Breaking

February 25, 2021

လံုၿခံဳေရးတပ္ဖဲြ႔၀င္ေတြ လက္ခ်က္ ကေလးငယ္ေတြ ထိခိုက္ေသဆံုးမႈ ကုလထပ္မံသတိေပး


မႏၱေလးၿမိဳ႕ ဆႏၵျပပဲြ ျမင္ကြင္း။
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈေတြကို လုံျခံဳေရးတပ္ဖဲြ႕ေတြ ႏွိမ္နင္းရာမွာ ကေလးငယ္ေတြပါ ထိခိုက္ေသဆုံးေနတဲ့အေပၚ ကုလသမဂၢက ထပ္မံသတိေပးလိုက္ပါတယ္။

ဆႏၵျပပဲြေတြမွာ ကေလးေတြအေပၚ လုံျခံဳေရးတပ္ဖဲြ႕ေတြ အင္အားအလြန္အကၽြံ အသုံးျပဳေနတဲ့အေပၚ ကေလးငယ္မ်ား အေရးေပၚ ရန္ပုံေငြအဖဲြ႕ (Unicef) အေနနဲ႔ အလြန္အမင္းစိုးရိမ္ေၾကာင္း ဗုဒၶဟူးေန႔က ထပ္မံေျပာဆိုလိုက္တာပါ။

ၿပီးခဲ့တဲ့ တနလၤာေန႔က ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕မွာ လုံျခံဳေရးတပ္ဖဲြ႕ေတြ လက္ခ်က္ေၾကာင့္ ကေလးငယ္တဦး အျပင္းအထန္ ဒဏ္ရာရခဲ့သလို၊ ၅ ႏွစ္အရြယ္ ကေလးငယ္ တဦးဟာလည္း ေလးခြနဲ႔ ပစ္ခတ္ခံခဲ့ရတာေၾကာင့္ ဒဏ္ရာအျပင္းအထန္ရခဲ့တယ္လို႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔မွာတုန္းကလည္း မႏၲေလးညမိဳ႕မွာ လုံျခံဳေရးတပ္ဖဲြ႕ေတြ လက္ခ်က္နဲ႔ ကေလးတဦး ေသဆုံးခဲ့တာပါ။ လုံျခံဳေရး တပ္ဖဲ႔ြေတြ အေနနဲ႔ ကေလးငယ္ေတြနဲ႔ လူငယ္ေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔နဲ႔ အၾကမ္းဖက္မႈကို ေရွာင္က်ဥ္ၿပီး ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ဖို႔လည္း ေတာင္းဆိုထားပါတယ္။

ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ကုလသမဂၢ သေဘာတူညီခ်က္စာခ်ဳပ္ (CRC) နဲ႔ ၂၀၁၉ ခုႏွစ္က ျမန္မာႏိုင္ငံ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒအရ အပ္ႏွင္းထားတဲ့ အခြင့္အေရးေတြ အားလုံးကို တာ၀န္ရွိသူေတြ ေစာင့္ထိန္းလိုက္နာဖို႔လည္း ထပ္မံသတိေပးထားပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီလဆန္းကပဲ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့အေပၚ ႏိုင္ငံအ၀န္း ကန္႔ကြက္ဆႏၵျပပဲြေတြ ေပၚေပါက္ေနၿပီး၊ ဆႏၵျပလႈပ္ရွားမႈေတြကိုလည္း အာဏာပိုင္ေတြ အင္အားသုံး ၿဖိဳခြင္းမႈေၾကာင့္ ထိခိ္ုက္ေသဆုံးသူေတြလည္း ရွိေနပါတယ္။



..........

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်ချက် ကလေးငယ်တွေ ထိခိုက်သေဆုံးမှု ကုလထပ်မံသတိပေး

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေ နှိမ်နင်းရာမှာ ကလေးငယ်တွေပါ ထိခိုက်သေဆုံးနေတဲ့အပေါ် ကုလသမဂ္ဂက ထပ်မံသတိပေးလိုက်ပါတယ်။

ဆန္ဒပြပွဲတွေမှာ ကလေးတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေ အင်အားအလွန်အကျွံ အသုံးပြုနေတဲ့အပေါ် ကလေးငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ (Unicef) အနေနဲ့ အလွန်အမင်းစိုးရိမ်ကြောင်း ဗုဒ္ဓဟူးနေ့က ထပ်မံပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ တနင်္လာနေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်ကြောင့် ကလေးငယ်တဦး အပြင်းအထန် ဒဏ်ရာရခဲ့သလို၊ ၅ နှစ်အရွယ် ကလေးငယ် တဦးဟာလည်း လေးခွနဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာတုန်းကလည်း မန္တလေးညမို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ ကလေးတဦး သေဆုံးခဲ့တာပါ။ လုံခြုံရေး တပ်ဖဲ့ွတွေ အနေနဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ အကြမ်းဖက်မှုကို ရှောင်ကျဉ်ပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်စာချုပ် (CRC) နဲ့ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အပ်နှင်းထားတဲ့ အခွင့်အရေးတွေ အားလုံးကို တာဝန်ရှိသူတွေ စောင့်ထိန်းလိုက်နာဖို့လည်း ထပ်မံသတိပေးထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီလဆန်းကပဲ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် နိုင်ငံအဝန်း ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပြီး၊ ဆန္ဒပြလှုပ်ရှားမှုတွေကိုလည်း အာဏာပိုင်တွေ အင်အားသုံး ဖြိုခွင်းမှုကြောင့် ထိခိုက်သေဆုံးသူတွေလည်း ရှိနေပါတယ်။

 https://burmese.voanews.com/a/myanmar-unicef-concern-/5792001.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.