Breaking

March 17, 2021

ျမန္မာအေရး ပူးေပါင္းေဆာင္ရြက္ဖို႔ ကန္-ဂ်ပန္ ၀န္ႀကီးအဆင္႔ ေဆြးေႏြး

 


အေမရိကန္-ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ကာကြယ္ေရးဝန္ႀကီးေတြ ေတြ႔ဆံုတဲ့ ျမင္ကြင္း။ (မတ္ ၁၆၊ ၂၀၂၁)
(Zawgyi/Unicode)

အင္ဒို-ပစိဖိတ္ေဒသတြင္း ၾကီးထြားလာေနတဲ့ တရုတ္လႊမ္းမိုးမွု စတဲ့ စိုးရိမ္မွုေတြကို ေဆြးေႏြးဖို ့အေမရိကန္နိုင္ငံျခားေရး၀န္ႀကီး Antony Blinken ဟာ ဂ်ပန္နုိင္ငံျခားေရး၀န္ႀကီး Toshimitsu Motegi နဲ ့ တိုက်ိဴၿမိဳ႕မွာ အဂၤါေန ့က ေတြ ့ဆံုခဲ့ပါတယ္။

“ က်ေနာ္တို ့ရဲ့ ေ၀မွ်ထားတဲ့ တန္ဖိုးေတြနဲ ့ က်ေနာ္တို ့ယံုၾကည္တဲ့ ဒီမိုကေရစီ၊ လူ႕အခြင့္အေရးနဲ ့တရားဥပေဒစိုးမိုးေရးေတြကို အေထာက္အပံ့ေပးရာမွာ က်ေနာ္တို ့အတူတကြပဲ ရပ္တည္ ေနၾကပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဒီတန္ဖိုးေတြဟာ က်ေနာ္တို ့ကို ပိုမိုသန္မာေစတယ္ဆိုတာ က်ေနာ္တို ့တိုင္းျပည္ေတြမွာ ျမင္ေတြ ့ခဲ့ၾကရျပီးျဖစ္တယ္။ ျမန္မာအပါအ၀င္ ေဒသတြင္းက ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဒါမွမဟုတ္ တရုတ္နိုင္ငံမွာလည္း တနည္းတဖံုနဲ ့ဒီတန္ဖိုးေတြကို ျခိမ္းေျခာက္ခံေနရတာေၾကာင့္လည္းျဖစ္တယ္။”

Blinken နဲ ့အတူ ကာကြယ္ေရး၀န္ၾကီး Lloyd Austin တို ့လည္း “two plus two" လို ့ေခၚတဲ့ လံုျခံဳေရးဆိုင္ရာကိစၥရပ္ေတြကို သူတို ့ရဲ့ အဆင့္တူေတြနဲ ့ေျပာဆိုၾကဖို ့ ဂ်ပန္ႏိုင္ငံရဲ့ ၿမိဳ႕ေတာ္မွာ ေရာက္ရွိေနၾကတာျဖစ္ပါတယ္။

Motegi နဲ ့ေဆြးေႏြးပြဲအတြင္း Blinken က အေမရိကန္-ဂ်ပန္ မဟာမိတ္ျပဳမွုဆိုင္ရာ ကိစၥရပ္ေတြကို ေျပာဆိုခဲ့သလို ျမန္မာနိုင္ငံစစ္အာဏာသိမ္းယူမွုကိုရည္ညႊန္းၿပီး တရားဥပေဒစိုးမိုးမႈ နဲ ့ပူးေပါင္း ေဆာင္ရြက္ေရးေတြကိုလည္း ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယားက ျပန္ေပးဆြဲသြားတဲ့ ႏိုင္ငံသားေတြကို ျပန္လည္ရယူေရး ဂ်ပန္ႏိုင္ငံရဲ႕ အားထုတ္မႈကိုလည္း ေထာက္ခံေၾကာင္းလည္း Blinken က ေျပာဆိုခဲ့ပါတယ္။

Blinken နဲ ့Austin တို ့ရဲ့ ဂ်ပန္ႏိုင္ငံကို လာေရာက္လည္ပတ္မႈဟာ သမၼတ ဘိုင္ဒန္အစိုးရရဲ႕ ေဒသတြင္း အေရးပါတဲ့ မဟာမိတ္ေတြနဲ ့ဆက္ဆံေရးကို ထပ္ေလာင္းအတည္ျပဳတာလည္းျဖစ္ပါတယ္။

...........

မြန်မာအရေး ပူးပေါင်းဆောင်ရွက်ဖို့ ကန်-ဂျပန် ဝန်ကြီးအဆင့် ဆွေးနွေး

(Unicode)

အင်ဒို-ပစိဖိတ်ဒေသတွင်း ကြီးထွားလာနေတဲ့ တရုတ်လွှမ်းမိုးမှု စတဲ့ စိုးရိမ်မှုတွေကို ဆွေးနွေးဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ တိုကျိူမြို့မှာ အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။

“ ကျနော်တို့ရဲ့ ဝေမျှထားတဲ့ တန်ဖိုးတွေနဲ့ ကျနော်တို့ယုံကြည်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့တရားဥပဒေစိုးမိုးရေးတွေကို အထောက်အပံ့ပေးရာမှာ ကျနော်တို့အတူတကွပဲ ရပ်တည် နေကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီတန်ဖိုးတွေဟာ ကျနော်တို့ကို ပိုမိုသန်မာစေတယ်ဆိုတာ ကျနော်တို့တိုင်းပြည်တွေမှာ မြင်တွေ့ခဲ့ကြရပြီးဖြစ်တယ်။ မြန်မာအပါအဝင် ဒေသတွင်းက နေရာတော်တော်များများမှာ ဒါမှမဟုတ် တရုတ်နိုင်ငံမှာလည်း တနည်းတဖုံနဲ့ဒီတန်ဖိုးတွေကို ခြိမ်းခြောက်ခံနေရတာကြောင့်လည်းဖြစ်တယ်။”

Blinken နဲ့အတူ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့လည်း “two plus two" လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို သူတို့ရဲ့ အဆင့်တူတွေနဲ့ပြောဆိုကြဖို့ ဂျပန်နိုင်ငံရဲ့ မြို့တော်မှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။

Motegi နဲ့ဆွေးနွေးပွဲအတွင်း Blinken က အမေရိကန်-ဂျပန် မဟာမိတ်ပြုမှုဆိုင်ရာ ကိစ္စရပ်တွေကို ပြောဆိုခဲ့သလို မြန်မာနိုင်ငံစစ်အာဏာသိမ်းယူမှုကိုရည်ညွှန်းပြီး တရားဥပဒေစိုးမိုးမှု နဲ့ပူးပေါင်း ဆောင်ရွက်ရေးတွေကိုလည်း ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားက ပြန်ပေးဆွဲသွားတဲ့ နိုင်ငံသားတွေကို ပြန်လည်ရယူရေး ဂျပန်နိုင်ငံရဲ့ အားထုတ်မှုကိုလည်း ထောက်ခံကြောင်းလည်း Blinken က ပြောဆိုခဲ့ပါတယ်။

Blinken နဲ့Austin တို့ရဲ့ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်မှုဟာ သမ္မတ ဘိုင်ဒန်အစိုးရရဲ့ ဒေသတွင်း အရေးပါတဲ့ မဟာမိတ်တွေနဲ့ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုတာလည်းဖြစ်ပါတယ်။

 https://burmese.voanews.com/a/japan-us-summit-on-myanmar-situation-/5817110.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.