Breaking

May 1, 2021

ျမန္မာ့အေရး ႏိုင္ငံတကာ တုံ႔ျပန္မႈအားနည္းခ်က္ ကုလအထူးကိုယ္စားလွယ္ သတိေပး


ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener
(Zawgyi/Unicode)

ျမန္မာႏိုင္ငံက စစ္တပ္အာဏာသိမ္းမႈ အတြက္ ႏိုင္ငံတကာက ညီညီၫြတ္ၫြတ္ မတုံ႔ျပန္တဲ့အတြက္ ႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ပိုဆိုးလာေနသလို လက္ရွိရင္ဆိုင္ေနရတဲ့ အေျခေနဆိုးကေန မလြတ္ေျမာက္ႏိုင္ပဲ ေရွ႕မတိုးေနာက္မဆုတ္ အေနထား ျဖစ္လာေနတယ္လို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က သတိေပးလိုက္ပါတယ္။

စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး ျမန္မာစစ္တပ္ရဲ႕ အၾကမ္းဖက္ၿဖိဳခြဲမႈ၊ ဥပေဒမဲျ့ဖမ္းဆီးမႈ၊ ႏွိပ္စက္ၫွင္းပမ္းမႈေတြၾကားကပဲ ျမန္မာႏိုင္ငံတလႊားက ဒီမိုကေရစီေရး ေတာင္းဆိုမႈေတြ ေန႔စဥ္ရက္ဆက္ေတြ႕ေနရေၾကာင္းနဲ႔ အေထြေထြ အုပ္ခ်ဳပ္ေရးပိုင္းလည္း ၿပိဳကြဲမယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေသာၾကာေန႔က ကုလသမဂၢလံုျခံဳေရးေကာင္စီကို ထိုင္းႏိုင္ငံကေန အြန္လိုင္းကတဆင့္ အစီရင္ခံရာမွာ ေျပာၾကားခဲ့ေၾကာင္း အစည္းေဝးတက္ေရာက္ခဲ့တဲ့ သံတမန္အသိုင္းအ၀န္းကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေဖၚျပထားပါတယ္။

အဆိုးဆံုးက ေက်ာင္းသား အမ်ားစုပါဝင္တဲ့ ၿမိဳ႕ေနအရပ္သားျပည္သူေတြဟာ အခုဆို လက္နက္ကို ဘယ္လိုသံုးရတယ္ဆိုတာကို တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းေတြ ဆီကေန သင္ယူေလ့က်င့္ တဲ့အေနထားကို ေရာက္ေနၿပီလို႔လည္း အထူးကိုယ္စားလွယ္က ေျပာပါတယ္။ ဒီအေျခေနထိေရာက္ေနၿပီ ျဖစ္ေပမဲ့ ႏိုင္ငံတကာက တညီတၫြတ္တည္း တုံ႔ျပန္မႈ မရွိေသးတာေၾကာင့္ အၾကမ္းဖက္မႈေတြတိုးလာ ေနသလို လက္လုပ္ ေဖါက္ခြဲေရး ပစၥည္းေတြပါ သံုးလာေနတာ ေတြ႕ေနရတယ္လို႔လည္း သတိေပးခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ ရပ္ဆိုင္းေစဖို႔ ရည္ရြယ္တဲ့ အာဆီယံရဲ႕ စေနေန႔ အထူးအစည္းေဝးကို စစ္ေခါင္းေဆာင္ ကိုယ္တိုင္တက္ေရာက္ခဲ့ေပမဲ့ အခုထိ ဆႏၵျပျပည္သူေတြကို ဆက္လက္ၿဖိဳခြဲေနဆဲ ျဖစ္တဲ့အတြက္ အာဆီယံရဲ႕ရည္ရြယ္ခ်က္ကို အေလးမထားရာ ေရာက္ေနတယ္လို႔လည္း ကုလလံုျခံဳေရးေကာင္စီကို တင္ျပခဲ့ပါတယ္။

ၿဗိတိန္ႏိုင္ငံရဲ႕ ကုလသမဂၢဆိုင္ရာ လက္ေထာက္ သံအမတ္ႀကီး James Roscoe ကလည္း အာဆီယံရဲ႕ တိုက္တြန္းခ်က္ေတြကို ခ်က္ျခင္းအေကာင္အထည္ မေဖာ္တဲ့အေပၚ အထူးစိုးရိမ္မိေၾကာင္း လုံျခံဳေရးေကာင္စီ အစည္းအေ၀းပဲြ အၿပီးမွာပဲ ေျပာဆိုခဲ့တာပါ။

ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို အၾကမ္းဖက္ၿဖိဳခဲြတာကို အျပင္းအထန္ ႐ႈတ္ခ်တာ အပါအ၀င္ လုံျခံဳေရးေကာင္စီက ေၾကညာခ်က္တေစာင္ ထုတ္ျပန္ဖို႔ ၿဗိတိန္ႏိုင္ငံက အဆိုျပဳခဲ့ေပမဲ့ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ရဲ႕ ကန္႔ကြက္မႈေတြေၾကာင့္ ေအာင္ျမင္မႈ မရခဲ့ဘူးလို႔လည္း AFP သတင္းက သံတမန္အသိုင္းအ၀န္းကို ကိုုးကားၿပီး ေဖာ္ျပခဲ့ပါတယ္။


.............

မြန်မာ့အရေး နိုင်ငံတကာ တုံ့ပြန်မှုအားနည်းချက် ကုလအထူးကိုယ်စားလှယ် သတိပေး
(Unicode)

မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှု အတွက် နိုင်ငံတကာက ညီညီညွတ်ညွတ် မတုံ့ပြန်တဲ့အတွက် နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ပိုဆိုးလာနေသလို လက်ရှိရင်ဆိုင်နေရတဲ့ အခြေနေဆိုးကနေ မလွတ်မြောက်နိုင်ပဲ ရှေ့မတိုးနောက်မဆုတ် အနေထား ဖြစ်လာနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က သတိပေးလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှု၊ ဥပဒေမဲြ့ဖမ်းဆီးမှု၊ နှိပ်စက်ညှင်းပမ်းမှုတွေကြားကပဲ မြန်မာနိုင်ငံတလွှားက ဒီမိုကရေစီရေး တောင်းဆိုမှုတွေ နေ့စဉ်ရက်ဆက်တွေ့နေရကြောင်းနဲ့ အထွေထွေ အုပ်ချုပ်ရေးပိုင်းလည်း ပြိုကွဲမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သောကြာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ထိုင်းနိုင်ငံကနေ အွန်လိုင်းကတဆင့် အစီရင်ခံရာမှာ ပြောကြားခဲ့ကြောင်း အစည်းဝေးတက်ရောက်ခဲ့တဲ့ သံတမန်အသိုင်းအဝန်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

အဆိုးဆုံးက ကျောင်းသား အများစုပါဝင်တဲ့ မြို့နေအရပ်သားပြည်သူတွေဟာ အခုဆို လက်နက်ကို ဘယ်လိုသုံးရတယ်ဆိုတာကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဆီကနေ သင်ယူလေ့ကျင့် တဲ့အနေထားကို ရောက်နေပြီလို့လည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။ ဒီအခြေနေထိရောက်နေပြီ ဖြစ်ပေမဲ့ နိုင်ငံတကာက တညီတညွတ်တည်း တုံ့ပြန်မှု မရှိသေးတာကြောင့် အကြမ်းဖက်မှုတွေတိုးလာ နေသလို လက်လုပ် ဖေါက်ခွဲရေး ပစ္စည်းတွေပါ သုံးလာနေတာ တွေ့နေရတယ်လို့လည်း သတိပေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းစေဖို့ ရည်ရွယ်တဲ့ အာဆီယံရဲ့ စနေနေ့ အထူးအစည်းဝေးကို စစ်ခေါင်းဆောင် ကိုယ်တိုင်တက်ရောက်ခဲ့ပေမဲ့ အခုထိ ဆန္ဒပြပြည်သူတွေကို ဆက်လက်ဖြိုခွဲနေဆဲ ဖြစ်တဲ့အတွက် အာဆီယံရဲ့ရည်ရွယ်ချက်ကို အလေးမထားရာ ရောက်နေတယ်လို့လည်း ကုလလုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ လက်ထောက် သံအမတ်ကြီး James Roscoe ကလည်း အာဆီယံရဲ့ တိုက်တွန်းချက်တွေကို ချက်ခြင်းအကောင်အထည် မဖော်တဲ့အပေါ် အထူးစိုးရိမ်မိကြောင်း လုံခြုံရေးကောင်စီ အစည်းအဝေးပွဲ အပြီးမှာပဲ ပြောဆိုခဲ့တာပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲတာကို အပြင်းအထန် ရှုတ်ချတာ အပါအဝင် လုံခြုံရေးကောင်စီက ကြေညာချက်တစောင် ထုတ်ပြန်ဖို့ ဗြိတိန်နိုင်ငံက အဆိုပြုခဲ့ပေမဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ ကန့်ကွက်မှုတွေကြောင့် အောင်မြင်မှု မရခဲ့ဘူးလို့လည်း AFP သတင်းက သံတမန်အသိုင်းအဝန်းကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ 

 https://burmese.voanews.com/a/myanmar-crisis-internation-reaction-burgener-comment-/5873784.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.