2021-02-24
အင်ဒိုနီးရှား
နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ၂၀၁၉၊ ဒီဇင်ဘာ ၁၆ မှာ ၁၄ ကြိမ်မြောက်
ကျင်းပတဲ့ ASEM နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့တက်ရောက်ခဲ့စဉ်
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြောဆိုဖို့ မြန်မာနိုင်ငံကို လာရောက်မှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဒီနေ့မှာ ပြောလိုက်တယ်လို့ Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။
"တခြား အာဆီယံနိုင်ငံတွေရဲ့ အားဖြည့်ပေးမှုနဲ့ လက်ရှိ လုပ်ဆောင်နေပြီဖြစ်တဲ့ အခြေ အနေတွေကို ထည့်သွင်းစဉ်းစားလိုက်တဲ့အခါမှာ လောလောဆယ်က မြန်မာနိုင်ငံကို လာရောက်ဖို့ အကောင်းဆုံးအချိန် မဟုတ်သေးဘူး"လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah က ပြောခဲ့ပါတယ်။
မူလက ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ မြန်မာပြည်ကို အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက လာမယ်ဆိုတဲ့ သတင်းကို စင်ကာပူအခြေစိုက် The Straits Times သတင်း ဌာနက ဖော်ပြခဲ့ပါတယ်။
https://www.rfa.org/burmese/news/indo-foreign-minister-does-not-visit-to-myanmar-02242021003102.html


No comments:
Post a Comment
Note: Only a member of this blog may post a comment.