Breaking

February 19, 2021

ျမန္မာအင္ဂ်င္နီယာ ဦးေဆာင္တီထြင္တဲ့ ရဟတ္ယာဥ္ပါစက္႐ုပ္ အဂၤါၿဂိဳလ္ေပၚဆင္းၿပီ

 


စက္ရုပ္ယာဥ္ Perseverance ဟာ အဂၤါၿဂိဳလ္ေပၚကို ဆင္းသက္
(Zawgyi/Unicode)

NASA က ျမန္မာအင္ဂ်င္နီယာ ေဒၚမီမီေအာင္ ဦးေဆာင္ၿပီး တီထြင္ထားတဲ့ Ingenuity စူးစမ္းေရး ဟယ္လီေကာ္ပတာ ပါ စက္ရုပ္ယာဥ္ Perseverance ဟာ အဂၤါၿဂိဳလ္ေပၚကို သတ္မွတ္ခ်ိန္ျဖစ္တဲ့ အေမရိကန္စံေတာ္ခ်ိန္ ၃ နာရီ ၅၅ မိနစ္မွာ အႏၱရာယ္ ကင္းကင္းနဲ႔ ဆင္းသက္ႏုိင္ၿပီျဖစ္ပါတယ္။ ဒါဟာ အေမရိကန္ အာကာသစူးစမ္းေရးအဖြဲ႔ နာဆာအတြက္ ေနာက္ထပ္ေအာင္ျမင္မႈ တခုျဖစ္ပါတယ္။

ဒီ တေခါက္ နာဆာရဲ႕ အဂၤါၿဂိဳဟ္ခရီးစဥ္မွာ အထူးျခားဆံုးက Perseverance စက္ရုပ္ယာဥ္ဟာ နာဆာက ျမန္မာအင္ဂ်င္နီယာ ေဒၚမီမီေအာင္ ဦးေဆာင္တဲ့အဖြဲ႔က တည္ေဆာက္တဲ့ Ingenuity လို႔နာမည္ေပးထားတဲ့ ရဟတ္ယာဥ္ေလးကို သယ္ေဆာင္ သြားတာ ျဖစ္ပါတယ္။ လစ္သီယံ ဘက္ထရီသံုး ဒီရဟတ္ယာဥ္ကို ဆိုလာျပားေတြနဲ႔ အားျဖည့္ေပးတာပါ။

Perseverance စက္ရုပ္ယာဥ္ အဂၤါၿဂိဳဟ္ေပၚ ဆင္းေနတဲ့ ၇ မိနစ္တာအခ်ိန္ကို တုန္လႈပ္စရာကာလ အျဖစ္သိပၸံပညာရွင္ေတြက သတ္မွတ္ၾကပါတယ္။ အဂၤါၿဂိဳဟ္ မ်က္ႏွာျပင္ေပၚက ေက်ာက္ေတြနဲ႔ ျပည့္ေနတဲ့ေနရာကို စက္ရုပ္ယာဥ္ ညင္ညင္သာသာ ဆင္းႏုိင္ေအာင္ ေလထီးအျပင္ အေပၚကေနခ်ေပးတဲ့ ကရိန္းအကူအညီနဲ႔ပါ ကိုက္ေအာင္ လုပ္ေဆာင္ေနရတာေၾကာင့္ အင္ဂ်င္နီယာေတြ အသက္ေတာင္မရႈႏိုင္ပဲ ျဖစ္ခဲ့ၾကရတာပါ။

စက္ရုပ္ယာဥ္ေလး ေအာင္ေအာင္ျမင္ျမင္ ဆင္းႏိုင္ေတာ့မွ ေျမျပင္ထိမ္းခ်ဳပ္ေရး စခန္းတာဝန္ခံေတြ လက္ခုတ္လက္ဝါးတီး ေပ်ာ္ရႊင္ႏုိင္ခဲ့ၾကပါတယ္။ ဒါ့အျပင္ Perseverance ယာဥ္ေလး အဂၤါၿဂိဳဟ္ မ်က္ႏွာျပင္နဲ႔ ထိၿပီး မိနစ္ပိုင္းအတြင္းမွာပဲ အျဖဴအမဲ ဓါတ္ပံုရိုက္ၿပီး ေျမကမာၻကို ျပန္ပို႔တဲ့ အခါမွာေတာ့ ဝမ္းသာမဆံုး ျဖစ္ခဲ့ၾကရတာပါ။

အခု ဒီစက္ရုပ္ယာဥ္ ဆင္းသက္ႏုိင္ခဲ့တဲ့အတြက္ နာဆာရဲ႕ အဂၤါၿဂိဳဟ္ေပၚကို ယာဥ္မွဴးမပါပဲ လႊတ္တင္မယ့္ အာကာသ စူးစမ္းေရးယာဥ္ ဆယ္ခုထဲက ၉ ခုကို ေအာင္ေအာင္ျမင္ျမင္ ေရာက္ရွိသြားတာျဖစ္ပါတယ္။ ဒီယာဥ္မွာ မိုက္ခရိုဖံုး ပါတပ္ေပးလိုက္တာေၾကာင့္ အဂၤါၿဂိဟ္ေပၚ သူ ဆင္းသက္တဲ့ မွတ္တမ္းပါရေတာ့မွာျဖစ္ပါတယ္။

Perseverance စက္ရုပ္ယာဥ္နဲ႔ ဟယ္လီေကာ္ပတာလို ဒရံုးယာဥ္ေလး Ingenuity တို႔ဟာ ဇူလိုင္လထဲမွာ သူတို႔ရဲ့ မိုင္ ၃၀၀ ခရီးကို စတင္ေတာ့မွာ ျဖစ္ပါတယ္။ ျမန္မာအင္ဂ်င္နီယာ ေဒၚမီမီေအာင္ ဦးေဆာင္တဲ့ အဖြဲ႔က တီထြင္ထားတဲ့ Ingenuity ယာဥ္က အဂၤါၿဂိဳဟ္ရဲ႕ ပါးလႊာတဲ့ ေလထုထဲ ပ်ံသန္းလို႔ ရမရ စမ္းသပ္ေမာင္းႏွင္မွာ ျဖစ္ပါတယ္။

အဂၤါၿဂိဳဟ္မ်က္ႏွာျပင္ေပၚ အရင္ကလႊတ္တင္ထားတဲ့ စက္ရုပ္ယာဥ္ ၄ ခုနဲ႔ တူတဲ့ ၆ ဘီးတပ္ Perseverance ယာဥ္ကို Jezero ခ်ိဳင့္ဝွမ္း မွာ စူးစမ္းေလ့လာခိုင္းမွာ ျဖစ္ပါတယ္။ ဒီခ်ိဳင့္ဝွမ္းဟာ အရင္က ေရကန္ေအာက္ေျခမွာ ရွိႏိုင္တဲ့အတြက္ အဲဒီမွာ သက္ရွိေတြ ရွင္သန္ခဲ့တဲ့ အေထာက္အထားေတြ ရႏုိင္မယ္လုိ႔ သိပံပညာရွင္ေတြက ယံုၾကည္ၾကပါတယ္။

အခုလႊတ္တင္လုိက္တဲ့ ယာဥ္ေတြကေန အဂၤါၿဂိဳဟ္မ်က္ႏွာျပင္ေပၚက နမူနာေတြေကာက္ယူၿပီး သိမ္းထားခဲ့မွာ ျဖစ္ပါတယ္။ ၂၀၃၀ မွာေတာ့ ဒီနမူနာေတြကို ျပန္ယူဖို႔ ေနာက္ယာဥ္တစင္းကို လႊတ္တင္မွာ ျဖစ္ပါတယ္။

............

မြန်မာအင်ဂျင်နီယာ ဦးဆောင်တီထွင်တဲ့ ရဟတ်ယာဉ်ပါစက်ရုပ် အင်္ဂါဂြိုလ်ပေါ်ဆင်းပြီ

(Unicode)

NASA က မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်ပြီး တီထွင်ထားတဲ့ Ingenuity စူးစမ်းရေး ဟယ်လီကော်ပတာပါ စက်ရုပ်ယာဉ် Perseverance ဟာ အင်္ဂါဂြိုလ်ပေါ်ကို သတ်မှတ်ချိန်ဖြစ်တဲ့ အမေရိကန်စံတော်ချိန် ၃ နာရီ ၅၅ မိနစ်မှာ အန္တရာယ် ကင်းကင်းနဲ့ ဆင်းသက်နိုင်ပြီဖြစ်ပါတယ်။ ဒါဟာ အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့ နာဆာအတွက် နောက်ထပ်အောင်မြင်မှု တခုဖြစ်ပါတယ်။

ဒီ တခေါက် နာဆာရဲ့ အင်္ဂါဂြိုဟ်ခရီးစဉ်မှာ အထူးခြားဆုံးက Perseverance စက်ရုပ်ယာဉ်ဟာ နာဆာက မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်တဲ့အဖွဲ့က တည်ဆောက်တဲ့ Ingenuity လို့နာမည်ပေးထားတဲ့ ရဟတ်ယာဉ်လေးကို သယ်ဆောင် သွားတာ ဖြစ်ပါတယ်။ လစ်သီယံ ဘက်ထရီသုံး ဒီရဟတ်ယာဉ်ကို ဆိုလာပြားတွေနဲ့ အားဖြည့်ပေးတာပါ။

Perseverance စက်ရုပ်ယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းနေတဲ့ ၇ မိနစ်တာအချိန်ကို တုန်လှုပ်စရာကာလ အဖြစ်သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်က ကျောက်တွေနဲ့ ပြည့်နေတဲ့နေရာကို စက်ရုပ်ယာဉ် ညင်ညင်သာသာ ဆင်းနိုင်အောင် လေထီးအပြင် အပေါ်ကနေချပေးတဲ့ ကရိန်းအကူအညီနဲ့ပါ ကိုက်အောင် လုပ်ဆောင်နေရတာကြောင့် အင်ဂျင်နီယာတွေ အသက်တောင်မရှုနိုင်ပဲ ဖြစ်ခဲ့ကြရတာပါ။

စက်ရုပ်ယာဉ်လေး အောင်အောင်မြင်မြင် ဆင်းနိုင်တော့မှ မြေပြင်ထိမ်းချုပ်ရေး စခန်းတာဝန်ခံတွေ လက်ခုတ်လက်ဝါးတီး ပျော်ရွှင်နိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် Perseverance ယာဉ်လေး အင်္ဂါဂြိုဟ် မျက်နှာပြင်နဲ့ ထိပြီး မိနစ်ပိုင်းအတွင်းမှာပဲ အဖြူအမဲ ဓါတ်ပုံရိုက်ပြီး မြေကမ္ဘာကို ပြန်ပို့တဲ့ အခါမှာတော့ ဝမ်းသာမဆုံး ဖြစ်ခဲ့ကြရတာပါ။

အခု ဒီစက်ရုပ်ယာဉ် ဆင်းသက်နိုင်ခဲ့တဲ့အတွက် နာဆာရဲ့ အင်္ဂါဂြိုဟ်ပေါ်ကို ယာဉ်မှူးမပါပဲ လွှတ်တင်မယ့် အာကာသ စူးစမ်းရေးယာဉ် ဆယ်ခုထဲက ၉ ခုကို အောင်အောင်မြင်မြင် ရောက်ရှိသွားတာဖြစ်ပါတယ်။ ဒီယာဉ်မှာ မိုက်ခရိုဖုံး ပါတပ်ပေးလိုက်တာကြောင့် အင်္ဂါဂြိဟ်ပေါ် သူ ဆင်းသက်တဲ့ မှတ်တမ်းပါရတော့မှာဖြစ်ပါတယ်။

Perseverance စက်ရုပ်ယာဉ်နဲ့ ဟယ်လီကော်ပတာလို ဒရုံးယာဉ်လေး Ingenuity တို့ဟာ ဇူလိုင်လထဲမှာ သူတို့ရဲ့ မိုင် ၃၀၀ ခရီးကို စတင်တော့မှာ ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်တဲ့ အဖွဲ့က တီထွင်ထားတဲ့ Ingenuity ယာဉ်က အင်္ဂါဂြိုဟ်ရဲ့ ပါးလွှာတဲ့ လေထုထဲ ပျံသန်းလို့ ရမရ စမ်းသပ်မောင်းနှင်မှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ် အရင်ကလွှတ်တင်ထားတဲ့ စက်ရုပ်ယာဉ် ၄ ခုနဲ့ တူတဲ့ ၆ ဘီးတပ် Perseverance ယာဉ်ကို Jezero ချိုင့်ဝှမ်း မှာ စူးစမ်းလေ့လာခိုင်းမှာ ဖြစ်ပါတယ်။ ဒီချိုင့်ဝှမ်းဟာ အရင်က ရေကန်အောက်ခြေမှာ ရှိနိုင်တဲ့အတွက် အဲဒီမှာ သက်ရှိတွေ ရှင်သန်ခဲ့တဲ့ အထောက်အထားတွေ ရနိုင်မယ်လို့ သိပံပညာရှင်တွေက ယုံကြည်ကြပါတယ်။

အခုလွှတ်တင်လိုက်တဲ့ ယာဉ်တွေကနေ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်က နမူနာတွေကောက်ယူပြီး သိမ်းထားခဲ့မှာ ဖြစ်ပါတယ်။ ၂၀၃၀ မှာတော့ ဒီနမူနာတွေကို ပြန်ယူဖို့ နောက်ယာဉ်တစင်းကို လွှတ်တင်မှာ ဖြစ်ပါတယ်။ 

 https://burmese.voanews.com/a/mars-nasa-perseverance-landing-/5784546.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.