
မြန်မာနိုင်ငံရဲ့ အခြေနေဟာ သိပ်ကိုစိုးရိမ်စရာကောင်းနေသလို၊ ဖြစ်နေတဲ့ ကိစ္စရပ် အများအပြားအတွက် ပြန်ပြောင်းလဲဖို့ မလွယ်တဲ့ပုံပေါ်နေပေမယ့် လက်မြှောက် အရှုံးမပေးဖို့နဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကနေ ခုထက်ပို စည်းစည်းလုံးလုံး ဝိုင်းဝန်းပံ့ပိုးပေးဖို့လည်း ပန်ကြားခဲ့ပါတယ်။
မြန်မာ့အရေးအတွက် နိုင်ငံတကာပိုမိုညီညွတ်ဖို့ လိုအပ် (ကုလအတွင်းရေးမှူးချုပ်)
(Unicode)
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ် အနေနဲ့ သတ်ဖြတ်နေမှုတွေ၊ ဆန္ဒပြပြည်သူတွေအပေါ် ဖိနှိပ်နေမှုတွေကို ရပ်ပစ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။
“စစ်တပ်အတွက် ကျနော်ပါးချင်တဲ့ သတင်းစကားက သိပ်ကိုရှင်းပါတယ်။ သတ်ဖြတ်မှုတွေကို ရပ်ပစ်ပါ။ ဆန္ဒပြမှုတွေအပေါ် ဖိနှိပ်မှုတွေ ရပ်ပစ်ပါ။ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးပါ နောက်ပြီး တရားဝင်ရွေးကောက်တင်မြှောက်ခံရသူတွေကို အာဏာပြန်အပ်နှင်းပါ ဆိုတာပါပဲ” လို့ ပြောသွားတာပါ။
မြန်မာနိုင်ငံမှာ စနေနေ့ကကျရောက်တဲ့ တပ်မတော်နေ့မှာ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေဟာ သိပ်ကိုဆိုးဝါးတဲ့ အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်းနဲ့ ဒါဟာ လုံးဝလက်ခံ နိုင်စရာ မရှိဘူးလို့ လည်း ပြောပါတယ်။
လူအများအပြားကို သတ်ဖြတ်ခဲ့သလို နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက် ကိုရော မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ တိုက်တွန်းချက်ကိုပါ မြန်မာစစ်တပ်က ငြင်းပယ်နေတာကြောင့် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေနေပြောင်းလဲသွားအောင် အခုထက်ပိုပြီး ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချ လုပ်ဆောင်ဖို့ လိုအပ်နေကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေနေဟာ သိပ်ကိုစိုးရိမ်စရာကောင်းနေသလို၊ ဖြစ်နေတဲ့ ကိစ္စရပ် အများအပြားအတွက် ပြန်ပြောင်းလဲဖို့ မလွယ်တဲ့ပုံပေါ်နေပေမယ့် လက်မြှောက် အရှုံးမပေးဖို့နဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကနေ ခုထက်ပို စည်းစည်းလုံးလုံး ဝိုင်းဝန်းပံ့ပိုးပေးဖို့လည်း ပန်ကြားခဲ့ပါတယ်။
https://burmese.voanews.com/a/ungs-guterres-on-myanmar-situation-/5833368.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.