Breaking

March 5, 2021

CDM မွာ ပါ၀င္လာတဲ႔ ၀ါရွင္တန္အေျခစိုက္ ျမန္မာသံ၀န္ထမ္းတခ်ိဳ႕


၀ါရွင္တန္အေျခစိုက္ ျမန္မာသံရံုး
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကို ဆန္႔က်င္တဲ့ အၾကမ္းမဖက္တဲ့ CDM အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာပူးေပါင္း လာၾကတဲ့ ျပည္ပေရာက္ ျမန္မာသံ႐ုံး၀န္ထမ္းေတြ တိုးလာေနပါတယ္။

ၾကာသပေတးေန႔မွာ ဆိုရင္လည္း အေမရိကန္ ျပည္ေထာင္စု ဝါရွင္တန္ဒီစီ အေျခစိုက္ ျမန္မာသံ႐ုံးက တတိယအတြင္း၀န္ ဦးေက်ာ္စြာထြန္း အပါအ၀င္ ၀န္ထမ္း ၅ ဦး CDM လႈပ္ရွားမႈမွာ ပူးေပါင္းလိုက္ေၾကာင္း ေၾကညာခဲ့တာပါ။

ဖိႏွိပ္ခံ ျမန္မာလူထုနဲ႔ ပူးေပါင္းဖို႔ ဆုံးျဖတ္လိုက္တဲ့ သံ႐ုံး၀န္ထမ္းတဦးျဖစ္တဲ့ ဦးေက်ာ္စြာထြန္းကို မအင္ၾကင္းႏိုင္က သီးသန္႔ ဆက္သြယ္ေမးျမန္းရာမွာေတာ့ သံ႐ုံး၀န္ထမ္းေတြရဲ႕ ရပ္တည္ခ်က္နဲ႔ ဆက္လုပ္မယ့္ အစီအစဥ္ေတြကို ဦးေက်ာ္စြာထြန္းက ရွင္းျပပါတယ္။

“အထဲမွာ လုပ္တဲ့ CDM Movement က ရံုးမတက္ပဲ ရုန္းထြက္တာပါ။ ဒီက CDM Movement က ရံုးတက္ၿပီးေတာ့ ရုန္းထြက္တာပါ။ ဒီမွာ ရံုးတက္ၿပီးေတာ့ ရုန္းထြက္တယ္ဆိုတာမွာ က်ေနာ္တို႔ အာဏာဖီဆန္ျခင္းလို႔ ေျပာလို႔ရပါတယ္။ အဓိက ဒီ စစ္ေကာင္စီအစိုးရဲ႕ အာေပၚေတြ လမ္းညြန္ခ်က္ေတြမွာ က်ေနာ္တုိ႔ လိုက္နာက်င့္သံုးျခင္းမရွိပဲနဲ႔ က်ေနာ္တို႔ အခုလက္ရွိဆိုရင္ မအင္ၾကင္းႏိုင္တို႔လည္းသိပါတယ္ က်ေနာ္တို႔ ျမန္မာျပည္ကို ျပန္တဲ့ relief flight ေတြ …ေကာင္စစ္ ဆိုင္ရာ ကိစၥရပ္ေတြ အစစ ျမန္မာလူမ်ိဳးအက်ိဳးအတြက္ေပါ့ေနာ္ က်ေနာ္တို႔ မလုပ္မျဖစ္ဆိုတာေတြရွိပါတယ္။ က်ေနာ္တို႔မွ မလုပ္ေပးရင္ သူတို႔ ဘယ္လိုလုပ္ၾကမလဲ အဲဒါမ်ိဳးေလးေတြေပါ့။ အခုလက္ရွိ ျပည္သူေတြအတြက္ လုပ္ရမယ္ ့ အလုပ္ေတြရွိပါတယ္ က်ေနာ္တို႔ ျမန္မာလူမ်ိဳးေတြအတြက္ သူတို႔ရဲ႕ ေကာင္းက်ိဳးေတြအတြက္ရွိပါတယ္ အဲဒါေတြကေတာ့ က်ေနာ္တုိ႔ ဆက္လုပ္မွာပါ။ က်ေနာ္တုိ႔ရဲ႕ သေဘာထားနဲ႔ မသက္ဆိုင္တာေတြကိုေတာ့ သူတို႔ အမိန္႔နာခံၿပီး လုပ္ေဆာင္ေပးသြားမွာ မဟုတ္ပါဘူး။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို ဆန္႔က်င္ေၾကာင္း ေၾကညာခဲ့တာ အခုဆိုရင္ ဝါရွင္တန္သံ႐ုံးမွာ ၀န္ထမ္း ၅ ဦး ရွိသြားပါၿပီ။ ဒီမတိုင္ခင္မွာလည္း ကုလသမဂၢဆိုင္ရာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း၊ သူ႔ေနရာမွာ စစ္အာဏာပိုင္ေတြ အစားထိုးဖို႔ ႀကိဳးစားခဲ့တဲ့ ဒုတိယ အၿမဲတမ္းကိ္ုယ္စားလွယ္ ဦးတင္ေမာင္ႏိုင္တို႔လည္း အၾကမ္းမဖက္တဲ့ အာဏာဖီဆန္ေရး လႈပ္ရွားမႈကို ေထာက္ခံေၾကာင္း ေျပာဆိုခဲ့ၾကတာပါ။

ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕က ျမန္မာသံ႐ုံး၀န္ထမ္းတဦးဟာလည္း ဒီတပတ္ထဲမွာပဲ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ လႈပ္ရွားမႈမွာ ပူးေပါင္းပါ၀င္ခဲ့သလို၊ ၾကာသပေတးေန႔မွာေတာ့ ဂ်ာမဏီႏိုင္ငံ ဘာလင္ၿမိဳ႕ေတာ္က ျမန္မာသံ႐ုံး၀န္ထမ္း ၃ ဦး၊ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕က သံ႐ုံး၀န္ထမ္း ၃ ဦးတို႔လည္း ပူးေပါင္းသြားခဲ့ၾကပါတယ္။

.................

CDM မှာ ပါဝင်လာတဲ့ ဝါရှင်တန်အခြေစိုက် မြန်မာသံဝန်ထမ်းတချို့
(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ အကြမ်းမဖက်တဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပူးပေါင်း လာကြတဲ့ ပြည်ပရောက် မြန်မာသံရုံးဝန်ထမ်းတွေ တိုးလာနေပါတယ်။

ကြာသပတေးနေ့မှာ ဆိုရင်လည်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာသံရုံးက တတိယအတွင်းဝန် ဦးကျော်စွာထွန်း အပါအဝင် ဝန်ထမ်း ၅ ဦး CDM လှုပ်ရှားမှုမှာ ပူးပေါင်းလိုက်ကြောင်း ကြေညာခဲ့တာပါ။

ဖိနှိပ်ခံ မြန်မာလူထုနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တဲ့ သံရုံးဝန်ထမ်းတဦးဖြစ်တဲ့ ဦးကျော်စွာထွန်းကို မအင်ကြင်းနိုင်က သီးသန့် ဆက်သွယ်မေးမြန်းရာမှာတော့ သံရုံးဝန်ထမ်းတွေရဲ့ ရပ်တည်ချက်နဲ့ ဆက်လုပ်မယ့် အစီအစဉ်တွေကို ဦးကျော်စွာထွန်းက ရှင်းပြပါတယ်။

“အထဲမှာ လုပ်တဲ့ CDM Movement က ရုံးမတက်ပဲ ရုန်းထွက်တာပါ။ ဒီက CDM Movement က ရုံးတက်ပြီးတော့ ရုန်းထွက်တာပါ။ ဒီမှာ ရုံးတက်ပြီးတော့ ရုန်းထွက်တယ်ဆိုတာမှာ ကျနော်တို့ အာဏာဖီဆန်ခြင်းလို့ ပြောလို့ရပါတယ်။ အဓိက ဒီ စစ်ကောင်စီအစိုးရဲ့ အာပေါ်တွေ လမ်းညွန်ချက်တွေမှာ ကျနော်တို့ လိုက်နာကျင့်သုံးခြင်းမရှိပဲနဲ့ ကျနော်တို့ အခုလက်ရှိဆိုရင် မအင်ကြင်းနိုင်တို့လည်းသိပါတယ် ကျနော်တို့ မြန်မာပြည်ကို ပြန်တဲ့ relief flight တွေ …ကောင်စစ် ဆိုင်ရာ ကိစ္စရပ်တွေ အစစ မြန်မာလူမျိုးအကျိုးအတွက်ပေါ့နော် ကျနော်တို့ မလုပ်မဖြစ်ဆိုတာတွေရှိပါတယ်။ ကျနော်တို့မှ မလုပ်ပေးရင် သူတို့ ဘယ်လိုလုပ်ကြမလဲ အဲဒါမျိုးလေးတွေပေါ့။ အခုလက်ရှိ ပြည်သူတွေအတွက် လုပ်ရမယ့် အလုပ်တွေရှိပါတယ် ကျနော်တို့ မြန်မာလူမျိုးတွေအတွက် သူတို့ရဲ့ ကောင်းကျိုးတွေအတွက်ရှိပါတယ် အဲဒါတွေကတော့ ကျနော်တို့ ဆက်လုပ်မှာပါ။ ကျနော်တို့ရဲ့ သဘောထားနဲ့ မသက်ဆိုင်တာတွေကိုတော့ သူတို့ အမိန့်နာခံပြီး လုပ်ဆောင်ပေးသွားမှာ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ကြေညာခဲ့တာ အခုဆိုရင် ဝါရှင်တန်သံရုံးမှာ ဝန်ထမ်း ၅ ဦး ရှိသွားပါပြီ။ ဒီမတိုင်ခင်မှာလည်း ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ သူ့နေရာမှာ စစ်အာဏာပိုင်တွေ အစားထိုးဖို့ ကြိုးစားခဲ့တဲ့ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်တို့လည်း အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောဆိုခဲ့ကြတာပါ။

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့က မြန်မာသံရုံးဝန်ထမ်းတဦးဟာလည်း ဒီတပတ်ထဲမှာပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့သလို၊ ကြာသပတေးနေ့မှာတော့ ဂျာမဏီနိုင်ငံ ဘာလင်မြို့တော်က မြန်မာသံရုံးဝန်ထမ်း ၃ ဦး၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က သံရုံးဝန်ထမ်း ၃ ဦးတို့လည်း ပူးပေါင်းသွားခဲ့ကြပါတယ်။ 

 https://burmese.voanews.com/a/myanmar-embassy-staffs-cdm-movement-/5802085.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.