Breaking

March 19, 2021

ႏွိမ္နင္းမႈ တာ၀န္ရွိသူေတြကို ႏိုင္ငံတကာဥပေဒ အရ အေရးယူႏိုင္ဖို႔ ကုလကၽြမ္းက်င္သူေတြ တိုက္တြန္း


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္ဆႏၵျပသူေတြကို ႏွိမ္နင္းတဲ့လုပ္ရပ္ေတြဟာ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈေျမာက္ႏိုင္တာေၾကာင့္ တာ၀န္ရွိသူေတြကို ႏိုင္ငံတကာ ဥပေဒေတြနဲ႔ အေရးယူႏိုင္ေအာင္ စဥ္းစားၾကဖို႔ ကုလသမဂၢ လူ႔အခြင့္အေရး ကၽြမ္းက်င္သူေတြက ႏိုင္ငံတကာ အသိုင္းအ၀န္းကို တိုက္တြန္းလိုက္ပါတယ္။

အတင္းအၾကပ္ ေျပာင္းေရႊ႕ခိုင္းတာ၊ ဥပေဒမဲ့ ဖမ္းဆီးတာ၊ သတ္ျဖတ္တာေတြ အပါအ၀င္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ သတင္းေတြအတြက္ ၀မ္းနည္းေၾကာင္းလည္း ကုလသမဂၢ အထူးကိုယ္စားလွယ္ ၈ ေယာက္ရဲ႕ ၾကာသပေတးေန႔က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနည္းက် ေရြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က ဖယ္ရွားၿပီး အာဏာသိမ္းခ်ိန္ကစလို႔ လုံျခံဳေရးတပ္ဖဲြ႕ေတြရဲ႕ လက္ခ်က္နဲ႔ ေသဆုံးသူ အနည္းဆုံး ၁၂၁ ေယာက္နဲ႔ ဖမ္းဆီးထားသူ ၂၄၀၀ ေက်ာ္ ရွိေနၿပီး၊ ဘယ္ေနရာမွာ ထားတယ္ဆိုတာကို မသိရဘူးလို႔လည္း ေျပာပါတယ္။

ကုလသမဂၢ အထူးကိုယ္စားလွယ္ေတြ လက္ခံရရွိထားတဲ့ သတင္းေတြအရ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ မီးရထား၀န္ထမ္း ၉၆၀ ေလာက္နဲ႔ မိသားစုေတြ ေနထိုင္ရာ ရန္ကုန္တိုင္း မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္မွာ စစ္တပ္နဲ႔ရဲက နာရီေပါင္းမ်ားစြာ ပိတ္ဆို႔ထားခဲ့ၿပီး၊ အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြမွာ ပါ၀င္ခဲ့တာကို အျပစ္ေပးတဲ့ အေနနဲ႔ ေသနတ္နဲ႔ခ်ိန္ အတင္းအၾကပ္ ေမာင္းထုတ္ ခံခဲ့ရတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ခ်င္းျပည္နယ္ ဟားခါး၊ ဖလမ္း၊ စစ္ကိုင္းတိုင္း၊ ဟုမၼလင္းနဲ႔ ရွမ္းျပည္နယ္ ေတာင္ႀကီး အပါအ၀င္ တျခားေဒသေတြမွာလည္း အလားတူ အတင္းအက်ပ္ ဖယ္ရွားတဲ့ သတင္းေတြ ရရွိထားေၾကာင္းလည္း ေျပာပါတယ္။

လုံျခံဳေရး တပ္ဖဲြ႕ေတြက ဖမ္းဆီးတာ၊ အက်ဥ္း႐ုံး ကြပ္မ်က္တာ၊ သတ္ျဖတ္တာ အပါအ၀င္ ဆႏၵျပသူေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္းလည္း ဥပေဒမဲ့ သတ္ျဖတ္မႈေတြနဲ႔ ဖမ္းဆီးမႈဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ေတြ အပါအ၀င္ အထူးကိုယ္စားလွယ္ ၈ ဦးရဲ႕ ပူးတဲြ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ျမန္မာႏိုင္ငံက အရပ္သား ျပည္သူေတြအေပၚ က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ စနစ္တက် က်ဳးလြန္ေနတဲ့ ရာဇ၀တ္မႈေတြအတြက္ တာ၀န္ရွိသူေတြကို ႏိုင္ငံတကာ ဥပေဒေတြနဲ႔အညီ အေရးယူဖို႔လည္း ကုလသမဂၢ အထူးကိုယ္စားလွယ္ေတြက တိုက္တြန္းထားပါတယ္။


..........

နှိမ်နင်းမှု တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေ အရ အရေးယူနိုင်ဖို့ ကုလကျွမ်းကျင်သူတွေ တိုက်တွန်း

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့လုပ်ရပ်တွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တာကြောင့် တာဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ အရေးယူနိုင်အောင် စဉ်းစားကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းလိုက်ပါတယ်။

အတင်းအကြပ် ပြောင်းရွှေ့ခိုင်းတာ၊ ဥပဒေမဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေအတွက် ဝမ်းနည်းကြောင်းလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၈ ယောက်ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဖယ်ရှားပြီး အာဏာသိမ်းချိန်ကစလို့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးသူ အနည်းဆုံး ၁၂၁ ယောက်နဲ့ ဖမ်းဆီးထားသူ ၂၄၀၀ ကျော် ရှိနေပြီး၊ ဘယ်နေရာမှာ ထားတယ်ဆိုတာကို မသိရဘူးလို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ လက်ခံရရှိထားတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ မီးရထားဝန်ထမ်း ၉၆၀ လောက်နဲ့ မိသားစုတွေ နေထိုင်ရာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်မှာ စစ်တပ်နဲ့ရဲက နာရီပေါင်းများစွာ ပိတ်ဆို့ထားခဲ့ပြီး၊ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကို အပြစ်ပေးတဲ့ အနေနဲ့ သေနတ်နဲ့ချိန် အတင်းအကြပ် မောင်းထုတ် ခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနဲ့ ရှမ်းပြည်နယ် တောင်ကြီး အပါအဝင် တခြားဒေသတွေမှာလည်း အလားတူ အတင်းအကျပ် ဖယ်ရှားတဲ့ သတင်းတွေ ရရှိထားကြောင်းလည်း ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးတာ၊ အကျဉ်းရုံး ကွပ်မျက်တာ၊ သတ်ဖြတ်တာ အပါအဝင် ဆန္ဒပြသူတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေ အပါအဝင် အထူးကိုယ်စားလှယ် ၈ ဦးရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံက အရပ်သား ပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျုးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အရေးယူဖို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက တိုက်တွန်းထားပါတယ်။  https://burmese.voanews.com/a/myanmar-protest-crack-down-un-/5819900.html

 https://burmese.voanews.com/a/myanmar-protest-crack-down-un-/5819900.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.