Breaking

April 22, 2021

ျမန္မာ႔သစ္လုပ္ငန္း နဲ႔ ပုလဲလုပ္ငန္း အေမရိကန္ ဒဏ္ခတ္ပိတ္ဆို႔


၂၀၂၁ ဧၿပီလ ၁ ရက္ေန႔တုန္းက က်င္းပတဲ့ ေက်ာက္မ်က္ရတနာျပပြဲကို အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တက္ေရာက္ ( ဓါတ္ပံု- Senior General Min Aung Hlaing .com )
{{Zawgyi/Unicode}}

ျမန္မာစစ္ေကာင္စီရဲ႕ အဓိကစီးပြားေရးလုပ္ငန္းအရင္းအျမစ္ေတြကို ေနာက္ထပ္ ပိတ္ဆို႔ အေရးယူတဲ့အေနနဲ႔ ျမန္မာ့သစ္လုပ္ငန္း (MTE) ႏွင့္ျမန္မာ့ပုလဲလုပ္ငန္း (MPE) တို႔ကို အေမရိကန္အစိုးရက ပိတ္ဆို႔ဒဏ္ခတ္လိုက္ေၾကာင္း ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ အေမရိကန္ဘ႑ာေရးဌာနက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

အေမရိကန္အစိုးရက ျမန္မာစစ္ေကာင္စီရဲ႕ စီးပြားေရးအရင္းအျမစ္ေတြကို ဆက္တိုက္ပစ္မွတ္ထား ပိတ္ဆို႔အေရးယူေနတာေတြဟာ အာဏာသိမ္းမႈနဲ႔ ဆက္စပ္ေနတဲ့ အၾကမ္းဖက္မႈေတြအတြက္ တာ၀န္ရွိသူေတြနဲ႔ သူတို႔အတြက္ ဘ႑ာေငြရွာေဖြေပးေနတဲ့ လမ္းေၾကာင္းေတြကို တိတိက်က် ပစ္မွတ္ထား အေရးယူႏိုင္ေရး တိုးျမွင့္လုပ္ေဆာင္သြားမယ္ဆိုတာ ျမန္မာစစ္တပ္ကို သတိေပးလိုက္တာျဖစ္တယ္လို႔ ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ အေမရိကန္ႏိုင္ငံျခားေရးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ျမန္မာျပည္သူေတြရဲ႕ လႈပ္ရွားမႈေတြကို အေမရိကန္ျပည္ေထာင္စုက ဆက္လက္ေထာက္ခံသြားမွာျဖစ္ၿပီး အၾကမ္းဖက္မႈေတြကိုရပ္တန႔္ဖို႔၊ မတရားဖမ္းဆီး ထားသူအားလုံးကို ျပန္လႊတ္ေပးဖို႔နဲ႔ ျမန္မာႏိုင္ငံအေနနဲ႔

ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္လည္ေလွ်ာက္လွမ္းဖို႔ စစ္ေကာင္စီကို ေတာင္းဆိုေၾကာင္းလည္း အဲဒီေၾကညာခ်က္မွာ ေရးသားထားပါတယ္။

ဒါအျပင္ အေမရိကန္ႏိုင္ငံက ျမန္မာႏိုင္ငံႏွင့္ ျပဳလုပ္ထားတဲ့ ၂၀၁၃ ခုႏွစ္ ကုန္သြယ္မႈႏွင့္ရင္းႏွီးျမဳပ္ႏွံမႈ မူေဘာင္သေဘာတူညီခ်က္ (TIFA) ေတြကို ဆိုင္းငံ့လိုက္ေၾကာင္း မတ္လ ၂၉ ရက္ေန႔က အေမရိကန္အစိုးရ ထုတ္ျပန္ေၾကညာထားပါတယ္။


......................................

{{Unicode}}

မြန်မာစစ်ကောင်စီရဲ့ အဓိကစီးပွားရေးလုပ်ငန်းအရင်းအမြစ်တွေကို နောက်ထပ် ပိတ်ဆို့ အရေးယူတဲ့အနေနဲ့ မြန်မာ့သစ်လုပ်ငန်း (MTE) နှင့်မြန်မာ့ပုလဲလုပ်ငန်း (MPE) တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အမေရိကန်ဘဏ္ဍာရေးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။

အမေရိကန်အစိုးရက မြန်မာစစ်ကောင်စီရဲ့ စီးပွားရေးအရင်းအမြစ်တွေကို ဆက်တိုက်ပစ်မှတ်ထား ပိတ်ဆို့အရေးယူနေတာတွေဟာ အာဏာသိမ်းမှုနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေနဲ့ သူတို့အတွက် ဘဏ္ဍာငွေရှာဖွေပေးနေတဲ့ လမ်းကြောင်းတွေကို တိတိကျကျ ပစ်မှတ်ထား အရေးယူနိုင်ရေး တိုးမြှင့်လုပ်ဆောင်သွားမယ်ဆိုတာ မြန်မာစစ်တပ်ကို သတိပေးလိုက်တာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံသွားမှာဖြစ်ပြီး အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့၊ မတရားဖမ်းဆီး ထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံအနေနဲ့

ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်လျှောက်လှမ်းဖို့ စစ်ကောင်စီကို တောင်းဆိုကြောင်းလည်း အဲဒီကြေညာချက်မှာ ရေးသားထားပါတယ်။

ဒါအပြင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနှင့် ပြုလုပ်ထားတဲ့ ၂၀၁၃ ခုနှစ် ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှု မူဘောင်သဘောတူညီချက် (TIFA) တွေကို ဆိုင်းငံ့လိုက်ကြောင်း မတ်လ ၂၉ ရက်နေ့က အမေရိကန်အစိုးရ ထုတ်ပြန်ကြေညာထားပါတယ်။

 https://burmese.voanews.com/a/us-sanctions-myanmar-forest-and-pearl/5861668.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.