2021-03-19

မြန်မာစစ်တပ်က စာသင်ကျောင်းတွေမှာ တပ်စွဲထားတာဟာ ကလေးတွေရဲ့ အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာ ဖြစ်တယ်လို့ နိုင်ငံတကာ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့တွေက မတ်လ ၁၉ ရက် ဒီနေ့မှာ ကြေညာပါတယ်။
ဒါကြောင့် စာသင်ကျောင်းတွေကနေ စစ်တပ်တွေချက်ချင်း ပြန်ရုပ်သိမ်းပေးဖို့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ Save The Children, UNESCO နဲ့ UNICEF အဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့ တောင်းဆိုလိုက်တာပါ။
ကပ်ရောဂါကြောင့် ကျောင်းသားတွေ စာမသင်ရ၊ စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အချိန်မှာပဲ စစ်အာဏာသိမ်းကောင်စီရဲ့ တပ်တွေက စာသင်ကျောင်းတွေမှာ ထပ်မံ တပ်စွဲလိုက်တာမို့ မြန်မာနိုင်ငံက ကလေးလူငယ် ၁၂ သန်းနီးပါးအတွက် ပညာသင်ကြားရေး ပိုဆိုးရွားတဲ့ အခြေအနေဖြစ်သွားစေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်နယ် ၁၃ ခုမှာ တက္ကသိုလ်နဲ့ စာသင်ကျောင်းပေါင်း ၆၀ ကျော်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်တပ်စွဲထားပြီး ကျောင်းဆရာတွေကိုလည်း ရိုက်နှက်ခံရတာတွေရှိတယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.