Breaking

March 18, 2021

တာမွေမှာ ဆက်တိုက်ပစ်ခတ်နေ၊ ၁၇ ဦးဖမ်းခံရ

 2021-03-18

ရန်ကုန်၊ တာမွေမြို့နယ်ထဲမှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ကျောက်မြောင်း ရပ်ကွက်ထဲမှာ မတ်လ ၁၈ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်ကစပြီး စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီကနေ့ တာမွေမြို့နယ်ထဲမှာ ဖမ်းဆီးခံရတဲ့သူ အနည်းဆုံး ၁၇ ဦး ရှိတယ်လို့ နွေဦးတော်လှန်ရေး တွစ်တာ စာမျက်နှာမှာ ရေးထားပါတယ်။

အသက် ၁၃ နှစ် မိန်းကလေးငယ်တစ်ဦး ပစ်ခတ်ခံခဲ့ရပြီး အသက်သေဆုံးသွားလား မသိရသေးပေမယ့် စစ်တပ်နဲ့ ရဲတွေက သူ့ကိုဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

တာမွေမှာ ဒီနေ့ လူငယ်တွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်ရှိနေသလို၊ စစ်တပ်နဲ့ ရဲတွေက ဒီနေ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံက RFA ကိုပြောပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ဖြိုခွဲခဲ့ပြီး ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးသွားတဲ့ မှတ်တမ်းဓာတ်ပုံတွေ လည်း Facebook စာမျက်နှာတွေမှာ တွေ့ရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တစ်ဦးကို မြေပြင်မှာ ဒူးထောက်ခိုင်းပြီး သေနတ်နဲ့ ချိန်ရွယ်ထားတာကိုလည်း ပုံထဲမှာတွေ့ရပါတယ်။

 https://www.rfa.org/burmese/news/yangon-tamwe-arrested-military-coup-03182021062629.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.