Breaking

April 12, 2021

ျမန္မာ့အေရး ခ်က္ျခင္းတုန႔္ျပန္ေဆာင္႐ြက္ဖို႔ အတြင္းေရးမႉးခ်ဳပ္ထံ ကုလအထူး အႀကံေပးေကာင္စီ ေတာင္းဆို

 


ပဲခူးၿမိဳ႕ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပ သပိတ္ခံတပ္ (ဧၿပီ ၉ ၊၂၀၂၁) (Photo း း HANTARWADI MEDIA via AFPTV "/ AFP)
ပဲခူးၿမိဳ႕က ပင္မသပိတ္စခန္းတခုကို ျမန္မာစစ္တပ္က ဝင္ေရာက္ၿဖိဳခြင္းတဲ့အခ်ိန္မွာ ျပည္သူ ၈၂ ဦးထက္မနည္းေသဆုံးခဲ့ရတဲ့အျပင္ ထိတ္လန႔္စရာအေျခအေနေတြေပၚေပါက္ေနတဲ့အတြက္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္အေနနဲ႔ ခ်က္ခ်င္းတုန႔္ျပန္ေဆာင္႐ြက္ဖို႔ ျမန္မာ့အေရး အထူးအႀကံေပးေကာင္စီအဖြဲ႕ SAC-M ကတိုက္တြန္း ေတာင္းဆိုလိုက္ပါတယ္။

ZAWGYI/UNICODE ပဲခူးၿမိဳ႕က ပင္မသပိတ္စခန္းတခုကို ျမန္မာစစ္တပ္က ဝင္ေရာက္ၿဖိဳခြင္းတဲ့အခ်ိန္မွာ ျပည္သူ ၈၂ ဦးထက္မနည္းေသဆုံးခဲ့ရတဲ့အျပင္ ထိတ္လန႔္စရာအေျခအေနေတြေပၚေပါက္ေနတဲ့အတြက္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္အေနနဲ႔ ခ်က္ခ်င္းတုန႔္ျပန္ေဆာင္႐ြက္ဖို႔ ျမန္မာ့အေရး အထူးအႀကံေပးေကာင္စီအဖြဲ႕ SAC-M ကတိုက္တြန္း ေတာင္းဆိုလိုက္ပါတယ္။

ပဲခူးၿမိဳ႕သပိတ္စခန္းတခုကို စစ္ဖက္တပ္ဖြဲ႕ဝင္ေတြက ေသာၾကာေန႔မနက္လင္းအားႀကီးအခ်ိန္မွာ ဝိုင္းၿပီး မဲမဲျမင္သမ ွ် အဆက္မျပတ္ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔လည္း SAC အဖြဲ႕ရဲ႕ ဧၿပီလ ၁၂ ရက္ေန႔ထုတ္ ေၾကျငာခ်က္မွာေဖာ္ျပထားပါတယ္။ အသတ္ခံရသူေတြရဲ႕ အေလာင္းေတြကိုဒ႐ြတ္တိုက္ဆြဲၿပီး ဘုရားဝင္းတခုထဲမွာ ဒဏ္ရာရထားသူေတြနဲ႔ ေရာၿပီးစုပုံထားတယ္လို႔လည္း ေျပာထားပါတယ္။ ဒဏ္ရာရသူေတြကိုလည္းေဆးကုသခြင့္မျပဳပဲ လူေသအေလာင္းေတြကိုေတာ့ စေနေန႔မနက္မွာ သယ္ထုတ္သြားတယ္လို႔လည္း ဆိုထားပါတယ္။

အာ႐ုံတက္ခ်ိန္မွာ ဝင္တိုက္ၿပီး လူအစုလိုက္အၿပဳံလိုက္သတ္တာ၊ အေလာင္းေတြစုပုံထားတာ၊ လူေသအေလာင္းေတြကို မေလးမစားျပဳမူတာ၊ သက္ေသအေထာက္အထားေတြကိုဖ်က္ဆီးပစ္တဲ့ ဒီလို လုပ္ရပ္မ်ိဳးေတြက စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးမွာ လုပ္ေနက်ပုံစံမ်ိဳးေတြျဖစ္ပါတယ္လို႔ ျမန္မာ့အေရအထူးအႀကံေပးအဖြဲ႕ SAC တည္ေထာင္သူတဦးျဖစ္တဲ့ Yanghee Lee ကေျပာထားပါတယ္။ စစ္တပ္ဟာ သူအကာအကြယ္ေပးရမယ့္ သူေတြကို မဆင္မျခင္သတ္ျဖတ္ေနတယ္လို႔လည္း မစၥ Yanghee Lee ကေျပာပါတယ္။

ပဲခူးၿမိဳ႕မွာ နာရီနဲ႔ခ်ီ မီးျပတ္သြားတဲ့ ေသာၾကာေန႔ေညေနခင္းမွာပဲ စစ္ဖြဲ႕တပ္ဖြဲ႕ဝင္ေတြက အိမ္ေတြထဲ ဝင္ေရာက္စီးနင္း ဖမ္းဆီးၿပီး ပစၥည္းေတြကို ဖ်က္ဆီး လုယူခဲ့ၾကတယ္လို႔လည္း ေၾကျငာခ်က္မွာေျပာထားပါတယ္။ ျမန္မာနဲ႔အေရွ႕ေတာင္အာရွႏိုင္ငံေတြကို အတြင္းေရးမႉးခ်ဳပ္သြားေရာက္ဖို႔လည္း SAC အဖြဲ႕က ပန္ၾကားထားပါတယ္။

ျပည္သူေတြကိုကာကြယ္ေပးရမယ့္ ကုသမဂၢရဲ႕တာဝန္ဝတၱရားအရ အတြင္းေရးမႉးခ်ဳပ္အေနနဲ႔ကုလသမဂၢလုံၿခဳံေရးေကာင္စီကို အေရးေပၚ ေခၚယူၿပီး အေရးယူူေဆာင္႐ြက္မႈေတြလုပ္ဖို႔လည္း ျမန္မာ့အေရးအထူးအႀကံေပးေကာင္စီရဲ႕ ေၾကျငာခ်က္မွာ တိုက္တြန္းထားပါတယ္။

Special Advisory Council of Myanmar (SAC-M) အဖြဲ႕ဟာ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ၊ လူ႔အခြင့္အေရး၊ ၿငိမ္းခ်မ္းေရး၊ တရားမွ်တမႈနဲ႔ တာဝန္ယူမႈ တာဝန္ခံမႈေတြ ေပၚေပါက္လာေရး ျမန္မာျပည္သူေတြရဲ႕ ႀကိဳးပမ္းမႈေတြကို ကူညီ ပံ့ပိုးေပးေရးအတြက္ လြတ္လပ္တဲ့ ႏိုင္ငံတကာကြၽမ္းက်င္သူေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕ျုဖစ္ပါတယ္။

UNICODE ပဲခူးမြို့က ပင်မသပိတ်စခန်းတခုကို မြန်မာစစ်တပ်က ဝင်ရောက်ဖြိုခွင်းတဲ့အချိန်မှာ ပြည်သူ ၈၂ ဦးထက်မနည်းသေဆုံးခဲ့ရတဲ့အပြင် ထိတ်လန့်စရာအခြေအနေတွေပေါ်ပေါက်နေတဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ ချက်ချင်းတုန့်ပြန်ဆောင်ရွက်ဖို့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ အဖွဲ့ SAC-M ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ပဲခူးမြို့သပိတ်စခန်းတခုကို စစ်ဖက်တပ်ဖွဲ့ဝင်တွေက သောကြာနေ့မနက်လင်းအားကြီးအချိန်မှာ ဝိုင်းပြီး မဲမဲမြင်သမ ျှ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း SAC အဖွဲ့ရဲ့ ဧပြီလ ၁၂ ရက်နေ့ထုတ် ကြေငြာချက်မှာဖော်ပြထားပါတယ်။ အသတ်ခံရသူတွေရဲ့ အလောင်းတွေကိုဒရွတ်တိုက်ဆွဲပြီး ဘုရားဝင်းတခုထဲမှာ ဒဏ်ရာရထားသူတွေနဲ့ ရောပြီးစုပုံထားတယ်လို့လည်း ပြောထားပါတယ်။ ဒဏ်ရာရသူတွေကိုလည်းဆေးကုသခွင့်မပြုပဲ လူသေအလောင်းတွေကိုတော့ စနေနေ့မနက်မှာ သယ်ထုတ်သွားတယ်လို့လည်း ဆိုထားပါတယ်။

အာရုံတက်ချိန်မှာ ဝင်တိုက်ပြီး လူအစုလိုက်အပြုံလိုက်သတ်တာ၊ အလောင်းတွေစုပုံထားတာ၊ လူသေအလောင်းတွေကို မလေးမစားပြုမူတာ၊ သက်သေအထောက်အထားတွေကိုဖျက်ဆီးပစ်တဲ့ ဒီလို လုပ်ရပ်မျိုးတွေက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ လုပ်နေကျပုံစံမျိုးတွေဖြစ်ပါတယ်လို့ မြန်မာ့အရေအထူးအကြံပေးအဖွဲ့ SAC တည်ထောင်သူတဦးဖြစ်တဲ့ Yanghee Lee ကပြောထားပါတယ်။ စစ်တပ်ဟာ သူအကာအကွယ်ပေးရမယ့် သူတွေကို မဆင်မခြင်သတ်ဖြတ်နေတယ်လို့လည်း မစ္စ Yanghee Lee ကပြောပါတယ်။

ပဲခူးမြို့မှာ နာရီနဲ့ချီ မီးပြတ်သွားတဲ့ သောကြာနေ့ညေနေခင်းမှာပဲ စစ်ဖွဲ့တပ်ဖွဲ့ဝင်တွေက အိမ်တွေထဲ ဝင်ရောက်စီးနင်း ဖမ်းဆီးပြီး ပစ္စည်းတွေကို ဖျက်ဆီး လုယူခဲ့ကြတယ်လို့လည်း ကြေငြာချက်မှာပြော ထားပါတယ်။ မြန်မာနဲ့အရှေ့တောင်အာရှနိုင်ငံတွေကို အတွင်းရေးမှူးချုပ်သွားရောက်ဖို့ လည်း SAC အဖွဲ့က ပန်ကြားထားပါတယ်။

ပြည်သူတွေကိုကာကွယ်ပေးရမယ့် ကုသမဂ္ဂရဲ့တာဝန်ဝတ္တရားအရ အတွင်းရေးမှူးချုပ်အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အရေးပေါ် ခေါ်ယူပြီး အရေးယူူဆောင်ရွက်မှုတွေ လုပ်ဖို့လည်း မြန်မာ့အရေးအထူး အကြံပေးကောင်စီရဲ့ ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

Special Advisory Council of Myanmar (SAC-M) အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ပေါ်ပေါက်လာရေး မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းမှုတွေကို ကူညီ ပံ့ပိုးပေးရေးအတွက် လွတ်လပ်တဲ့ နိုင်ငံတကာကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ြုဖစ်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.