Breaking

January 29, 2021

ေရြးေကာက္ပဲြရလဒ္ ေျပာင္းလဲဖို႔ အၾကမ္းနည္းၿခိမ္းေျခာက္မႈ အေမရိကန္ လက္ခံမည္မဟုတ္

(Zawgyi/Unicode)

နိုဝင္ဘာလက ျမန္မာနိုင္ငံမွာ က်င္းပခဲ့တဲ့ အေထြေထြ ေရြးေကာက္ပြဲ ရလဒ္ကို ေျပာင္းလဲပစ္ဖို႔အတြက္ျမန္မာစစ္တပ္ကအင္အားသုံး ၿခိမ္းေျခာက္ဖို႔ ႀကိဳးစားတာ မွန္သမၽွ အေမရိကန္ျပည္ေထာင္စုက လက္ခံမွာ မဟုတ္ေၾကာင္း အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး ဌာန ေျပာခြင့္ရက ဒီကေန႔ သေဘာထားရွင္းလင္း ေျပာဆုိလုိက္ပါတယ္။

VOA ကေမးျမန္းစံုစမ္းတာကိုတုန္႔ျပန္ေပးပို႔တဲ့သေဘာထားမွာ - ဒီမိုကေရစီ ျဖစ္စဥ္နဲ႔ ဒီမိုကရက္တစ္ အဖြဲ႕အစည္းေတြကို ေလးစား လိုက္နာဖို႔ကို အေမရိကန္ ျပည္ေထာင္စုက ျမန္မာစစ္တပ္ နဲ႔ တိုင္းျပည္တြင္းက တစ္ျခား နိုင္ငံေရးပါတီေတြကို တိုက္တြန္းထားပါတယ္။

ျမန္မာနိုင္ငံရဲ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈ ဒါမွမဟုတ္ တိုင္းျပည္ရဲ့ ေရြးေကာက္ပြဲ ရလဒ္ေတြကို ေျပာင္းလဲပစ္ဖို႔ အင္အားသုံးဒါမွမဟုတ္ ၿခိမ္းေျခာက္ေရးနည္းလမ္းေတြကို အသုံးျပဳဖို႔ ႀကိဳးပမ္းတာ မွန္သမၽွကို အေမရိကန္ ျပည္ေထာင္စုက လက္မခံေၾကာင္း ေျပာခြင့္ရက ေျပာပါတယ္။

ၿပီးခဲ့တဲ့ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိနိုင္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တပ္မေတာ္က အစိုးရနဲ႔ ေရြးေကာက္ပြဲ ေကာ္မရွင္ကို သတိ ေပးေနတာေၾကာင့္ ျမန္မာနိုင္ငံမွာ နိုင္ငံေရးတင္းမာမႈေတြ ျဖစ္ေပၚေနတာနဲ႔ ပတ္သက္လို႔ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနရဲ႕ သေဘာထားကို VOA က ေမးျမန္းရာမွာ အခုလို ျပန္လည္ေျဖၾကားလိုက္တာပါ ။

မေန႔က တပ္မေတာ္ရဲ့ ထုတ္ျပန္ခ်က္မွာေတာ့ မဲမသမာမႈျဖစ္နိုင္တဲ့စာရင္းဟာ ၁၀ သန္းေက်ာ္ရွိေၾကာင္း ထုတ္ျပန္ထားေပးမယ့္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ ေရြးေကာက္ပြဲကို ဥပေဒနဲ႔အညီ က်င္းပခဲ့တာျဖစ္ေၾကာင္း ေျပာပါတယ္။


............

ရွေးကောက်ပွဲရလဒ် ပြောင်းလဲဖို့ အကြမ်းနည်းခြိမ်းခြောက်မှု အမေရိကန်လက်ခံမည်မဟုတ်
(Unicode)

နိုဝင်ဘာလက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပစ်ဖို့ အတွက်မြန်မာ စစ်တပ်ကအင်အားသုံး ခြိမ်းခြောက်ဖို့ ကြိုးစားတာ မှန်သမျှ အမေရိကန်ပြည်ထောင်စုက လက်ခံမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရက ဒီကနေ့ သဘောထားရှင်းလင်း ပြောဆို လိုက် ပါတယ်။

VOA ကမေးမြန်းစုံစမ်းတာကိုတုန့်ပြန်ပေးပို့တဲ့သဘောထားမှာ - ဒီမိုကရေစီ ဖြစ်စဉ်နဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို လေးစား လိုက်နာဖို့ကို အမေရိကန် ပြည်ထောင်စုက မြန်မာစစ်တပ် နဲ့ တိုင်းပြည်တွင်းက တစ်ခြား နိုင်ငံရေးပါတီတွေကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဒါမှမဟုတ် တိုင်းပြည်ရဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ပြောင်းလဲပစ်ဖို့ အင်အားသုံးဒါမှမဟုတ် ခြိမ်းခြောက်ရေးနည်းလမ်းတွေကို အသုံးပြုဖို့ ကြိုးပမ်းတာ မှန်သမျှကို အမေရိကန် ပြည်ထောင်စုက လက်မခံကြောင်း ပြောခွင့်ရက ပြောပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်က အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို သတိ ပေးနေတာကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သဘောထားကို VOA က မေးမြန်းရာမှာ အခုလို ပြန်လည်ဖြေကြား လိုက်တာပါ ။

မနေ့က တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ မဲမသမာမှုဖြစ်နိုင်တဲ့စာရင်းဟာ ၁၀ သန်းကျော်ရှိကြောင်း ထုတ်ပြန်ထားပေးမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲကို ဥပဒေနဲ့အညီ ကျင်းပခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ 

 https://burmese.voanews.com/a/state-department-comment-on-myanmar-election-result-/5755622.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.