Breaking

March 17, 2021

ပိုက္လိုင္းေတြ အကာအကြယ္ေပးဖို႔ ျမန္မာစစ္အာဏာပိုင္ေတြကို တ႐ုတ္ေျပာ


ရခိုင္ျပည္နယ္ေက်ာ္ျဖဴျမိဳ ့နယ္ရွိ တရုတ္-ျမန္မာ ဂတ္စ္ပိုက္လိုင္း (ဓာတ္ပံု-VOA)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံေရးတင္းမာမႈေတြ ႀကီးထြားလာေနခ်ိန္မွာပဲ ျမန္မာနဲ႔ တ႐ုတ္ႏိုင္ငံၾကား သြယ္တန္းထားတဲ့ ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႕ ပိုက္လိုင္းေတြ လုံျခံဳေအာင္ အကာအကြယ္ေပးဖို႔ ျမန္မာစစ္တပ္ကို တ႐ုတ္ႏိုင္ငံက ေျပာဆိုထားေၾကာင္း ျပင္ပကို ေပါက္ၾကားခဲ့တဲ့ အစည္းအေ၀းမွတ္တမ္းတခုမွာ ေဖာ္ျပထားပါတယ္။

ျမန္မာအာဏာပိုင္ေတြနဲ႔ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔က ေတြ႕ဆုံရာမွာ ပိုက္လိုင္းတေလွ်ာက္ လုံျခံဳေရး တိုးျမွင့္ဖို ႔ ေျပာဆိုခဲ့ေၾကာင္း ဗြီအိုေအက ရရွိထားတဲ့ အစည္းအေ၀း မွတ္တမ္းမွာ ေဖာ္ျပထားတာပါ။ ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းဆီးဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့အေပၚ အေနာက္ႏိုင္ငံေတြက ျပင္းျပင္းထန္ထန္ ေ၀ဖန္ျပစ္တင္မႈေတြ၊ အေရးယူဒဏ္ခတ္မႈေတြနဲ႔ တုန္႔ျပန္ေနေပမဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ျပည္တြင္းေရးအျဖစ္ ေျပာဆိုထားတာေၾကာင့္ အာဏာသိမ္းမႈ ဆန္႔က်င္သူေတြၾကား ကန္႔ကြက္မႈေတြ ရွိခဲ့သလို၊ တ႐ုတ္ႏိုင္ငံနဲ႔ သြယ္တန္းထားတဲ့ ပိုက္လိုင္းေတြ တိုက္ခိုက္ခံရရင္လည္း ျပည္တြင္းေရးသာ ျဖစ္လိမ့္မယ္ဆိုၿပီး လူမႈကြန္ရက္ေတြမွာ ၿခိ္မ္းေျခာက္တဲ့ သေဘာထားေတြလည္း ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီးဌာနကေတာ့ ျမန္မာႏိုင္ငံအေပၚ ရပ္တည္ခ်က္ကို ေသာၾကာေန႔မွာပဲ ထပ္မံေျပာဆိုခဲ့တာပါ။

“တ႐ုတ္ႏိုင္ငံရဲ႕ ျမန္မာႏိုင္ငံအေပၚ ရင္းႏွီးတဲ့ မူဝါဒဟာ ျမန္မာျပည္သူေတြ အားလုံးအတြက္ လမ္းဖြင့္ထားပါတယ္။ အမ်ဳိးသား ဒီမိုကေရစီ အဖဲြ႕ခ်ဳပ္ NLD ပါတီ အပါအ၀င္ ပါတီေတြ၊ အုပ္စုေတြ အားလုံးနဲ႔လည္း တ႐ုတ္ႏိုင္ငံက ရင္းႏွီးတဲ့ဆက္ဆံေရး ကာလၾကာရွည္ ရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံက လူတန္းစား အလႊာအသီးသီးနဲ႔လည္း ရင္းရင္းႏွီးႏွီးဆက္ဆံ ရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ အေျခအေနေတြ ဘယ္လိုပဲေျပာင္းေျပာင္း ၂ ႏိုင္ငံ ဆက္ဆံေရး တိုးႁမွင့္ဖို႔ တ႐ုတ္ႏိုင္ငံက စိတ္ပိုင္းျဖတ္ထားပါတယ္။” လို႔ တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian ေဘဂ်င္းၿမိဳ႕ေတာ္က သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုသြားတာပါ။

ၿပီးခဲ့တဲ့လ ေႏွာင္းပိုင္းတုန္းက ေတြ႕ဆုံမႈအတြင္းမွာပဲ တ႐ုတ္ႏိုင္ငံနဲ႔ ပတ္သက္လို႔ ျမန္မာသတင္းမီဒီယာေတြမွာ အျပဳသေဘာ ေရးသားေဖာ္ျပဖို႔ ျမန္မာအာဏာပိုင္ေတြကို တ႐ုတ္အစိုးရ တာ၀န္ရွိသူေတြက ေျပာဆိုခဲ့ေၾကာင္းလည္း ျပင္ပကို ေပါက္ၾကားခဲ့ အစည္းအေ၀း မွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။

.........................................................

ပိုက်လိုင်းတွေ အကာအကွယ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တရုတ်ပြော

(Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ မြန်မာနဲ့ တရုတ်နိုင်ငံကြား သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ လုံခြုံအောင် အကာအကွယ်ပေးဖို့ မြန်မာစစ်တပ်ကို တရုတ်နိုင်ငံက ပြောဆိုထားကြောင်း ပြင်ပကို ပေါက်ကြားခဲ့တဲ့ အစည်းအဝေးမှတ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ဆုံရာမှာ ပိုက်လိုင်းတလျှောက် လုံခြုံရေး တိုးမြှင့်ဖို့ ပြောဆိုခဲ့ကြောင်း ဗွီအိုအေက ရရှိထားတဲ့ အစည်းအဝေး မှတ်တမ်းမှာ ဖော်ပြထားတာပါ။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုတွေ၊ အရေးယူဒဏ်ခတ်မှုတွေနဲ့ တုန့်ပြန်နေပေမဲ့ တရုတ်နိုင်ငံကတော့ ပြည်တွင်းရေးအဖြစ် ပြောဆိုထားတာကြောင့် အာဏာသိမ်းမှု ဆန့်ကျင်သူတွေကြား ကန့်ကွက်မှုတွေ ရှိခဲ့သလို၊ တရုတ်နိုင်ငံနဲ့ သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေ တိုက်ခိုက်ခံရရင်လည်း ပြည်တွင်းရေးသာ ဖြစ်လိမ့်မယ်ဆိုပြီး လူမှုကွန်ရက်တွေမှာ ခြိမ်းခြောက်တဲ့ သဘောထားတွေလည်း ပျံ့နှံ့ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်ကို သောကြာနေ့မှာပဲ ထပ်မံပြောဆိုခဲ့တာပါ။

“တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ရင်းနှီးတဲ့ မူဝါဒဟာ မြန်မာပြည်သူတွေ အားလုံးအတွက် လမ်းဖွင့်ထား ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အပါအဝင် ပါတီတွေ၊ အုပ်စုတွေ အားလုံးနဲ့လည်း တရုတ်နိုင်ငံက ရင်းနှီးတဲ့ဆက်ဆံရေး ကာလကြာရှည် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက လူတန်းစား အလွှာအသီးသီး နဲ့လည်း ရင်းရင်းနှီးနှီးဆက်ဆံ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ တရုတ်နိုင်ငံက စိတ်ပိုင်းဖြတ်ထားပါတယ်။” လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ပြီးခဲ့တဲ့လ နှောင်းပိုင်းတုန်းက တွေ့ဆုံမှုအတွင်းမှာပဲ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ မြန်မာသတင်းမီဒီယာတွေမှာ အပြုသဘော ရေးသားဖော်ပြဖို့ မြန်မာအာဏာပိုင်တွေကို တရုတ်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြောင်း လည်း ပြင်ပကို ပေါက်ကြားခဲ့ အစည်းအဝေး မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

https://burmese.voanews.com/a/Myanmar-china-gas-pipeline-security-military-coup-noninterference-leaks-/5812479.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.