Breaking

April 22, 2021

အာဆီယံအစည္းအေဝး ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ လူကိုယ္တိုင္တက္မယ္

 


ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ (ဓာတ္ပံု - တပ္္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔)
{{Zawgyi/Unicode}}

အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာကာၿမိဳ႔မွာ လာမယ့္ ဧၿပီလ ၂၄ ရက္၊ စေနေန႔မွာက်င္းပမယ့္ ျမန္မာ့အေရး အေရးေပၚ အာဆီယံ ထိပ္သီးအစည္းအေဝးကို စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ လူကိုယ္တိုင္ တက္ေရာက္မွာျဖစ္တယ္လို႔ စစ္ေကာင္စီနဲ႔ နီးစပ္သူတစ္ဦးက VOA ကို အတည္ျပဳပါတယ္။

အာဆီယံထိပ္သီး အစည္းအေဝးတက္ေရာက္မယ့္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ဟာ ဂ်ကာတာၿမိဳ႔ကိုေရာက္ေနတဲ့ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ Christine Schraner Burgener နဲ႔ သီးျခားေတြ႔ဆံု ေဆြးေႏြးဖို႔ရွိတယ္လို႔လည္း အတည္ျပဳေျပာဆိုပါတယ္။

ဖိလစ္ပုိင္သမၼတ Rodrigo Duterte ကေတာ့ အာဆီယံအစည္းအေဝး တက္မွာမဟုတ္ဘူးလုိ႔ သမၼတရဲ႕ေျပာခြင့္ရက ဒီကေန႔ ေျပာပါတယ္။ စေနေန႔မွာ က်င္းပဖုိ႔စီစဥ္ထားတဲ့ ဒီစည္းေ၀းပြဲမွာ အာဆီယံေခါင္းေဆာင္ေတြ မ်က္ႏွာခ်င္းဆုိင္ ေဆြးေႏြးၾကမွာျဖစ္တဲ့အတြက္ သမၼတ Duterte အေနနဲ႔ မတက္ဖုိ႔ ဆုံးျဖတ္လုိက္တာျဖစ္ေၾကာင္း သမၼတရဲ႕ ေျပာခြင့္ရ Harry Rogue က ပုံမွန္ သတင္းစာရွင္းလင္းပြဲအတြင္း သတင္းေထာက္ေတြကုိ အဲဒီလုိ ေျပာၾကားလုိက္တာျဖစ္ၿပီး သမၼတကုိယ္စား ႏုိင္ငံျခားေရး၀န္ႀကီး Teodoro Locsin တက္မယ္လုိ႔ ေျပာပါတယ္။

ဒါေပမယ့္ ျမန္မာႏုိင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ႏုိင္ငံေရးအက်ပ္အတည္း ေျပလည္ေရးအတြက္ အာဆီယံအတြင္းေရးမွဴးခ်ဳပ္နဲ႔ လက္ရွိ အာဆီယံအလွည့္က်ဥကၠ႒ ဘရူႏုိင္းႏုိင္ငံတုိ႔ ျမန္မာႏုိင္ငံကုိ သြားေရာက္မယ့္ခရီးစဥ္ကုိ ဖိလစ္ပုိင္ႏုိင္ငံအေနနဲ႔ အျပည့္အ၀ ေထာက္ခံေၾကာင္း ေျပာပါတယ္။

.........................................................

{{Unicode}}

အင်ဒိုနီးရှားနိုင်ငံ ဂျကာကာမြို့မှာ လာမယ့် ဧပြီလ ၂၄ ရက်၊ စနေနေ့မှာကျင်းပမယ့် မြန်မာ့အရေး အရေးပေါ် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင် တက်ရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက VOA ကို အတည်ပြုပါတယ်။

အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်မယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂျကာတာမြို့ကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်လို့လည်း အတည်ပြုပြောဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကတော့ အာဆီယံအစည်းအဝေး တက်မှာမဟုတ်ဘူးလို့ သမ္မတရဲ့ပြောခွင့်ရက ဒီကနေ့ ပြောပါတယ်။ စနေနေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ဒီစည်းဝေးပွဲမှာ အာဆီယံခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် ဆွေးနွေးကြမှာဖြစ်တဲ့အတွက် သမ္မတ Duterte အနေနဲ့ မတက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း သမ္မတရဲ့ ပြောခွင့်ရ Harry Rogue က ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး သမ္မတကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin တက်မယ်လို့ ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်း ပြေလည်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံတို့ မြန်မာနိုင်ငံကို သွားရောက်မယ့်ခရီးစဉ်ကို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အပြည့်အ၀ ထောက်ခံကြောင်း ပြောပါတယ်။

https://burmese.voanews.com/a/myanmar-military-council-chief-will-attand-asean-meeting/5862937.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.