Breaking

March 26, 2021

ဖခင္ရင္ခြင္ထဲက ကေလးေသဆံုးရမႈ ျမန္မာစစ္တပ္ရဲ႕ ေၾကာက္မက္ဖြယ္စရိုက္ကိုေဖာ္ျပ (ကန္ႏိုင္ငံျခားေရးရံုး ေၾကညာခ်က္)

 


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price
(Zawgyi/Unicode)

ကေလးငယ္ေတြ အပါအဝင္ ျပည္သူေတြကို ျမန္မာစစ္တပ္က သတ္ျဖတ္ေနတာ အတြက္ အေမရိကန္ျပည္ေထာင္စုက ျပင္းျပင္းထန္ထန္ ႐ုတ္ခ်ေၾကာင္း မတ္လ ၂၅ ရက္ ၾကာသပေတးေန႔မွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္မွာ ကေလးငယ္အမ်ားအျပား အပါအဝင္ ျပည္သူ ၂၇ ေယာက္ ထက္မနည္း ေသဆံုးခဲ့ရတဲ့ အထိ လံုျခံဳေရးတပ္ေတြက ျမန္မာျပည္သူေတြ အေပၚဆက္ၿပီး အင္အားသံုး ၿဖိဳခြဲေနတဲ့ သတင္းေတြေၾကာင့္ အေမရိကန္ျပည္ေထာင္စုက တုန္လႈပ္အံ့ၾသခဲ့ရသလို အလြန္စိတ္မေကာင္း ျဖစ္ရေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price က ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ကေလးငယ္ေတြ အေပၚအခုလို က်ဴးလြန္မႈေတြဟာ စက္ဆုပ္ရြံရွာဖြယ္ေကာင္းတဲ့ ရက္စက္တဲ့လုပ္ရပ္ေတြ ျဖစ္ေၾကာင္း၊ ကိုယ္ေနတဲ့အိမ္ထဲမွာ ကိုယ့္ဖခင္ေပါင္ေပၚမွာ ထိုင္ေနတဲ့ အသက္ ၇ ႏွစ္ ပဲရွိေသးတဲ့ ကေလးငယ္ကို ပစ္သတ္ခဲ့တဲ့ လုပ္ရပ္မ်ိဳးကိုၾကည့္ရင္ ျမန္မာစစ္အာဏာရွင္ရဲ႕ သူ႔ျပည္သူအေပၚေတာင္ သူက်ဴးလြန္ရဲတဲ့ ရက္စက္တဲ့သေဘာထားကို ျပသေနသလို ျမန္မာျပည္သူေတြရဲ႕ အသက္ကိုလံုးဝ လ်စ္လ်ဴရႈထားတယ္ ဆိုတာကိုပါ ျပသေနတယ္လို႔ ေဖၚျပထားပါတယ္။

ျမန္မာလံုျခံဳေရးတပ္ေတြရဲ႕ ဒီလုပ္ရပ္ေတြကို အေမရိကန္ျပည္ေထာင္စုက အျပင္းထန္ဆံုးရႈတ္ခ်ေၾကာင္းနဲ႔ ထိခိုက္ခံစားခဲ့ရသူ အားလံုးရဲ႕ မိသားစုေတြ၊ ခ်စ္ခင္ရသူေတြအတြက္လည္း အလြန္႔အလြန္ဝမ္းနည္းေၾကကြဲရပါေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ အာဏာရွင္ အေနနဲ႔ အေၾကာက္တရားနဲ႔ မအုပ္ခ်ဳပ္ႏိုင္ေၾကာင္းလည္း အေမရိကန္အစိုးရက သတိေပးထားပါတယ္။

.........

ဖခင်ရင်ခွင်ထဲက ကလေးသေဆုံးရမှု မြန်မာစစ်တပ်ရဲ့ ကြောက်မက်ဖွယ်စရိုက်ကိုဖော်ပြ (ကန်နိုင်ငံခြားရေးရုံး ကြေညာချက်)

(Unicode)

ကလေးငယ်တွေ အပါအဝင် ပြည်သူတွေကို မြန်မာစစ်တပ်က သတ်ဖြတ်နေတာ အတွက် အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရုတ်ချကြောင်း မတ်လ ၂၅ ရက် ကြာသပတေးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကလေးငယ်အများအပြား အပါအဝင် ပြည်သူ ၂၇ ယောက် ထက်မနည်း သေဆုံးခဲ့ရတဲ့ အထိ လုံခြုံရေးတပ်တွေက မြန်မာပြည်သူတွေ အပေါ်ဆက်ပြီး အင်အားသုံး ဖြိုခွဲနေတဲ့ သတင်းတွေကြောင့် အမေရိကန်ပြည်ထောင်စုက တုန်လှုပ်အံ့သြခဲ့ရသလို အလွန်စိတ်မကောင်း ဖြစ်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကလေးငယ်တွေ အပေါ်အခုလို ကျူးလွန်မှုတွေဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ရက်စက်တဲ့လုပ်ရပ်တွေ ဖြစ်ကြောင်း၊ ကိုယ်နေတဲ့အိမ်ထဲမှာ ကိုယ့်ဖခင်ပေါင်ပေါ်မှာ ထိုင်နေတဲ့ အသက် ၇ နှစ် ပဲရှိသေးတဲ့ ကလေးငယ် ကို ပစ်သတ်ခဲ့တဲ့ လုပ်ရပ်မျိုးကိုကြည့်ရင် မြန်မာစစ်အာဏာရှင်ရဲ့ သူ့ပြည်သူအပေါ်တောင် သူကျူးလွန်ရဲ တဲ့ ရက်စက်တဲ့သဘောထားကို ပြသနေသလို မြန်မာပြည်သူတွေရဲ့ အသက်ကိုလုံးဝ လျစ်လျူရှုထားတယ် ဆိုတာကိုပါ ပြသနေတယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာလုံခြုံရေးတပ်တွေရဲ့ ဒီလုပ်ရပ်တွေကို အမေရိကန်ပြည်ထောင်စုက အပြင်းထန်ဆုံးရှုတ်ချကြောင်းနဲ့ ထိခိုက်ခံစားခဲ့ရသူ အားလုံးရဲ့ မိသားစုတွေ၊ ချစ်ခင်ရသူတွေအတွက်လည်း အလွန့်အလွန်ဝမ်းနည်းကြေကွဲ ရပါကြောင်း ပြောပါတယ်။ ဒါ့အပြင် အာဏာရှင် အနေနဲ့ အကြောက်တရားနဲ့ မအုပ်ချုပ်နိုင်ကြောင်းလည်း အမေရိကန်အစိုးရက သတိပေးထားပါတယ်။ 

https://burmese.voanews.com/a/myanmar-killing-7-years-old-girl-at-her-house-us-condemn-/5828767.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.