္။

ပုံမွန္အားျဖင့္ဆိုရင္ ဒီေန႔လို သမၼတသစ္ က်မ္းသစၥာက်ိန္ဆိုပြဲေတြမွာ လႊတ္ေတာ္ Capitol အေဆာက္အဦးကေန အမ်ိဳးသားရင္ျပင္တေလ ွ်ာက္ လူ ေထာင္ေပါင္းမ်ားစြာ လာၾကေလ့ရွိတာပါ။ ဒီႏွစ္မွာေတာ့ လူေတြ လာေရာက္ခြင့္မရတဲ့အတြက္ သူတို႔ကို အထိမ္းအမွတ္ျပဳတဲ့အေနနဲ႔ အေမရိကန္ျပည္နယ္ေတြနဲ႔ ပိုင္နက္နယ္ေျမေတြကို ကိုယ္စားျပဳတဲ့ အေမရိကန္အလံ ၂၀၀,၀၀၀ ကို စိုက္ထူထားပါတယ္။

က်မ္းက်ိန္ပြဲၿပီးတဲ့ေနာက္ မစၥတာဘိုင္ဒန္နဲ႔ မစၥစ္ဟဲရစ္စ္တို႔ဟာ ဝါရွင္တန္ၿမိဳ႕ေတာ္ အျပင္ဘက္ေလးနားက အာလင္တန္ အမ်ိဳးသားစစ္သခ်ိဳၤင္းမွာရွိတဲ့ အညတရစစ္သည္အုတ္ဂူမွာ ဂုဏ္ျပဳပန္းေခြခ်ပြဲ အခမ္းအနားကို တက္ေရာက္ၾကမွာျဖစ္ပါတယ္။

အဲဒီေနာက္ မစၥတာဘိုင္ဒန္ဟာ သမၼတရဲ႕ အမိန႔္ေၾကညာခ်က္ အေတာ္မ်ားမ်ားကို လက္မွတ္ေရးထိုး ထုတ္ျပန္ဖို႔ရွိသလို တျခားလုပ္ငန္းေတြကိုလည္း လုပ္ေဆာင္မွာျဖစ္ၿပီး အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki က သတင္းစာရွင္းလင္းပြဲလုပ္ဖို႔ စီစဥ္ထားပါတယ္။

အစဥ္အလာအားျဖင့္ဆိုရင္ ညစာစားပြဲေတြ ကပြဲအစီအစဥ္ေတြနဲ႔ ျပည့္ေနေလ့ရွိတဲ့ ဒီကေန႔ညေနပိုင္းမွာေတာ့ အဲဒီအစီအစဥ္ေတြအစား "Celebratin America" ဆိုတဲ့ ႐ုပ္သံအထူးအစီအစဥ္တခုကို ထုတ္လႊင့္ျပသဖို႔ရွိၿပီး အဲဒီအစီအစဥ္မွာ မစၥတာဘိုင္ဒန္နဲ႔ မစၥစ္ဟဲရစ္စ္တို႔ စကားေျပာၾကမွာျဖစ္ပါတယ္။

[Unicode Version]

ကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမည်

ဒီကနေ့မှာ အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ လုပ်မှာဖြစ်ပြီး သမ္မတသစ်အဖြစ် Joe Biden ဒုတိယသမ္မတသစ်အဖြစ် အမျိုးသမီးတွေထဲက ပထမဆုံး ဒုသမ္မတဖြစ်လာမယ့် Kamala Harris တို့ ကျမ်းသစ္စာကျိန်ဆိုကြမှာပါ။ အမေရိကန်မှာ COVID-19 ကပ်ရောဂါ ပြင်းထန်နေဆဲဖြစ်တာမို့ ဒီနှစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို ဘယ်တုန်းကနဲ့မှ မတူတဲ့ အခြေအနေမျိုးနဲ့ ကျင်းပရမှာဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ဒီကနေ့မနက်ပိုင်းမှာတော့ Joe Biden နဲ့ ဇနီးဖြစ်သူ Jill Biden ၊ Kamala Harris နဲ့ ခင်ပွန်းဖြစ်သူ Doug Emhoff တို့ဟာ ဝါရှင်တန် ဒီစီမြို့တော်က St. Matthew the Apostle ဘုရားကျောင်းမှာလုပ်မယ့် ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ကြပါလိမ့်မယ်။

ပုံမှန်အားဖြင့်ဆိုရင် ဒီနေ့လို သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွေမှာ လွှတ်တော် Capitol အဆောက်အဦးကနေ အမျိုးသားရင်ပြင်တလေ ျှာက် လူ ထောင်ပေါင်းများစွာ လာကြလေ့ရှိတာပါ။ ဒီနှစ်မှာတော့ လူတွေ လာရောက်ခွင့်မရတဲ့အတွက် သူတို့ကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်ပြည်နယ်တွေနဲ့ ပိုင်နက်နယ်မြေတွေကို ကိုယ်စားပြုတဲ့ အမေရိကန်အလံ ၂၀၀,၀၀၀ ကို စိုက်ထူထားပါတယ်။

ကျမ်းကျိန်ပွဲပြီးတဲ့နောက် မစ္စတာဘိုင်ဒန်နဲ့ မစ္စစ်ဟဲရစ်စ်တို့ဟာ ဝါရှင်တန်မြို့တော် အပြင်ဘက်လေးနားက အာလင်တန် အမျိုးသားစစ်သချိုၤင်းမှာရှိတဲ့ အညတရစစ်သည်အုတ်ဂူမှာ ဂုဏ်ပြုပန်းခွေချပွဲ အခမ်းအနားကို တက်ရောက်ကြမှာဖြစ်ပါတယ်။

အဲဒီနောက် မစ္စတာဘိုင်ဒန်ဟာ သမ္မတရဲ့ အမိန့်ကြေညာချက် အတော်များများကို လက်မှတ်ရေးထိုး ထုတ်ပြန်ဖို့ရှိသလို တခြားလုပ်ငန်းတွေကိုလည်း လုပ်ဆောင်မှာဖြစ်ပြီး အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။

အစဉ်အလာအားဖြင့်ဆိုရင် ညစာစားပွဲတွေ ကပွဲအစီအစဉ်တွေနဲ့ ပြည့်နေလေ့ရှိတဲ့ ဒီကနေ့ညနေပိုင်းမှာတော့ အဲဒီအစီအစဉ်တွေအစား "Celebratin America" ဆိုတဲ့ ရုပ်သံအထူးအစီအစဉ်တခုကို ထုတ်လွှင့်ပြသဖို့ရှိပြီး အဲဒီအစီအစဉ်မှာ မစ္စတာဘိုင်ဒန်နဲ့ မစ္စစ်ဟဲရစ်စ်တို့ စကားပြောကြမှာဖြစ်ပါတယ်။

အေမရိကန္ ေရြးေကာက္ခံ သမၼတ Joe Biden
https://burmese.voanews.com/a/biden-inauguration/5744643.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.