
ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈ တလျပည့္တဲ႔ တနဂၤေႏြေန႔က ႏုိင္ငံတ၀န္း
ဆႏၵျပပြဲေတြကို လက္နက္အင္အား လူအင္အားသံုးၿပီး စစ္တပ္ဘက္က
ၿဖိဳခြင္းခဲ႔တာမွာ လူ ၂၀ နီးပါး ေသဆံုးရၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရထားပါတယ္။
ဒီ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြနဲ႔ ပတ္သက္ၿပီး ျပည္ေထာင္စု လႊတ္ေတာ္
ကိုယ္စားျပဳ ေကာ္မတီ CRPH က ႏုိင္ငံတကာနဲ႔ ဘယ္လို ပူးေပါင္းေဆာင္ရြက္ေနသလဲ
ဆိုတာကို CRPH ရဲ႕ ႏုိင္ငံတကာ ဆက္ဆံေရး ကိုယ္စားလွယ္ ဦးထင္လင္းေအာင္ကို
မသိဂၤ ီထုိက္ ဆက္သြယ္ ေမးျမန္းထားပါတယ္။
သိဂၤ ီထုိက္။ ။ တနဂၤေႏြေန႔က ျမန္မာႏုိင္ငံမွာ ဆႏၵျပပြဲေတြကို အၾကမ္းဖက္
ၿဖိဳခြင္းခံရတာေၾကာင့္ အနည္းဆံုး ၁၈ ဦး ေသဆံုးခဲ႔ပါတယ္။ ေနာက္
ဒါဇင္နဲ႔ခ်ီၿပီးေတာ့လည္း ဒဏ္ရာ ရထားပါတယ္။ ဆိုေတာ့ ဒီ ျပည္ေထာင္စု လႊတ္ေတာ္
ကိုယ္စားျပဳ ေကာ္မတီ CRPH အေနနဲ႔ ဒီ ႏုိင္ငံတကာ ေရးရာ ဌာန အေနနဲ႔
ဒီကိစၥေတြကို ႏုိင္ငံတကာနဲ႔ ဘယ္လိုမ်ား ဆက္သြယ္ ေဆာင္ရြက္ေနပါလဲရွင့္။
ဦးထင္လင္းေအာင္။ ။ ကုလသမဂၢ လံုၿခံဳေရး ေကာင္စီက ပုဂၢိဳလ္ေတြနဲ႔ကို
တဦးခ်င္းစီနဲ႔ ေတြ႔ၿပီးေတာ့ ဒီလိုမ်ိဳး ျမန္မာျပည္မွာ ျဖစ္ပ်က္ေနတဲ႔
လူသားမဆန္တဲ႔ လက္နက္နဲ႔ အႏုိင္က်င့္တဲ႔ ကိစၥေတြကို လက္ဗလာနဲ႔ လူေတြကို
လက္နက္နဲ႔ အႏုိင္က်င့္တဲ႔ ကိစၥေတြကို တားဆီးသြားဖို႔ အတြက္ကို က်ေနာ္တို႔
ကုလသမဂၢ လံုၿခံဳေရး ေကာင္စီက အဖြဲ႔၀င္ ႏုိင္ငံေတြရဲ႕ တဦးခ်င္း
ကိုယ္စားလွယ္ေတြနဲ႔ကို ေတြ႔ၿပီးေတာ့ ေဆြးေႏြးသြားဖို႔ ရွိပါတယ္။
သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔။ ဘယ္လုိ စီစဥ္ထားပါလဲ။ ေတြ႔ဖို႔ စေနပါၿပီလား။
ဦးထင္လင္းေအာင္။ ။ ေတြ႔ဖို႔ စေနပါၿပီ။ ဟုတ္တယ္။ သူတို႔နဲ႔က က်ေနာ္တို႔က
ပုဂၢလိက ေတြ႔ဖို႔ အတြက္ကိုဘဲ အခြင့္အေရး ေပးေနတယ္ေလ။ ဘာျဖစ္လို႔လဲ ဆိုေတာ့
သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းရဲ႕ က႑က ဒီေနရာမွာ အမ်ားႀကီး ေနရာရေနတယ္ေလ။
ဆိုေတာ့ က်ေနာ္တို႔ အဲဒါကို တဦးခ်င္းစီကို က်ေနာ္တို႔ ပုဂၢိဳလ္ေရး
ခင္မင္မႈ အရပါ ေတြ႔ဆံုၿပီး ေဆြးေႏြးသြားဖို႔ ရွိတယ္ဗ်။
သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔ ကုလသမဂၢ လံုၿခံဳေရး ေကာင္စီ အၿမဲတမ္း အဖြဲ႔၀င္ထဲမွာ
တရုတ္နဲ႔ ရုရွားလည္း ပါပါတယ္။ ဆိုေတာ့ သူတို႔နဲ႔ေရာ ေတြ႔မွာပါလားရွင့္။
ဦးထင္လင္းေအာင္။ ။ ဟုတ္ပါတယ္။ အကုန္လံုးနဲ႔ ေတြ႔မွာပါ။ ေတြ႔ၿပီ ဆိုရင္ေတာ့ ၁၅ ႏုိင္ငံ စလံုးနဲ႔ ေတြ႔မွာပါ။
သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔ရွင့္။ အဲဒီေတာ့ ဘယ္ေတာ့ေလာက္ ေတြ႔ျဖစ္မလဲရွင့္။
ဦးထင္လင္းေအာင္။ ။ အဲဒါက က်ေနာ္တို႔ အျမန္ဆံုးေတြ႔ဖို႔ စီစဥ္ေနပါတယ္။
ျဖစ္ႏုိင္ရင္ ဒီေန႔ ညေန (အေမရိကန္ စံေတာ္ခ်ိန္ တနဂၤေႏြေန႔ ညေန) မနက္ျဖန္
(တနလာၤေန႔) ေလာက္ေတာင္ ေတြ႔ဖို႔ ရွိလိမ့္မယ္ဗ်။ ရွိေနၿပီဗ်။
သိဂၤ ီထုိက္။ ။ ဆိုေတာ့ အဲဒီမွာ ဘယ္လို အခ်က္အလက္ေတြနဲ႔ တိုက္တြန္းသြားဖို႔ ရွိပါလဲ။
ဦးထင္လင္းေအာင္။ ။ က်ေနာ္တို႔ကေတာ့ ဒီလို ဥပေဒမဲ႔ လက္လြတ္စပါယ္
လုပ္ရပ္ေတြကို အေကာင္းဆံုးနဲ႔ အထိေရာက္ဆံုး ကာကြယ္ေပးသြားဖို႔ အတြက္
ႀကိဳးစားသြားမွာပါ။ က်ေနာ္တို႔ ျပည္သူေတြ ေသေနတာကို က်ေနာ္တို႔ ဘယ္လိုမွ
လက္မခံႏုိင္ပါဘူး။ အဲဒီေတာ့ အထိေရာက္ဆံုး ႀကိဳးစားသြားမယ္ဆိုေတာ့ ကုလသမဂၢ
လံုၿခံဳေရး ေကာင္စီမွာ တင္သြားဖို႔ ရွိမယ္။ ဒါထက္ပိုၿပီး ျပင္းထန္တဲ႔
အေရးယူမႈေတြလည္း ရွိေနမယ္။ ဒါေပမယ့္ အဲဒါေတြကို က်ေနာ္ အခုအခ်ိန္မွာ
ထုတ္ေျပာလို႔ မရေသးဘူး။ က်ေနာ္တို႔ စီစဥ္ထားတဲ႔ အစီအစဥ္ေတြကို။ ဆိုေတာ့
အဲဒါကိုေတာ့ အခုအခ်ိန္မွာ က်ေနာ္ မေျပာပါရေစနဲ႔ဦး။
သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔။ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းရဲ႕ အခန္းက႑ကေရာ CRPH အတြက္ ဘယ္ေလာက္ အသံုးလိုပါသလဲရွင့္။
ဦးထင္လင္းေအာင္။ ။ ဟာ သူက က်ေနာ္တို႔ရဲ႕ သူရဲေကာင္းဘဲဗ်။ ျမန္မာ
တႏုိင္ငံလံုးရဲ႕ သူရဲေကာင္းဘဲ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူ႔ရဲ႕ အခန္းက႑က
သိပ္ကို အေရးပါတဲ႔ အခန္းက႑ေပါ့။ ဒါ စစ္ေကာင္စီကို အရိႈက္ကို
ထိုးလိုက္တာဘဲဗ်။ သူတို႔ ဘာမွ လုပ္လို႔ မရေတာ့တဲ႔ အေနအထားမွာ ျဖစ္သြားၿပီ
အခု ႏုိင္ငံတကာ သံတမန္ ေရးရာမွာ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူ႔ကို စစ္ေကာင္စီက
အစားထိုးဖို႔ ဆိုၿပီးေတာ့ အျခားလူ တေယာက္ကို ခန္႔အပ္မယ္။ ခန္႔အပ္မယ္
ဆုိလို႔ ရွိရင္လည္း ဒါက ဘယ္လိုမွ မျဖစ္ႏုိင္ဘူးဗ်။
ဘာျဖစ္လို႔လဲ ဆိုေတာ့ အဲဒီလို ခန္႔အပ္ဖို႔က လြယ္လြယ္ေလးနဲ႔ မရဘူး။ အဲဒီလို
ခန္႔အပ္ဖို႔သည္ အစိုးရ တရပ္ ရွိေနရမယ္။ အဲဒီ အစိုးရကို ႏုိင္ငံတကာက
အသိအမွတ္ျပဳထားတဲ႔ အစိုးရ တရပ္ ျဖစ္ရမယ္။ ကုလသမဂၢက အသိအမွတ္ျပဳတဲ႔ အစိုးရ
ျဖစ္ေနရမယ္။ အဲဒီလို အသိအမွတ္ျပဳၿပီးတဲ႔ အခါက်မွ သာလ်င္ ကုလသမဂၢမွာ
ရွိေနတဲ႔ Credentials Committee ကို တင္ျပရမယ္။ တင္ျပလို႔ ကုလသမဂၢက
လက္ခံတယ္ ဆိုမွ အဲဒီ ပုဂၢိဳလ္က ဦးေက်ာ္မိုးထြန္းရဲ႕ ေနရာကို သူက Challenge
လုပ္လို႔ ရမယ္။ စိန္ေခၚလို႔ ရမယ္။ အစားထုိးလို႔ ရမယ္။
အစားထိုးဖို႔ေတာင္ လြယ္လြယ္ေလးနဲ႔ မရေသးဘူး။ အခုဟာက စစ္ေကာင္စီကေပါ့ဗ်ာ။
စစ္ေကာင္စီက တရား၀င္ အစိုးရပါလို႔ လက္ရွိ ဘယ္ႏုိင္ငံကမွ အသိအမွတ္ျပဳ
မထားဘူး။ လက္ရွိ ဘယ္ႏုိင္ငံမွ အသိအမွတ္ျပဳမထားတဲ႔ အစိုးရ တရပ္ အေနနဲ႔
ကုလသမဂၢ ကိုယ္စားလွယ္ကို ခန္႔အပ္ဖို႔ ဆိုတာက ဘယ္လိုမွ မျဖစ္ႏုိင္ဘူး။
ကုလသမဂၢ ကလည္း လက္ခံမွာ မဟုတ္ဘူး။ အဲဒီလိုဘဲ အေမရိကန္ ႏုိင္ငံကလည္း
လက္ခံမွာ မဟုတ္ဘူး။ အေမရိကန္ ႏုိင္ငံကို လာေရာက္ဖို႔ ဆိုတာလည္း
မျဖစ္ႏုိင္ဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔သည္ ဗီဇာ ဘယ္လိုမွ ရမွာ
မဟုတ္ဘူး။ ဗီဇာ မရလို႔ Skype ကေနဘဲ ျဖစ္ျဖစ္ အြန္လိုင္းကေနဘဲ ျဖစ္ျဖစ္
လုပ္မယ္ဆိုရင္လည္း ဒါက ဘယ္လိုမွ မျဖစ္ႏုိင္ဘူးလုိ႔ဘဲ က်ေနာ္ ေျပာပါရေစ။
သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔။ အခု လံုၿခံဳေရး ေကာင္စီ အဖြဲ႔၀င္ ႏုိင္ငံေတြနဲ႔
ေတြ႔ဆံုဖို႔ ဆိုတာမွာေရာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဘက္က
ေဆာင္ရြက္ေနပါသလားရွင့္။ CRPH ဘက္က ဘယ္လုိမ်ား ပူးေပါင္းေဆာင္ရြက္ေနပါသလဲ။
ဦးထင္လင္းေအာင္။ ။ ဟုတ္ကဲ႔ သူက အဓိက လုပ္ေဆာင္သြားမွာပါ။ က်ေနာ္တို႔က
သူ႔ကို အႀကံညဏ္ ေပးတာေတြ၊ ေဘးကေန ၀ိုင္း၀န္း ပံ႔ပိုးတာေတြ လုပ္ေနပါတယ္။
က်ေနာ္တု႔ိ ဥပေဒ ပညာရွင္ေတြနဲ႔လည္း စကားေျပာေနပါတယ္။ ဆိုေတာ့ ဒါက အလားအလာ
ေကာင္းတဲ႔ အေနအထားေတြ က်ေနာ္တို႔ ျမင္ေနရတယ္ေလ။
===========
[ unicode ]
ဦးကျော်မိုးထွန်းနေရာမှာ စစ်ကောင်စီက လူစားထိုးခန့်အပ်နိုင်မည် မဟုတ် (ဦးထင်လင်းအောင်)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တလပြည့်တဲ့ တနင်္ဂနွေနေ့က
နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို လက်နက်အင်အား လူအင်အားသုံးပြီး စစ်တပ်ဘက်က
ဖြိုခွင်းခဲ့တာမှာ လူ ၂၀ နီးပါး သေဆုံးရပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရထားပါတယ်။
ဒီ အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်
ကိုယ်စားပြု ကော်မတီ CRPH က နိုင်ငံတကာနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲ
ဆိုတာကို CRPH ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိုယ်စားလှယ် ဦးထင်လင်းအောင် ကို
မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။
သိင်္ဂ ီထိုက်။ ။ တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေကို
အကြမ်းဖက် ဖြိုခွင်းခံရတာကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ပါတယ်။ နောက်
ဒါဇင်နဲ့ချီပြီးတော့လည်း ဒဏ်ရာ ရထားပါတယ်။ ဆိုတော့ ဒီ ပြည်ထောင်စု
လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH အနေနဲ့ ဒီ နိုင်ငံတကာ ရေးရာ ဌာန အနေနဲ့
ဒီကိစ္စတွေကို နိုင်ငံတကာနဲ့ ဘယ်လိုများ ဆက်သွယ် ဆောင်ရွက်နေပါလဲရှင့်။
ဦးထင်လင်းအောင်။ ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပုဂ္ဂိုလ်တွေနဲ့ကို
တဦးချင်းစီနဲ့ တွေ့ပြီးတော့ ဒီလိုမျိုး မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့
လူသားမဆန်တဲ့ လက်နက်နဲ့ အနိုင်ကျင့်တဲ့ ကိစ္စတွေကို လက်ဗလာနဲ့ လူတွေကို
လက်နက်နဲ့ အနိုင်ကျင့်တဲ့ ကိစ္စတွေကို တားဆီးသွားဖို့ အတွက်ကို ကျနော်တို့
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အဖွဲ့ဝင် နိုင်ငံတွေရဲ့ တဦးချင်း
ကိုယ်စားလှယ်တွေနဲ့ကို တွေ့ပြီးတော့ ဆွေးနွေးသွားဖို့ ရှိပါတယ်။
သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ ဘယ်လို စီစဉ်ထားပါလဲ။ တွေ့ဖို့ စနေပါပြီလား။
ဦးထင်လင်းအောင်။ ။ တွေ့ဖို့ စနေပါပြီ။ ဟုတ်တယ်။ သူတို့နဲ့က ကျနော်တို့က
ပုဂ္ဂလိက တွေ့ဖို့ အတွက်ကိုဘဲ အခွင့်အရေး ပေးနေတယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့
သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကဏ္ဍက ဒီနေရာမှာ အများကြီး နေရာရနေတယ်လေ။
ဆိုတော့ ကျနော်တို့ အဲဒါကို တဦးချင်း စီကို ကျနော်တို့ ပုဂ္ဂိုလ်ရေး
ခင်မင်မှု အရပါ တွေ့ဆုံပြီး ဆွေးနွေးသွားဖို့ ရှိတယ်ဗျ။
သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း
အဖွဲ့ဝင်ထဲမှာ တရုတ်နဲ့ ရုရှားလည်း ပါပါတယ်။ ဆိုတော့ သူတို့နဲ့ရော
တွေ့မှာပါလားရှင့်။
ဦးထင်လင်းအောင်။ ။ ဟုတ်ပါတယ်။ အကုန်လုံးနဲ့ တွေ့မှာပါ။ တွေ့ပြီ ဆိုရင်တော့ ၁၅ နိုင်ငံ စလုံးနဲ့ တွေ့မှာပါ။
သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ အဲဒီတော့ ဘယ်တော့လောက် တွေ့ဖြစ်မလဲရှင့်။
ဦးထင်လင်းအောင်။ ။ အဲဒါက ကျနော်တို့ အမြန်ဆုံးတွေ့ဖို့ စီစဉ်နေပါတယ်။
ဖြစ်နိုင်ရင် ဒီနေ့ ညနေ (အမေရိကန် စံတော်ချိန် တနင်္ဂနွေနေ့ ညနေ) မနက်ဖြန်
(တနလာၤနေ့) လောက်တောင် တွေ့ဖို့ ရှိလိမ့်မယ်ဗျ။ ရှိနေပြီဗျ။
သိင်္ဂ ီထိုက်။ ။ ဆိုတော့ အဲဒီမှာ ဘယ်လို အချက်အလက်တွေနဲ့ တိုက်တွန်းသွားဖို့ ရှိပါလဲ။
ဦးထင်လင်းအောင်။ ။ ကျနော်တို့ကတော့ ဒီလို ဥပဒေမဲ့ လက်လွတ်စပါယ်
လုပ်ရပ်တွေကို အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်ပေးသွားဖို့ အတွက်
ကြိုးစားသွားမှာပါ။ ကျနော်တို့ ပြည်သူတွေ သေနေတာကို ကျနော်တို့ ဘယ်လိုမှ
လက်မခံနိုင်ပါဘူး။ အဲဒီတော့ အထိရောက်ဆုံး ကြိုးစားသွားမယ်ဆိုတော့ ကုလသမဂ္ဂ
လုံခြုံရေး ကောင်စီမှာ တင်သွားဖို့ ရှိမယ်။ ဒါထက်ပိုပြီး ပြင်းထန်တဲ့
အရေးယူမှုတွေလည်း ရှိနေမယ်။ ဒါပေမယ့် အဲဒါတွေကို ကျနော် အခုအချိန်မှာ
ထုတ်ပြောလို့ မရသေးဘူး။ ကျနော်တို့ စီစဉ်ထားတဲ့ အစီအစဉ်တွေကို။ ဆိုတော့
အဲဒါကိုတော့ အခုအချိန်မှာ ကျနော် မပြောပါရစေနဲ့ဦး။
သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အခန်းကဏ္ဍကရော CRPH အတွက် ဘယ်လောက် အသုံးလိုပါသလဲရှင့်။
ဦးထင်လင်းအောင်။ ။ ဟာ သူက ကျနော်တို့ရဲ့ သူရဲကောင်းဘဲဗျ။ မြန်မာ
တနိုင်ငံလုံးရဲ့ သူရဲကောင်းဘဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ အခန်းကဏ္ဍက
သိပ်ကို အရေးပါတဲ့ အခန်းကဏ္ဍပေါ့။ ဒါ စစ်ကောင်စီကို အရှိုက်ကို
ထိုးလိုက်တာဘဲဗျ။ သူတို့ ဘာမှ လုပ်လို့ မရတော့တဲ့ အနေအထားမှာ ဖြစ်သွားပြီ
အခု နိုင်ငံတကာ သံတမန် ရေးရာမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို စစ်ကောင်စီက
အစားထိုးဖို့ ဆိုပြီးတော့ အခြားလူ တယောက်ကို ခန့်အပ်မယ်။ ခန့်အပ်မယ်
ဆိုလို့ ရှိရင်လည်း ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးဗျ။
ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို ခန့်အပ်ဖို့က လွယ်လွယ်လေးနဲ့ မရဘူး။ အဲဒီလို
ခန့်အပ်ဖို့သည် အစိုးရ တရပ် ရှိနေရမယ်။ အဲဒီ အစိုးရကို နိုင်ငံတကာက
အသိအမှတ်ပြုထားတဲ့ အစိုးရ တရပ် ဖြစ်ရမယ်။ ကုလသမဂ္ဂက အသိအမှတ်ပြုတဲ့ အစိုးရ
ဖြစ်နေရမယ်။ အဲဒီလို အသိအမှတ်ပြုပြီးတဲ့ အခါကျမှ သာလျင် ကုလသမဂ္ဂမှာ
ရှိနေတဲ့ Credentials Committee ကို တင်ပြရမယ်။ တင်ပြလို့ ကုလသမဂ္ဂက
လက်ခံတယ် ဆိုမှ အဲဒီ ပုဂ္ဂိုလ်က ဦးကျော်မိုးထွန်းရဲ့ နေရာကို သူက Challenge
လုပ်လို့ ရမယ်။ စိန်ခေါ်လို့ ရမယ်။ အစားထိုးလို့ ရမယ်။
အစားထိုးဖို့တောင် လွယ်လွယ်လေးနဲ့ မရသေးဘူး။ အခုဟာက စစ်ကောင်စီကပေါ့ဗျာ။
စစ်ကောင်စီက တရားဝင် အစိုးရပါလို့ လက်ရှိ ဘယ်နိုင်ငံကမှ အသိအမှတ်ပြု
မထားဘူး။ လက်ရှိ ဘယ်နိုင်ငံမှ အသိအမှတ်ပြုမထားတဲ့ အစိုးရ တရပ် အနေနဲ့
ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ခန့်အပ်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ကုလသမဂ္ဂ ကလည်း လက်ခံမှာ မဟုတ်ဘူး။ အဲဒီလိုဘဲ အမေရိကန် နိုင်ငံကလည်း
လက်ခံမှာ မဟုတ်ဘူး။ အမေရိကန် နိုင်ငံကို လာရောက်ဖို့ ဆိုတာလည်း
မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့သည် ဗီဇာ ဘယ်လိုမှ ရမှာ
မဟုတ်ဘူး။ ဗီဇာ မရလို့ Skype ကနေဘဲ ဖြစ်ဖြစ် အွန်လိုင်းကနေဘဲ ဖြစ်ဖြစ်
လုပ်မယ်ဆိုရင်လည်း ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ဘဲ ကျနော် ပြောပါရစေ။
သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ အခု လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေနဲ့
တွေ့ဆုံဖို့ ဆိုတာမှာရော သံအမတ်ကြီး ဦးကျော်မိုးထွန်းဘက်က
ဆောင်ရွက်နေပါသလားရှင့်။ CRPH ဘက်က ဘယ်လိုများ ပူးပေါင်းဆောင်ရွက်နေပါသလဲ။
ဦးထင်လင်းအောင်။ ။ ဟုတ်ကဲ့ သူက အဓိက လုပ်ဆောင်သွားမှာပါ။ ကျနော်တို့က
သူ့ကို အကြံညဏ် ပေးတာတွေ၊ ဘေးကနေ ဝိုင်းဝန်း ပံ့ပိုးတာတွေ လုပ်နေပါတယ်။
ကျနော်တု့ိ ဥပဒေ ပညာရှင်တွေနဲ့လည်း စကားပြောနေပါတယ်။ ဆိုတော့ ဒါက အလားအလာ
ကောင်းတဲ့ အနေအထားတွေ ကျနော်တို့ မြင်နေရတယ်လေ။
https://burmese.voanews.com/a/not-possible-to-replace-ukyawmoetun/5796654.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.