Breaking

April 25, 2021

ေအာ္တုိမန္ေခတ္ အာေမးနီးယားေတြ လူမ်ဳိးတုန္းသတ္ျဖတ္ခံရေၾကာင္း အေမရိကန္ အသိအမွတ္ျပဳ

 


Montebello, California မွာရွိတဲ့ အာေမးနီးယန္း သူရဲေကာင္း ေအာင့္ေမ့ဘြယ္ အေဆာက္အဦမွာ ဆုေတာင္းေနသူမ်ား (April 24, 2021)
[ Zawgyi / Unicode ]


ပထမကမာၻစစ္အတြင္း အာေမးနီးယားလူမ်ိဳးေတြကို ေအာ္တိုမန္အင္ပါယာက အစုလိုက္အျပဳံလိုက္ သတ္ျဖတ္ခဲ့တဲ့ လုပ္ရပ္ကုိ လူမ်ိဳးတုန္း သတ္ျဖတ္မႈအျဖစ္ အေမရိကန္သမၼတ ဂ်ိဴးဘိုင္ဒန္က တရား၀င္ အသိအမွတ္ ျပဳလုိက္ပါတယ္။ အာေမးနီးယား လူမ်ဳိးေတြ လူမ်ဳိးတုန္းသတ္ျဖတ္ခံရမႈ ေအာက္ေမ့ဖြယ္ေန႔အျဖစ္ က်င္းပခဲ့တဲ့ စေနေန႔မွာပဲ ေရြးေကာက္ပဲြ ကတိအတုိင္း သမၼတ ဘုိင္ဒင္က တရား၀င္ ေၾကညာလုိက္တာပါ။

ေအာ္တိုမန္ေခတ္က အာေမးနီးယားလူမ်ဳိးေတြ လူမ်ဳိးတုန္းေအာင္ သတ္ျဖတ္ခံရမႈမွာ အသက္ဆုံး႐ႈံးခဲ့ရ သူေတြကုိ ႏွစ္စဥ္ဒီလုိေန႔မွာ အားလုံး အမွတ္ရေနၾကရမွာျဖစ္ၿပီး၊ ေနာက္ထပ္ အလားတူ ရက္စက္ ၾကမ္းၾကဳတ္ မႈေတြ မႀကံဳရေအာင္ ကာကြယ္ၾကဖုိ႔ သႏၷိဌာန္ ခ်ၾကရမယ္လုိ႔လည္း သမၼတဘိုင္ဒန္က ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၀၆ ႏွစ္ အခုလုိအခ်ိန္က လူမ်ဳိးတုန္းသတ္ျဖတ္ ခံရမႈမွာ အသက္ဆုံးပါးခဲ့ရတဲ့ အာေမးနီးယား လူမ်ဳိးေတြကုိ အေမရိကန္ေတြ အားလုံးက ဂုဏ္ျပဳၾကမွာပါလုိ႔လည္း ေျပာပါတယ္။

အာေမးနီးယားလူမ်ဳိးေတြ သတ္ျဖတ္ခံရမႈကုိ လူမ်ဳိးတုန္း သတ္ျဖတ္မႈအျဖစ္ တရား၀င္ အသိအမွတ္ျပဳဖုိ႔ အစဥ္တစုိက္ ႀကိဳးပမ္းေနတဲ့ ဒီမိုကရက္ ေအာက္လႊတ္ေတာ္အမတ္ Brad Sherman ကေတာ့ လူမ်ဳိးတုန္း သတ္ျဖတ္မႈေတြကုိ အသိအမွတ္ျပဳလက္ခံဖုိ႔ အေရးႀကီးတယ္လုိ႔ ေျပာပါတယ္။


“လူမ်ဳိးတုန္း သတ္ျဖတ္မႈကို ျငင္းပယ္တာဟာ၊ လူမ်ဳိးတုန္းသတ္ျဖတ္မႈ က်ဳးလြန္ရာမွာ ေနာက္ဆံုးလုပ္ရပ္ တခုပါ။ ပထမဆုံး လူမ်ဳိးတုန္းေအာင္ သတ္ျဖတ္ၿပီး၊ ဒီလုိမ်ဳိးျဖဳတ္တဲ့ လုပ္ရပ္ကုိ အမွတ္ရ မေနေအာင္ လက္စေဖ်ာက္တာပါ။ ဒါဟာ ေနာက္ထပ္ လူမ်ဳိးတုန္း သတ္ျဖတ္မႈအတြက္ ေျခလွမ္းသစ္လည္း ျဖစ္ပါတယ္။” လို ့ ဒီမုိကရက္ လႊတ္ေတာ္အမတ္ Sherman ေျပာဆုိသြားတာ ျဖစ္ပါတယ္။

ဒီေန႔ေခတ္ တူရကီႏုိင္ငံျဖစ္လာတဲ့ ေအာ္တုိမန္အင္ပါယာ လက္ထက္ ၁၉၁၅ ခုႏွစ္ကေန ၁၉၂၃ ခုႏွစ္အတြင္း အာေမးနီးယားလူမ်ိဳး ခန္႔မွန္းေျခ ၁ သန္းခြဲေလာက္ အသတ္ခံခဲ့ ရတယ္လုိ႔ သမိုင္းပညာရွင္ေတြက ခန္႔မွန္းထား ၾကတာပါ။

တူရကီႏိုင္ငံကေတာ့ အာေမးနီးယားလူမ်ဳိးေတြကို ရည္ရြယ္ခ်က္ရွိရွိ လူမ်ဳိးတုန္းေအာင္ သတ္ျဖတ္ခဲ့တာ မရွိေၾကာင္း ျငင္းဆိုထားၿပီး၊ ေသဆုံးသူေတြ ေတာ္ေတာ္မ်ားမ်ားဟာလည္း စစ္ပဲြဒဏ္နဲ႔ ႐ုရွားေတြရဲ႕ သတ္ျဖတ္မႈေၾကာင့္သာ ျဖစ္ေၾကာင္း ေျပာဆုိထားပါတယ္။

[ Unicode ]

အော်တိုမန်ခေတ် အာမေးနီးယားတွေ လူမျိုးတုန်းသတ်ဖြတ်ခံရကြောင်း အမေရိကန် အသိအမှတ်ပြု

ပထမကမ္ဘာစစ်အတွင်း အာမေးနီးယားလူမျိုးတွေကို အော်တိုမန်အင်ပါယာက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ကို လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်က တရားဝင် အသိအမှတ် ပြုလိုက်ပါတယ်။ အာမေးနီးယား လူမျိုးတွေ လူမျိုးတုန်းသတ်ဖြတ်ခံရမှု အောက်မေ့ဖွယ်နေ့အဖြစ် ကျင်းပခဲ့တဲ့ စနေနေ့မှာပဲ ရွေးကောက်ပွဲ ကတိအတိုင်း သမ္မတ ဘိုင်ဒင်က တရားဝင် ကြေညာလိုက်တာပါ။

အော်တိုမန်ခေတ်က အာမေးနီးယားလူမျိုးတွေ လူမျိုးတုန်းအောင် သတ်ဖြတ်ခံရမှုမှာ အသက်ဆုံးရှုံးခဲ့ရ သူတွေကို နှစ်စဉ်ဒီလိုနေ့မှာ အားလုံး အမှတ်ရနေကြရမှာဖြစ်ပြီး၊ နောက်ထပ် အလားတူ ရက်စက် ကြမ်းကြုတ် မှုတွေ မကြုံရအောင် ကာကွယ်ကြဖို့ သန္နိဌာန် ချကြရမယ်လို့လည်း သမ္မတဘိုင်ဒန်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၆ နှစ် အခုလိုအချိန်က လူမျိုးတုန်းသတ်ဖြတ် ခံရမှုမှာ အသက်ဆုံးပါးခဲ့ရတဲ့ အာမေးနီးယား လူမျိုးတွေကို အမေရိကန်တွေ အားလုံးက ဂုဏ်ပြုကြမှာပါလို့လည်း ပြောပါတယ်။

အာမေးနီးယားလူမျိုးတွေ သတ်ဖြတ်ခံရမှုကို လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် တရားဝင် အသိအမှတ်ပြုဖို့ အစဉ်တစိုက် ကြိုးပမ်းနေတဲ့ ဒီမိုကရက် အောက်လွှတ်တော်အမတ် Brad Sherman ကတော့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို အသိအမှတ်ပြုလက်ခံဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“လူမျိုးတုန်း သတ်ဖြတ်မှုကို ငြင်းပယ်တာဟာ၊ လူမျိုးတုန်းသတ်ဖြတ်မှု ကျုးလွန်ရာမှာ နောက်ဆုံးလုပ်ရပ် တခုပါ။ ပထမဆုံး လူမျိုးတုန်းအောင် သတ်ဖြတ်ပြီး၊ ဒီလိုမျိုးဖြုတ်တဲ့ လုပ်ရပ်ကို အမှတ်ရ မနေအောင် လက်စဖျောက်တာပါ။ ဒါဟာ နောက်ထပ် လူမျိုးတုန်း သတ်ဖြတ်မှုအတွက် ခြေလှမ်းသစ်လည်း ဖြစ်ပါတယ်။” လို့ ဒီမိုကရက် လွှတ်တော်အမတ် Sherman ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီနေ့ခေတ် တူရကီနိုင်ငံဖြစ်လာတဲ့ အော်တိုမန်အင်ပါယာ လက်ထက် ၁၉၁၅ ခုနှစ်ကနေ ၁၉၂၃ ခုနှစ်အတွင်း အာမေးနီးယားလူမျိုး ခန့်မှန်းခြေ ၁ သန်းခွဲလောက် အသတ်ခံခဲ့ရတယ်လို့ သမိုင်းပညာရှင်တွေက ခန့်မှန်းထား ကြတာပါ။

တူရကီနိုင်ငံကတော့ အာမေးနီးယားလူမျိုးတွေကို ရည်ရွယ်ချက်ရှိရှိ လူမျိုးတုန်းအောင် သတ်ဖြတ်ခဲ့တာ မရှိကြောင်း ငြင်းဆိုထားပြီး၊ သေဆုံးသူတွေ တော်တော်များများဟာလည်း စစ်ပွဲဒဏ်နဲ့ ရုရှားတွေရဲ့ သတ်ဖြတ်မှုကြောင့်သာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.