Breaking

March 26, 2021

စစ္အာဏာသိမ္းမႈတုံံံ႔ျပန္ေရး ကန္ ဆီးနိတ္ ႏိုင္ငံျခားေရးေကာ္မီတီ ၾကားနာ

 


အေမရိကန္ လႊတ္ေတာ္
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္လို႔ အေမရိကန္ ျပည္ေထာင္စုက ဘယ္လို တုန္႔ျပန္သင့္သလဲဆိုတာကို ၾကာသပေတးေန႔က အေမရိကန္အထက္လႊတ္ေတာ္ ႏိုင္ငံျခားဆက္ဆံေရး ေကာ္မတီမွာ ၾကားနာပြဲတရပ္က်င္းပခဲ့ပါတယ္။

ဒီေဆြးေႏြးပြဲမွာ အေမရိကန္ႏိုင္ငံျခားေရး ဌာန၊ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ ဒုတိယလက္ေထာက္ႏိုင္ငံျခားေရး ဝန္ႀကီး Atul Keshap ၊ ဒီမိုကေရစီ၊ လူ႔အခြင့္အေရး၊ အလုပ္သမားေရးရာ ယာယီ ဒုတိယလက္ေထာက္ဝန္ႀကီး Scott Busby တို႔နဲ႔ အတူ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာကုလသမဂၢအထူးကိုယ္စားလွယ္ Tom Andrews နဲ႔ အေမရိကန္ျပည္ေထာင္စု အမ်ိဳးသမီးေရးရာ သံအမတ္ႀကီးေဟာင္း Kelley Currie တို႔ အြန္လိုင္းကေန ပါဝင္ေဆြးေႏြးခဲ့ၾကပါတယ္။

အာဏာသိမ္းမႈအေပၚ သမၼတ Biden အစိုးရရဲ႕ တုံ႔ျပန္မႈက အခ်ိန္မွီ ျမန္ဆန္တဲ့အတြက္ ဒီ အက်ပ္အတည္းအေပၚ အာ႐ုံစိုက္တာကို ခ်ီးက်ဳးလိုပါတယ္ဆိုၿပီး အထက္လႊတ္ေတာ္ ႏိုင္ငံျခား ဆက္ဆံေရးေကာ္တီဥကၠ႒ Edward Markey က ခ်ီးက်ဳးေျပာဆိုခဲ့ပါတယ္။ ေဖေဖၚဝါရီလ ၁၀ ရက္ေန႔မွာပဲ သမၼတ Biden က အုပ္ခ်ဳပ္ေရးအမိန႔္ ထုတ္ျပန္ၿပီး စစ္ေခါင္းေဆာင္ေတြ သူတို႔ စီးပြားေရးလုပ္ငန္းေတြအေပၚ ပစ္မွတ္ထား အေရးယူဖို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနနဲ႔ ဘ႑ာေရး ဝန္ႀကီးဌာနက ခြင့္ျပဳခဲ့ပါတယ္။

"ဒါဟာ ႀကီးမားတဲ့ ေျခလွမ္းတခုပါ။ အေမရိကန္အစိုးရက တာဝန္ယူလုပ္ေဆာင္ခဲ့တာကို ကြၽန္ေတာ္ ေက်းဇူးတင္ပါတယ္။ တျခား ကြၽန္ေတာ္တို႔နဲ႔ သေဘာဆႏၵတူတဲ့ သူေတြကလည္း ပစ္မွတ္ထား အေရးယူတာေတြ ျပဌာန္းခဲ့ပါတယ္။ အဲဒီအထဲမွာ ဥေရာပ သမဂၢလည္း ပါပါတယ္။ ဒါေပမဲ့ စစ္တပ္ရဲ႕ အဓိက စီးပြားေရးပင္မေသြးေၾကာကို ျဖတ္ႏိုင္ဖို႔၊ စစ္လက္နက္ေတြ မပိုင္ဆိုင္ဖို႔ အတြက္ ဒီထက္မက လုပ္ရပါလိမ့္မယ္။" လို႔ အထက္လႊတ္ေတာ္ ႏိုင္ငံျခား ဆက္ဆံေရးေကာ္တီဥကၠ႒ Edward Markey က ေျပာပါတယ္။

ဒါေပမဲ့လည္း ျမန္မာ့အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံရဲ႕ အခန္းက႑ အဓိက က်တယ္ဆိုတာကို အေမရိကန္ အထက္လႊတ္ေတာ္အမတ္ေတြ ဝန္ခံေျပာဆိုပါတယ္။ ဒီအေပၚ ႏိုင္ငံျခားေရး ဆက္ဆံေရး ေကာ္မတီ အဖြဲ႕ဝင္ ယူတားျပည္နယ္ ရီပတ္ဗလစ္ကန္ အထက္လႊတ္ေတာ္အမတ္ Mitt Romney က အခုလို ေျပာသြားပါတယ္။

"လက္ရွိ ျမန္မာ စစ္တပ္သြားေနတဲ့ လမ္းေၾကာင္း ေျပာင္းလဲသြားေအာင္ ခ်မွတ္ထားတဲ့ အေရးယူ ဒဏ္ခတ္မႈေတြ ကြၽန္ေတာ္တို႔ဘက္က မရွိသေလာက္ပါပဲ၊ တ႐ုတ္ ႏိုင္ငံက ဒါကို လုပ္ႏိုင္ပါတယ္။ အိႏၵိယကေတာ့ အဲဒီေလာက္မဟုတ္ေတာင္ နည္းနည္း လုပ္ႏိုင္ပါတယ္။ တ႐ုတ္ႏိုင္ငံက အဓိကပါ။"

Maine ျပည္နယ္ ဒီမိုကရက္တစ္ ေအာက္လႊတ္ေတာ္အမတ္ေဟာင္း၊ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢရဲ႕ အထူးကိုယ္စားလွယ္ Tom Andrews ကေတာ့ ဒီလို ပိတ္ဆို႔တာကို ႀကိဳဆိုခဲ့ပါတယ္။ ဒီလို အေရးယူမႈေတြအျပင္ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ လုပ္ငန္းေတြအေပၚမွာလည္း ပိတ္ဆို႔ဒဏ္ခတ္ဖို႔ သူက တိုက္တြန္းခဲ့ပါတယ္။

"စစ္အုပ္ခ်ဳပ္ေရးအဖြဲ႕ရဲ႕ အဓိကပိုင္တဲ့ စီးပြားေရး လုပ္ငန္းေကာ္ပိုေရးရွင္း ႀကီးေတြကိုပါ အေရးယူ ဒဏ္ခတ္ဖို႔ အေမရိကန္ အစိုးရက ေၾကညာလိုက္တာကို ကြၽန္ေတာ္ ခ်ီးက်ဴးပါတယ္။ ဒါက သိပ္ကို အေရးပါတဲ့ ေရွ႕တိုး ေဆာင္႐ြက္ခ်က္ျဖစ္ပါတယ္။ စစ္အုပ္ခ်ဳပ္ေရးအဖြဲ႕ ရာဇဝတ္မႈေတြက်ဳးလြန္ႏိုင္ဖို႔ အမ်ားဆုံး ဝင္ေငြရေစတဲ့ အဓိက ဝင္ေငြရေပါက္ ေရနံနဲ႔ သဘာ၀ ဓါတ္ေငြ႕လုပ္ငန္းေတြကိုလည္း ပိတ္ဆို႔ ဒဏ္ခတ္သြားဖို႔ အေမရိကန္ အစိုးရကို ကြၽန္ေတာ္ တိုက္တြန္းခ်င္ပါတယ္။"

ျမန္မာႏိုင္ငံမွာ ဒိမိုကေရစီအစိုးရ ျပန္ၿပီး တည္ေဆာက္ႏိုင္ဖို႔အတြက္ ႏိုင္ငံတကာနဲ႔ ဖိအားနဲ႔ သံတမန္ေရးလႈပ္ရွားမႈေတြ ဟန္ခ်က္ညီညီ ေပါင္းစပ္ဖို႔ လိုတယ္လို႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢရဲ႕ အထူးကိုယ္စားလွယ္ Tom Andrews က အေလးေပးေျပာဆိုသြားပါတယ္။

"ျမန္မာျပည္သူေတြအေနနဲ႔ အေမရိကန္ျပည္ေထာင္စုနဲ႔ ကမာၻႀကီးဟာ သူတို႔နဲ႔ အတူ ရွိေနၿပီး အေျပာသက္သက္နဲ႔ မဟုတ္ဘဲ အလုပ္နဲ႔ လက္ေတြ႕ျပေနတယ္ဆိုတာကို သိဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ အဆက္အစပ္ရွိရွိ ပိုၿပီး ျပင္းထန္တဲ့ ဖိအားေတြေပး ေဆာင္႐ြက္သြားမွာျဖစ္သလို လူထု အာဏာဖီဆန္ေရး လႈပ္ရွားမႈအေပၚလည္း သံတမန္ေရးအရ ထိေတြ႕ဆက္ဆံရင္း ဆက္လက္ ေထာက္ခံၿပီး ေပါင္းစပ္လႈပ္ရွားသြားမွာျဖစ္ပါတယ္။ ျပည္တြင္းက ၿငိမ္းခ်မ္းတဲ့ လူထုလႈပ္ရွားမႈေတြ၊ ႏိုင္ငံတကာ ဖိအား၊ သံခင္းတမန္ခင္း အရွိန္၊ ဒီလို အင္အားႀကီးတဲ့ ေပါင္းစပ္လႈပ္ရွားမႈေတြက လက္နက္ကိုင္ အာဏာရယူထားတာကို အႏိုင္ယူဖို႔ အတြက္ ခိုင္မာအားေကာင္းတဲ့ အခြင့္အလမ္းေတြျဖစ္တယ္ဆိုတာကိုေျပာျပခ်င္ပါတယ္။"

ျမန္မာ အရပ္သားအစိုးရကို စစ္ေခါင္းေဆာင္ေတြက ဖယ္ရွားၿပီး အာဏာသိမ္းခဲ့တာနဲ႔၊ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ ႏွိမ္နင္းေနတာအတြက္ တာဝန္ရွိသူေတြအေပၚ အေမရိကန္က အေရးယူဒဏ္ခတ္မႈေတြ လုပ္ေနတာပါ။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြ၊ အလုပ္မဆင္းဘဲ စစ္အုပ္ခ်ဳပ္ေရးကို ဖီဆန္တဲ့ CDM လႈပ္ရွားမႈ လုပ္ေနသူေတြကို စစ္တပ္က အၾကမ္းဖက္၊ အေႏွာင့္အယွက္ျပဳ ႏွိမ္နင္းေနတာေတြကို တုံ႔ျပန္တဲ့အေနနဲ႔ စစ္တပ္အရာရွိ ၂ ေယာက္နဲ႔ တပ္မ ၂ ခုကို အေမရိကန္အစိုးရက ဒဏ္ခတ္ ပိတ္ဆို႔ အေရးယူခဲ့ပါတယ္။မေန႔တုန္းကလည္း ျမန္မာစစ္တပ္ထိန္းခ်ဳပ္ထားတဲ့ စီးပြားေရးလုပ္ငန္းႀကီး ၂ ခု ျဖစ္တဲ့ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ (MEHL) နဲ႔ ျမန္မာ့ စီးပြားေရး ေကာ္ပိုေရးရွင္း (MEC) တို႔ကို အေမရိကန္အစိုးရက အေရးယူ ဒဏ္ခတ္ ပိတ္ဆို႔လိုက္ေၾကာင္း ေၾကညာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ကန႔္ကြက္ရႈတ္ခ်တဲ့ ဆုံးျဖတ္ခ်က္တရပ္ကိုလည္း အေမရိကန္ ေအာက္လႊတ္ေတာ္မွာ သိပ္မၾကာေသးခင္ကပဲ တခဲနက္ မဲခြဲ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဒီလို ေအာက္လႊတ္ေတာ္ရဲ႕ ဆုံးျဖတ္ခ်က္ ထြက္လာၿပီး ရက္ပိုင္းအတြင္းမွာပဲ အထက္လႊတ္ေတာ္ ႏိုင္ငံျခား ဆက္ဆံေရး ေကာ္မတီမွာ အခုလို ျမန္မာ့အေရး ေဆြးေႏြးေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။


...........

စစ်အာဏာသိမ်းမှုတုံံံ့ပြန်ရေး ကန် ဆီးနိတ် နိုင်ငံခြားရေးကော်မီတီ ကြားနာ

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက ဘယ်လို တုန့်ပြန်သင့်သလဲဆိုတာကို ကြာသပတေးနေ့က အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ကြားနာပွဲတရပ်ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေး ဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Atul Keshap ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ ယာယီ ဒုတိယလက်ထောက်ဝန်ကြီး Scott Busby တို့နဲ့ အတူ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews နဲ့ အမေရိကန်ပြည်ထောင်စု အမျိုးသမီးရေးရာ သံအမတ်ကြီးဟောင်း Kelley Currie တို့ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

အာဏာသိမ်းမှုအပေါ် သမ္မတ Biden အစိုးရရဲ့ တုံ့ပြန်မှုက အချိန်မှီ မြန်ဆန်တဲ့အတွက် ဒီ အကျပ်အတည်းအပေါ် အာရုံစိုက်တာကို ချီးကျုးလိုပါတယ်ဆိုပြီး အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်တီဥက္ကဋ္ဌ Edward Markey က ချီးကျုးပြောဆိုခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာပဲ သမ္မတ Biden က အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး စစ်ခေါင်းဆောင်တွေ သူတို့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပစ်မှတ်ထား အရေးယူဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ခွင့်ပြုခဲ့ပါတယ်။

"ဒါဟာ ကြီးမားတဲ့ ခြေလှမ်းတခုပါ။ အမေရိကန်အစိုးရက တာဝန်ယူလုပ်ဆောင်ခဲ့တာကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ တခြား ကျွန်တော်တို့နဲ့ သဘောဆန္ဒတူတဲ့ သူတွေကလည်း ပစ်မှတ်ထား အရေးယူတာတွေ ပြဌာန်းခဲ့ပါတယ်။ အဲဒီအထဲမှာ ဥရောပ သမဂ္ဂလည်း ပါပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ အဓိက စီးပွားရေးပင်မသွေးကြောကို ဖြတ်နိုင်ဖို့၊ စစ်လက်နက်တွေ မပိုင်ဆိုင်ဖို့ အတွက် ဒီထက်မက လုပ်ရပါလိမ့်မယ်။" လို့ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်တီဥက္ကဋ္ဌ Edward Markey က ပြောပါတယ်။

ဒါပေမဲ့လည်း မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ အဓိက ကျတယ်ဆိုတာကို အမေရိကန် အထက်လွှတ်တော်အမတ်တွေ ဝန်ခံပြောဆိုပါတယ်။ ဒီအပေါ် နိုင်ငံခြားရေး ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင် ယူတားပြည်နယ် ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် Mitt Romney က အခုလို ပြောသွားပါတယ်။

"လက်ရှိ မြန်မာ စစ်တပ်သွားနေတဲ့ လမ်းကြောင်း ပြောင်းလဲသွားအောင် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ကျွန်တော်တို့ဘက်က မရှိသလောက်ပါပဲ၊ တရုတ် နိုင်ငံက ဒါကို လုပ်နိုင်ပါတယ်။ အိန္ဒိယကတော့ အဲဒီလောက်မဟုတ်တောင် နည်းနည်း လုပ်နိုင်ပါတယ်။ တရုတ်နိုင်ငံက အဓိကပါ။"

Maine ပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ်ဟောင်း၊မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် Tom Andrews ကတော့ ဒီလို ပိတ်ဆို့တာကို ကြိုဆိုခဲ့ပါတယ်။ ဒီလို အရေးယူမှုတွေအပြင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေအပေါ်မှာလည်း ပိတ်ဆို့ဒဏ်ခတ်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

"စစ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဓိကပိုင်တဲ့ စီးပွားရေး လုပ်ငန်းကော်ပိုရေးရှင်း ကြီးတွေကိုပါ အရေးယူ ဒဏ်ခတ်ဖို့ အမေရိကန် အစိုးရက ကြေညာလိုက်တာကို ကျွန်တော် ချီးကျူးပါတယ်။ ဒါက သိပ်ကို အရေးပါတဲ့ ရှေ့တိုး ဆောင်ရွက်ချက်ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအဖွဲ့ ရာဇဝတ်မှုတွေကျုးလွန်နိုင်ဖို့ အများဆုံး ဝင်ငွေရစေတဲ့ အဓိက ဝင်ငွေရပေါက် ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့လုပ်ငန်းတွေကိုလည်း ပိတ်ဆို့ ဒဏ်ခတ်သွားဖို့ အမေရိကန် အစိုးရကို ကျွန်တော် တိုက်တွန်းချင်ပါတယ်။"

မြန်မာနိုင်ငံမှာ ဒိမိုကရေစီအစိုးရ ပြန်ပြီး တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတကာနဲ့ ဖိအားနဲ့ သံတမန်ရေးလှုပ်ရှားမှုတွေ ဟန်ချက်ညီညီ ပေါင်းစပ်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် Tom Andrews က အလေးပေးပြောဆိုသွားပါတယ်။

"မြန်မာပြည်သူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကြီးဟာ သူတို့နဲ့ အတူ ရှိနေပြီး အပြောသက်သက်နဲ့ မဟုတ်ဘဲ အလုပ်နဲ့ လက်တွေ့ပြနေတယ်ဆိုတာကို သိဖို့လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အဆက်အစပ်ရှိရှိ ပိုပြီး ပြင်းထန်တဲ့ ဖိအားတွေပေး ဆောင်ရွက်သွားမှာဖြစ်သလို လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုအပေါ်လည်း သံတမန်ရေးအရ ထိတွေ့ဆက်ဆံရင်း ဆက်လက် ထောက်ခံပြီး ပေါင်းစပ်လှုပ်ရှားသွားမှာဖြစ်ပါတယ်။ ပြည်တွင်းက ငြိမ်းချမ်းတဲ့ လူထုလှုပ်ရှားမှုတွေ၊ နိုင်ငံတကာ ဖိအား၊ သံခင်းတမန်ခင်း အရှိန်၊ ဒီလို အင်အားကြီးတဲ့ ပေါင်းစပ်လှုပ်ရှားမှုတွေက လက်နက်ကိုင် အာဏာရယူထားတာကို အနိုင်ယူဖို့ အတွက် ခိုင်မာအားကောင်းတဲ့ အခွင့်အလမ်းတွေဖြစ်တယ်ဆိုတာကိုပြောပြချင်ပါတယ်။"

မြန်မာ အရပ်သားအစိုးရကို စစ်ခေါင်းဆောင်တွေက ဖယ်ရှားပြီး အာဏာသိမ်းခဲ့တာနဲ့၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းနေတာအတွက် တာဝန်ရှိသူတွေအပေါ် အမေရိကန်က အရေးယူဒဏ်ခတ်မှုတွေ လုပ်နေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေ၊ အလုပ်မဆင်းဘဲ စစ်အုပ်ချုပ်ရေးကို ဖီဆန်တဲ့ CDM လှုပ်ရှားမှု လုပ်နေသူတွေကို စစ်တပ်က အကြမ်းဖက်၊ အနှောင့်အယှက်ပြု နှိမ်နင်းနေတာတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်အရာရှိ ၂ ယောက်နဲ့ တပ်မ ၂ ခုကို အမေရိကန်အစိုးရက ဒဏ်ခတ် ပိတ်ဆို့ အရေးယူခဲ့ပါတယ်။မနေ့တုန်းကလည်း မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီး ၂ ခု ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ် ပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကိုလည်း အမေရိကန် အောက်လွှတ်တော်မှာ သိပ်မကြာသေးခင်ကပဲ တခဲနက် မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလို အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီမှာ အခုလို မြန်မာ့အရေး ဆွေးနွေးပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

 https://burmese.voanews.com/a/myanmar-situation-us-senate-commitee-meeting-/5829223.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.