Breaking

February 24, 2021

ျမန္မာစစ္တပ္ အာဏာစြန္႔ဖို႔ အေမရိကန္ ထပ္မံတိုက္တြန္း

 


အေမရိကန္ ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Ned Price
(Zawgyi/Unicode)

အာဏာသိမ္းထားတဲ႔ ျမန္မာ စစ္တပ္ အေနနဲ႔ အာဏာစြန္႔လႊတ္ၿပီး ဒီမိုကေရစီ နည္းက် ေရြးေကာက္ခံ အစိုးရကို အာဏာျပန္အပ္ရမယ္ဆိုတဲ႔ ေျပာဆိုထားခ်က္ အတုိင္း အေမရိကန္က ဆက္လက္ ရည္တည္ေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

"စစ္တပ္က အာဏာစြန္႔ရပါမယ္။ ဒီမိုကေရစီ နည္းက် ေရြးေကာက္ခံ အစိုးရကို အာဏာျပန္အပ္ရပါမယ္။ ျမန္မာျပည္သူေတြနဲ႔ အတူ ဆက္လက္ ရည္တည္ေနၿပီး အဲဒီ ရပ္တည္ခ်က္ မေျပာင္းပါဘူး" လို႔ အေမရိကန္ ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Ned Price က ေျပာဆိုခဲ႔တာပါ။

အာဏာသိမ္းထားတဲ႔ ျမန္မာစစ္တပ္က ကတိျပဳထားတဲ႔ အတိုင္း ေရြးေကာက္ပြဲသစ္ က်င္းပေရး အင္ဒိုနီးရွား ႏုိင္ငံျခားေရး ၀န္ႀကီး သြားေရာက္ ညွိႏိႈင္းမယ္ဆိုတဲ႔ သတင္းေတြ ထြက္ေပၚလာတာနဲ႔ ပတ္သက္ၿပီး အေမရိကန္ရဲ႕ ရည္တည္ခ်က္ကို ေမးျမန္းခဲ႔တာမွာ သူက အခုလို ေျဖၾကားခဲ႔တာ ျဖစ္ပါတယ္။

"ဒီအဆိုျပဳခ်က္ဟာ ခန္႔မွန္းေျပာဆိုတဲ့ အဆင့္သာ ရွိေသးတယ္လို႔ နားလည္ထားပါတယ္၊ ဒါေၾကာင့္လည္း မွတ္ခ်က္ မေပးလိုေၾကာင္း" အေမရိကန္ ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရက ေျဖၾကားခဲ႔ပါတယ္။

ျမန္မာ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီက လုပ္မယ္လို႔ ေျပာထားတဲ႔ ေရြးေကာက္ပြဲကို လက္ခံေရး အင္ဒိုနီးရွားဘက္က စည္းရံုး ႀကိဳးပမ္းေနေၾကာင္း ရိုက္တာ သတင္းတပုဒ္က ေဖာ္ျပခဲ႔ၿပီးေနာက္ ျမန္မာႏုိင္ငံတြင္း ဆန္႔က်င္ ဆႏၵျပခဲ႔ၾကတာပါ။ အင္ဒိုနီးရွားဘက္ကေတာ့ ဒီသတင္းက မမွန္ဘူးလို႔ ေျပာပါတယ္။

အာဏာ ရယူထားတဲ႔ စစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဥကၠဌ အျဖစ္ တာ၀န္ယူထားတဲ႔ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီ အဖြဲ႔၀င္ ၂ ဦး ျဖစ္တဲ႔ ဗိုလ္ခ်ဴပ္ႀကီး ေမာင္ေမာင္ေက်ာ္နဲ႔ ဒုတိယဗိုလ္ခ်ဴပ္ႀကီး မိုးျမင့္ထြန္း တို႔ကို တနလာၤေန႔မွာ အေမရိကန္က ျပစ္ဒဏ္ခတ္ ပိတ္ဆို႔မႈ ခ်မွတ္ခဲ႔သလိုဘဲ စစ္အာဏာသိမ္းမႈမွာ တာ၀န္ရွိသူေတြ အက်ိဳးဆက္ခံစားရမယ္လို႔လည္း ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရက ထပ္ေလာင္း ေျပာပါတယ္။

ျမန္မာ စစ္အာဏာသိမ္းမႈ အတြက္ တာ၀န္ရွိတဲ႔ စစ္ေခါင္းေဆာင္ေတြကို ၿဗိတိန္နဲ႔ ကေနဒါတို႔က ဒဏ္ခတ္ ပိ္တ္ဆို႔ေၾကာင္း ေၾကညာထားၿပီး ျဖစ္သလို ဥေရာပ သမဂၢ ဘက္ကလည္း စစ္ေခါင္းေဆာင္ေတြကို အေရးယူ ဒဏ္ခတ္ဖို႔ တနလာၤေန႔က ႏုိင္ငံျခားေရး ၀န္ႀကီးေတြ သေဘာတူခဲ႔ၾကပါတယ္။

...........

မြန်မာစစ်တပ် အာဏာစွန့်ဖို့ အမေရိကန် ထပ်မံတိုက်တွန်း

(Unicode)

အာဏာသိမ်းထားတဲ့ မြန်မာ စစ်တပ် အနေနဲ့ အာဏာစွန့်လွှတ်ပြီး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို အာဏာပြန်အပ်ရမယ်ဆိုတဲ့ ပြောဆိုထားချက် အတိုင်း အမေရိကန်က ဆက်လက် ရည်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"စစ်တပ်က အာဏာစွန့်ရပါမယ်။ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို အာဏာပြန်အပ်ရပါမယ်။ မြန်မာပြည်သူတွေနဲ့ အတူ ဆက်လက် ရည်တည်နေပြီး အဲဒီ ရပ်တည်ချက် မပြောင်းပါဘူး" လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က ပြောဆိုခဲ့တာပါ။

အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်က ကတိပြုထားတဲ့ အတိုင်း ရွေးကောက်ပွဲသစ် ကျင်းပရေး အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး သွားရောက် ညှိနှိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ရည်တည်ချက်ကို မေးမြန်းခဲ့တာမှာ သူက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီအဆိုပြုချက်ဟာ ခန့်မှန်းပြောဆိုတဲ့ အဆင့်သာ ရှိသေးတယ်လို့ နားလည်ထားပါတယ်၊ ဒါကြောင့်လည်း မှတ်ချက် မပေးလိုကြောင်း" အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ဖြေကြားခဲ့ပါတယ်။

မြန်မာ စစ်အုပ်ချုပ်ရေး ကောင်စီက လုပ်မယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲကို လက်ခံရေး အင်ဒိုနီးရှားဘက်က စည်းရုံး ကြိုးပမ်းနေကြောင်း ရိုက်တာ သတင်းတပုဒ်က ဖော်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်း ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။ အင်ဒိုနီးရှားဘက်ကတော့ ဒီသတင်းက မမှန်ဘူးလို့ ပြောပါတယ်။

အာဏာ ရယူထားတဲ့ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ စစ်အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ၂ ဦး ဖြစ်တဲ့ ဗိုလ်ချူပ်ကြီး မောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချူပ်ကြီး မိုးမြင့်ထွန်း တို့ကို တနလာၤနေ့မှာ အမေရိကန်က ပြစ်ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ခဲ့သလိုဘဲ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ အကျိုးဆက်ခံစားရမယ်လို့လည်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ထပ်လောင်း ပြောပါတယ်။

မြန်မာ စစ်အာဏာသိမ်းမှု အတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ဗြိတိန်နဲ့ ကနေဒါတို့က ဒဏ်ခတ် ပိတ်ဆို့ကြောင်း ကြေညာထားပြီး ဖြစ်သလို ဥရောပ သမဂ္ဂ ဘက်ကလည်း စစ်ခေါင်းဆောင်တွေကို အရေးယူ ဒဏ်ခတ်ဖို့ တနလာၤနေ့က နိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။

 https://burmese.voanews.com/a/us-state-department-on-myanmar-/5790065.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.