Breaking

April 27, 2021

ျမန္မာစစ္အုပ္စု အေပၚ ဒဏ္ခတ္အေရးယူမႈ သမၼတေဟာင္း အိုဘားမားေထာက္ခံ

 


ျမန္မာလူငယ္မ်ားႏွင့္ ေဆြးေႏြး ေျပာဆိုေနသည့္ အေမရိကန္သမၼတ ဘရာ့ခ္ အိုဘားမား။ ႏုိ၀င္ဘာ ၁၄၊ ၂၀၁၆။
(Zawgyi/Unicode)

လက္ရွိျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး အေမရိကန္သမၼတေဟာင္း ဘားရက္အိုဘားက ဧၿပီလ ၂၆ ရက္ တနလၤာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ အရပ္သားေတြ အေပၚ ဝမ္းနည္းဖြယ္ ရက္စက္တဲ့အၾကမ္းဖက္မႈေတြေၾကာင့္ စိတ္မေကာင္းျဖစ္ေနရၿပီး ျပည္သူ လူထုေတြရဲ႕ အသံကိုထင္ဟပ္တဲ့ ႏိုင္ငံတဝွမ္း လႈပ္ရွားမႈေတြေၾကာင့္ စိတ္အားတက္ႂကြရပါတယ္။ ကမာၻႀကီးအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ဆက္လက္ၿပီး အာရံုစူးစိုက္ေနဖို႔ လိုပါတယ္။ ျမန္မာႏိုင္ငံမွာ ဆယ္စုႏွစ္တခုအၾကာ လြတ္လပ္မႈႀကီးႀကီးမားမား ရခဲ့ၿပီးတဲ့ေနာက္ စစ္တပ္က သူ႔ဆႏၵအတိုင္း လုပ္ကိုင္ဖို႔ တရားမဝင္တဲ့နည္းလမ္းေတြနဲ႔ ရက္ရက္စက္စက္ ျပဳလုပ္လာတာကို လူထုက ဘယ္ေတာ့မွာ လက္ခံမွာ မဟုတ္သလို ကမာၻႀကီးတခုလံုးကလည္း လက္မခံသင့္ပါဘူး။

သမၼတဘိုင္ဒန္အစိုးရနဲ႔ သေဘာထားတိုက္ဆိုင္တဲ့ ႏိုင္ငံေတြက ျမန္မာစစ္တပ္အေပၚ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ၿပီး ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္ေရာက္ေရး အားထုတ္တဲ့ လုပ္ရပ္ေတြကို က်ေနာ့္ အေနနဲ႔ ေထာက္ခံပါတယ္။

ျမန္မာလူထု ျပည္သူလူထု လက္မခံတဲ့ လူသတ္သမားအုပ္ခ်ဳပ္ေရးဟာ ပိုမိုဆိုးဝါးတဲ့ မတည္ၿငိမ္မႈ၊ လူခ်င္းစာနာမႈျပႆနာေတြ အျပင္ က်ရႈံး ႏိုင္ငံတခု ျဖစ္ဖို႔ အႏၲရာယ္ရွိေနတယ္ ဆိုတာကို ျမန္မာ့အိမ္နီးခ်င္းႏိုင္ငံေတြက အသိအမွတ္ျပဳသင့္ပါတယ္။

ျမန္မာႏိုင္ငံတြင္း ဒီမိုကေရစီ မူဝါဒကို ေမွ်ာ္မွန္းတဲ့ သူေတြ အေနနဲ႔ တိုင္းရင္းသားေတြနဲ႔ ဘာသာေရးအဖြဲ႔အစည္း အသီးသီး ကိုလႊမ္းျခံဳတဲ့ ေသြးစည္းညီၫြတ္မႈကို ဆက္လက္တည္ေဆာက္သင့္ပါတယ္။

အခုအခ်ိန္ဟာ အေမွာင္လႊမ္းတဲ့ အခ်ိန္ျဖစ္ေနေပမယ့္ ျမန္မာျပည္သူအမ်ားအျပားက ျပသေနၾကတဲ့ စည္းလံုးညီၫြတ္မႈ၊ စိတ္ဓါတ္ၾကံ႕ခိုင္မႈနဲ႔ ဒီမိုကေရစီတန္ဖိုးေတြ ေဖၚေဆာင္ဖို႔ စိတ္ပိုင္းျဖတ္ထားတာေတြ႕ရတဲ့အတြက္ က်ေနာ္ စိတ္အားတက္ႂကြရပါတယ္။ ဒီလုပ္ရပ္ကေနၿပီး ျပည္သူ႔ဆႏၵကို ေလးစားတဲ့ ေခါင္းေဆာင္ေတြကေန ေပးႏိုင္တဲ့ အနာဂတ္မ်ိဳး ရႏိုင္မွာ ျဖစ္ေၾကာငး သမၼတေဟာင္း အိုဘားမားရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

.......................................................................


မြန်မာစစ်အုပ်စု အပေါ် ဒဏ်ခတ်အရေးယူမှု သမ္မတဟောင်း အိုဘားမားထောက်ခံ

(Unicode)

လက်ရှိမြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားက ဧပြီလ ၂၆ ရက် တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေ အပေါ် ဝမ်းနည်းဖွယ် ရက်စက်တဲ့အကြမ်းဖက်မှုတွေကြောင့် စိတ်မကောင်း ဖြစ်နေ ရပြီး ပြည်သူ လူထုတွေရဲ့ အသံကိုထင်ဟပ်တဲ့ နိုင်ငံတဝှမ်း လှုပ်ရှားမှုတွေကြောင့် စိတ်အားတက်ကြွ ရပါတယ်။ ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံအပေါ် ဆက်လက်ပြီး အာရုံစူးစိုက်နေဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုအကြာ လွတ်လပ်မှုကြီးကြီးမားမား ရခဲ့ပြီးတဲ့နောက် စစ်တပ်က သူ့ဆန္ဒအတိုင်း လုပ်ကိုင်ဖို့ တရားမဝင်တဲ့နည်းလမ်းတွေနဲ့ ရက်ရက်စက်စက် ပြုလုပ်လာတာကို လူထုက ဘယ်တော့မှာ လက်ခံမှာ မဟုတ်သလို ကမ္ဘာကြီးတခုလုံးကလည်း လက်မခံသင့်ပါဘူး။

သမ္မတဘိုင်ဒန်အစိုးရနဲ့ သဘောထားတိုက်ဆိုင်တဲ့ နိုင်ငံတွေက မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်ရေး အားထုတ်တဲ့ လုပ်ရပ်တွေကို ကျနော့် အနေနဲ့ ထောက်ခံပါတယ်။

မြန်မာလူထု ပြည်သူလူထု လက်မခံတဲ့ လူသတ်သမားအုပ်ချုပ်ရေးဟာ ပိုမိုဆိုးဝါးတဲ့ မတည်ငြိမ်မှု၊ လူချင်းစာနာမှုပြဿနာတွေ အပြင် ကျရှုံး နိုင်ငံတခု ဖြစ်ဖို့ အန္တရာယ်ရှိနေတယ် ဆိုတာကို မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေက အသိအမှတ်ပြုသင့်ပါတယ်။

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ မူဝါဒကို မျှော်မှန်းတဲ့ သူတွေ အနေနဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာရေးအဖွဲ့အစည်း အသီးသီး ကိုလွှမ်းခြုံတဲ့ သွေးစည်းညီညွတ်မှုကို ဆက်လက်တည်ဆောက်သင့်ပါတယ်။

အခုအချိန်ဟာ အမှောင်လွှမ်းတဲ့ အချိန်ဖြစ်နေပေမယ့် မြန်မာပြည်သူအများအပြားက ပြသနေကြတဲ့ စည်းလုံးညီညွတ်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ဒီမိုကရေစီတန်ဖိုးတွေ ဖေါ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတာတွေ့ရတဲ့ အတွက် ကျနော် စိတ်အားတက်ကြွရပါတယ်။ ဒီလုပ်ရပ်ကနေပြီး ပြည်သူ့ဆန္ဒကို လေးစားတဲ့ ခေါင်းဆောင်တွေကနေ ပေးနိုင်တဲ့ အနာဂတ်မျိုး ရနိုင်မှာ ဖြစ်ကြောငး သမ္မတဟောင်း အိုဘားမားရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ 

https://burmese.voanews.com/a/former-president-Obama-support-for-sanction-on-Burma-/5867587.html

 

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.