Breaking

May 16, 2021

ျမန္မာႏုိင္ငံ စားနပ္ရိကၡာ အခက္အခဲအတြက္ ဂ်ပန္ႏုိင္ငံ ေဒၚလာ ၄ သန္းေထာက္ပံ့

 


လႈိင္သာယာၿမိဳ႕နယ္အတြင္း စားနပ္ရိကၡာ လွဴဒါန္းေနတဲ့ျမင္ကြင္း။ (ေမ ၁၄၊ ၂၀၂၁။ ဓာတ္ပုံ - ရန္ကုန္ ဂ်ပန္သံ႐ုံး)
(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့တဲ့ေနာက္ ႀကံဳလာရတဲ့ လူသားခ်င္းစာနာမႈ ျပႆနာ ေျဖရွင္းႏိုင္ေရးအတြက္ ဂ်ပန္္အစိုးရက WFP ကုလသမဂၢ စားနပ္ရိကၡာ အစီအစဥ္ကေနတဆင့္ အေရးေပၚ စားနပ္ရိကၡာ အကူအညီ ေနာက္ထပ္ အေမရိကန္ေဒၚလာ ၄ သန္း ေပးအပ္ခဲ့ပါတယ္။

စားနပ္ရိကၡာအခက္အခဲ ႀကံဳေနရတဲ့ ရန္ကုန္တုိင္းအတြင္းက ၿမိဳ႕နယ္ေတြမွာ ေနထိုင္သူ ၆ သိန္းေလာက္ကို ေထာက္ပံ့ေပးဖို႔ ရည္ရြယ္ၿပီး အခုလို လွဴဒါန္းတာကို ႀကိဳဆိုေၾကာင္း WFP က ေသာၾကာေန႔မွာ ေျပာပါတယ္။ ၿမိဳ႕ေပၚ ဆင္းရဲသားရပ္ကြက္ေတြမွာ ေနထုိင္သူ ၂ သန္းေလာက္အတြက္ စားနပ္ရိကၡာ အကူအညီေပးဖို႔ WFP က အစီအစဥ္သစ္ဆြဲခဲ့ၿပီး ဒီအစီအစဥ္ကို ၾကာသပေတးေန႔မွာ လႈိင္သာယာၿမိဳ႕နယ္ကေန စတင္ခဲ့တာ ျဖစ္ပါတယ္။

ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံတြင္း ငတ္မြတ္မႈမရွိေအာင္ ေျဖရွင္းဖို႔ ႀကိဳးစားတာကို ဂ်ပန္အစိုးရက ပံ့ပိုးေပးမွာျဖစ္ၿပီး ဂ်ပန္အစိုးရနဲ႔ ျပည္သူေတြက ျမန္မာလူထုနဲ႔အတူ ရပ္တည္ေနပါတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး Maruyama Ichiro က ေျပာပါတယ္။ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi ကလည္း အခု ဂ်ပန္ရဲ႕ အကူအညီဟာ ျမန္မာႏုိင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ အေရးတႀကီး လိုအပ္လာတဲ့ လူသားခ်င္းစာနာမႈ ျပႆနာအတြက္ ေပးအပ္တာျဖစ္ေၾကာင္း ေျပာပါတယ္။

COVID-19 ကပ္ေရာဂါဒဏ္ ခံေနရတဲ့ ျမန္မာႏုိင္ငံမွာ လက္ရွိ ႏိုင္ငံေရးျပႆနာကလည္း ႀကီးမားေနဆဲ ျဖစ္တဲ့အတြက္ အထူးသျဖင့္ ၿမိဳ႕ျပဆင္ေျခဖုံး ေဒသေန ျပည္သူေတြ အပါအဝင္ လူေပါင္း ၃.၄ သန္းေလာက္ဟာ လာမယ့္ ၆ လေလာက္အတြင္း အငတ္ေဘးနဲ႔ ႀကံဳလာရႏိုင္တယ္လို႔ ခန္႔မွန္းထားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအတြက္ ဂ်ပန္အစိုးရက ဒီႏွစ္ဆန္း ဇန္နဝါရီလမွာ ေဒၚလာ ၄.၇ သန္း၊ မတ္လထဲမွာ ၃ သန္းနဲ႔ စုစုေပါင္း ေဒၚလာ ၇.၇ သန္းကို ခ်င္း၊ ကခ်င္၊ ရွမ္းနဲ႔ ရခိုင္အပါအဝင္ တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသေတြက ေဒသခံေတြအတြက္ စားနပ္ရိကၡာ ျဖန္႔ျဖဴးေပးေနတဲ့ WFP ကေနတဆင့္ ေပးလွဴခဲ့တာ ျဖစ္ပါတယ္။

------------------------

(Unicode)

မြန်မာနိုင်ငံ စားနပ်ရိက္ခာ အခက်အခဲအတွက် ဂျပန်နိုင်ငံ ဒေါ်လာ ၄ သန်းထောက်ပံ့

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် ကြုံလာရတဲ့ လူသားချင်းစာနာမှု ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ဂျပန်အစိုးရက WFP ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်ကနေတဆင့် အရေးပေါ် စားနပ်ရိက္ခာ အကူအညီ နောက်ထပ် အမေရိကန်ဒေါ်လာ ၄ သန်း ပေးအပ်ခဲ့ပါတယ်။

စားနပ်ရိက္ခာအခက်အခဲ ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ နေထိုင်သူ ၆ သိန်းလောက်ကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ပြီး အခုလို လှူဒါန်းတာကို ကြိုဆိုကြောင်း WFP က သောကြာနေ့မှာ ပြောပါတယ်။ မြို့ပေါ် ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်သူ ၂ သန်းလောက်အတွက် စားနပ်ရိက္ခာ အကူအညီပေးဖို့ WFP က အစီအစဉ်သစ်ဆွဲခဲ့ပြီး ဒီအစီအစဉ်ကို ကြာသပတေးနေ့မှာ လှိုင်သာယာမြို့နယ်ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံတွင်း ငတ်မွတ်မှုမရှိအောင် ဖြေရှင်းဖို့ ကြိုးစားတာကို ဂျပန်အစိုးရက ပံ့ပိုးပေးမှာဖြစ်ပြီး ဂျပန်အစိုးရနဲ့ ပြည်သူတွေက မြန်မာလူထုနဲ့အတူ ရပ်တည်နေပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Maruyama Ichiro က ပြောပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ကလည်း အခု ဂျပန်ရဲ့ အကူအညီဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အရေးတကြီး လိုအပ်လာတဲ့ လူသားချင်းစာနာမှု ပြဿနာအတွက် ပေးအပ်တာဖြစ်ကြောင်း ပြောပါတယ်။

COVID-19 ကပ်ရောဂါဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေးပြဿနာကလည်း ကြီးမားနေဆဲ ဖြစ်တဲ့အတွက် အထူးသဖြင့် မြို့ပြဆင်ခြေဖုံး ဒေသနေ ပြည်သူတွေ အပါအဝင် လူပေါင်း ၃.၄ သန်းလောက်ဟာ လာမယ့် ၆ လလောက်အတွင်း အငတ်ဘေးနဲ့ ကြုံလာရနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ဂျပန်အစိုးရက ဒီနှစ်ဆန်း ဇန်နဝါရီလမှာ ဒေါ်လာ ၄.၇ သန်း၊ မတ်လထဲမှာ ၃ သန်းနဲ့ စုစုပေါင်း ဒေါ်လာ ၇.၇ သန်းကို ချင်း၊ ကချင်၊ ရှမ်းနဲ့ ရခိုင်အပါအဝင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေက ဒေသခံတွေအတွက် စားနပ်ရိက္ခာ ဖြန့်ဖြူးပေးနေတဲ့ WFP ကနေတဆင့် ပေးလှူခဲ့တာ ဖြစ်ပါတယ်။

 https://burmese.voanews.com/a/japan-humanitarian-aid-myanmar/5892008.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.