Breaking

February 24, 2021

စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ အင္ဒိုႏိုင္ငံျခားေရးဝန္ႀကီးေတြ႔ဆံု


စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ (ဝဲ) နဲ႔ အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီး Retno Marsudi (ယာ)။ (မွတ္တမ္းဓာတ္ပံု(Combo))
[Zawgyi/Unicode]

ျမန္မာစစ္ေကာင္စီက ခန႔္အပ္ထားတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္နဲ႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi တို႔ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ဒီကေန႔ေတြ႕ဆုံခဲ့တယ္လို႔ ထိုင္းႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက အတည္ျပဳေျပာဆိုပါတယ္။

ဒီေတြ႕ဆုံမႈနဲ႔ ပတ္သက္ၿပီး ထိုင္းႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Tanee Sangrat က အြန္လိုင္းကေန သတင္းေထာက္ေတြကို အသိေပးခဲ့တာျဖစ္ၿပီး တျခားအေသးစိတ္ေတြကို မေျပာပါဘူး။

စစ္အာဏာသိမ္းတာနဲ႔ပတ္သက္ၿပီး သံခင္းတမန္ခင္း ေျပာဆိုေဆြးေႏြးဖို႔အတြက္ ဦးဝဏၰေမာင္လြင္ ထိုင္းႏုိင္ငံမွာ ဒီကေန႔ ေရာက္ေနတဲ့အေၾကာင္း ထိုင္းအစိုးရ သတင္းရင္းျမစ္တစ္ခုက ႐ိုက္တာသတင္းဌာနကို အေစာပို္င္းမွာ ေျပာခဲ့ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အေျဖတခုရွာဖို႔ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) နဲ႔ လက္တြဲလုပ္ေဆာင္ေရး ႀကိဳးပမ္းတဲ့အေနနဲ႔ ေဆြးေႏြးပြဲေတြလုပ္ဖို႔ ဦးဝဏၰေမာင္လြင္ ထိုင္းကို လာတာလို႔ အဲဒီ သတင္းရင္းျမစ္ကေျပာပါတယ္။

အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီး Marsudi ဟာ ျမန္မာႏုိင္ငံကိုလာမယ္လုိ႔ အေစာပိုင္းက သတင္းထြက္ခဲ့ေပမဲ့လည္း ေနာက္ပိုင္းမွာေတာ့ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Teuku Faizasyah က ဝန္ႀကီး Marsudi မသြားျဖစ္ေတာ့ဘူးလို႔ ေျပာပါတယ္။

"ျမန္မာႏုိင္ငံက အေျခအေနေတြကို ထည့္သြင္းစဥ္းစားၿပီး ေဒသဆိုင္ရာအဆင့္နဲ႔ အာဆီယံမွာ အေျဖရွာေရး လုပ္ေဆာင္ဖို႔ အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီးအေနနဲ႔ ေနျပည္ေတာ္သြားေရာက္ေရးကို လမ္းဖြင့္ထားခဲ့ပါတယ္။ လက္ရွိျဖစ္ထြန္းမႈေတြကို ထည့္သြင္းစဥ္းစားသလို တျခား အာဆီယံႏိုုုင္ငံတခ်ဳိ႕နဲ႔ ေဆြးေႏြးၿပီးတဲ့ေနာက္မွာေတာ့ အခုအခ်ိန္ဟာ ျမန္မာႏုိင္ငံကိုသြားဖို႔ သင့္ေလ်ာ္တဲ့အခိ်န္မဟုတ္ေသးဘူးလို႔ သတ္မွတ္ခဲ့ပါတယ္။" ဆိုၿပီး ေျပာခြင့္ရ Faizasyah က အြန္လိုင္းကေနလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားခ့ဲပါတယ္။

ဦးဝဏၰေမာင္လြင္ ထိုင္းႏုိင္ငံေရာက္ေနတဲ့အခ်ိန္မွာပဲ ထိုင္းႏုိင္ငံဆိုင္ရာ အင္ဒိုနီးရွားသံ႐ံုးေရွ႕မွာ ထိုင္းေရာက္ျမန္မာေတြနဲ႔ ထုိင္းႏုိင္ငံသားေတြ စုေဝးၿပီး ျမန္မာႏုိင္ငံ ဆႏၵျပပြဲေတြအတြင္း ရဲနဲ႔ စစ္တပ္က ေသနတ္နဲ႔ပစ္လို႔ ေသဆံုးသြားသူေတြအတြက္ အမွတ္တရ ပန္းပြင့္၊ ပန္းစည္းေတြခ် ဆုေတာင္းခဲ့ၾကသလို ၂၀၂၀ ေရြးေကာက္ပြဲမွာ ျမန္မာလူထုရဲ႕ဆႏၵမဲေတြကို ေလးစားပါလို႔ အင္ဒိုနီးရွားနဲ႔ အာဆီယံႏုိင္ငံေတြကို ပန္ၾကားထားတဲ့ စာတမ္းပါ စာရြက္ေတြကိုလည္း သံ႐ံုးေရွ႕မွာခ်ခဲ့ၾကပါတယ္။

အလားတူ ရန္ကုန္ၿမိဳ႕က အင္ဒိုနီးရွားသံ႐ံုးေရွ႕မွာလည္း ဆႏၵျပသူေတြ ဒီကေန႔ ထပ္ၿပီး စုေဝးဆႏၵျပခဲ့ၾကပါတယ္။

[Unicode Version]

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဒီကနေ့တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရက အတည်ပြုပြောဆိုပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat က အွန်လိုင်းကနေ သတင်းထောက်တွေကို အသိပေးခဲ့တာဖြစ်ပြီး တခြားအသေးစိတ်တွေကို မပြောပါဘူး။

စစ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီး သံခင်းတမန်ခင်း ပြောဆိုဆွေးနွေးဖို့အတွက် ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံမှာ ဒီကနေ့ ရောက်နေတဲ့အကြောင်း ထိုင်းအစိုးရ သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို အစောပိုင်းမှာ ပြောခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖြေတခုရှာဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နဲ့ လက်တွဲလုပ်ဆောင်ရေး ကြိုးပမ်းတဲ့အနေနဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ ဦးဝဏ္ဏမောင်လွင် ထိုင်းကို လာတာလို့ အဲဒီ သတင်းရင်းမြစ်ကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudi ဟာ မြန်မာနိုင်ငံကိုလာမယ်လို့ အစောပိုင်းက သတင်းထွက်ခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Teuku Faizasyah က ဝန်ကြီး Marsudi မသွားဖြစ်တော့ဘူးလို့ ပြောပါတယ်။

"မြန်မာနိုင်ငံက အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး ဒေသဆိုင်ရာအဆင့်နဲ့ အာဆီယံမှာ အဖြေရှာရေး လုပ်ဆောင်ဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နေပြည်တော်သွားရောက်ရေးကို လမ်းဖွင့်ထားခဲ့ပါတယ်။ လက်ရှိဖြစ်ထွန်းမှုတွေကို ထည့်သွင်းစဉ်းစားသလို တခြား အာဆီယံနိုင်ငံတချို့နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာတော့ အခုအချိန်ဟာ မြန်မာနိုင်ငံကိုသွားဖို့ သင့်လျော်တဲ့အချိန်မဟုတ်သေးဘူးလို့ သတ်မှတ်ခဲ့ပါတယ်။" ဆိုပြီး ပြောခွင့်ရ Faizasyah က အွန်လိုင်းကနေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားခဲ့ပါတယ်။

ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံရောက်နေတဲ့အချိန်မှာပဲ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးရှေ့မှာ ထိုင်းရောက်မြန်မာတွေနဲ့ ထိုင်းနိုင်ငံသားတွေ စုဝေးပြီး မြန်မာနိုင်ငံ ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ စစ်တပ်က သေနတ်နဲ့ပစ်လို့ သေဆုံးသွားသူတွေအတွက် အမှတ်တရ ပန်းပွင့်၊ ပန်းစည်းတွေချ ဆုတောင်းခဲ့ကြသလို ၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာလူထုရဲ့ဆန္ဒမဲတွေကို လေးစားပါလို့ အင်ဒိုနီးရှားနဲ့ အာဆီယံနိုင်ငံတွေကို ပန်ကြားထားတဲ့ စာတမ်းပါ စာရွက်တွေကိုလည်း သံရုံးရှေ့မှာချခဲ့ကြပါတယ်။

အလားတူ ရန်ကုန်မြို့က အင်ဒိုနီးရှားသံရုံးရှေ့မှာလည်း ဆန္ဒပြသူတွေ ဒီကနေ့ ထပ်ပြီး စုဝေးဆန္ဒပြခဲ့ကြပါတယ်။

 https://burmese.voanews.com/a/myanmar-foreign-minister-meets-indonesian-counterpart-in-bangkok/5790744.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.