Breaking

May 16, 2021

ျမန္မာ့အေရး ပုပ္ရဟန္းမင္းႀကီး ဆုေတာင္းေဟာၾကားမည္


ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္။ (ဧၿပီ ၄၊ ၂၀၂၁)
(Zawgyi / Unicode)

ခရစ္ယာန္ဘာသာဝင္ေတြ အထြတ္အျမတ္ထားတဲ့ သခင္ေယ႐ႈ ေကာင္းကင္ဘံုကိုႂကြတဲ့ ပြဲေတာ္ေန႔ျဖစ္တဲ့ ဒီကေန႔ ေမလ ၁၆ ရက္ တနဂၤေႏြေန႔မွာ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ျမန္မာႏုိင္ငံ ၿငိမ္းခ်မ္းေရးအတြက္ အထူးဆုေတာင္းေပးမွာ ျဖစ္ေၾကာင္း Vatican သတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာစံေတာ္ခ်ိန္ တနဂၤေႏြေန႔ မြန္းလြဲ ၂ နာရီခြဲမွာ ပုပ္ရဟန္းမင္းႀကီးက ေရာမၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားေတြနဲ႔အတူ ျမန္မာႏုိင္ငံအတြက္ မစၦား တရားေတာ္ျမတ္ကို ပူေဇာ္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

ေမလဆန္းတုန္းကလည္း ခရစ္ယာန္ဘာသာဝင္ေတြ ကိုးကြယ္တဲ့ မယ္ေတာ္မာရီယာကို ပူေဇာ္တဲ့ ေမလမွာ လက္ရွိ ပဋိပကၡဖိစီးတဲ့ဒဏ္ ခံေနရတဲ့ ျမန္မာႏုိင္ငံအတြက္ အထူးဆုေတာင္းေမတၱာ ပို႔သေပးၾကဖုိ႔ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ဆုေတာင္းပြဲမွာ ပန္ၾကားခဲ့တာ ျဖစ္ပါတယ္။

ေမလထဲမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး တာဝန္ရွိသူအားလံုးရဲ႕ ႏွလံုးသားေတြမွာ မယ္ေတာ့့္ေမတၱာ ကိန္းဝပ္ေစဖို႔ ဆုေတာင္းေမတၱာ ဝိုင္းပို႔ၾကမယ္ဆိုရင္ ျမန္မာႏိုင္ငံ ျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးရႏိုင္မယ့္ လမ္းေၾကာင္းေပၚ ေလွ်ာက္ဖို႔ စြမ္းအားေတြ ရလာႏုိင္မွာျဖစ္ေၾကာင္း ပုပ္ရဟန္းမင္းႀကီးက မိန္႔ၾကားခဲ့တာပါ။

ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးအတြက္ ဆုေတာင္းေပးဖို႔ ျမန္မာခရစ္ယာန္ဘုရားေက်ာင္းက ပန္ၾကားခဲ့တာေၾကာင့္ အခုလို ဝိုင္းဝန္းဆုေတာင္းေပးဖို႔ ေမတၱာရပ္ခံရတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစၿပီး သက္ဆုိင္ရာအဖြဲ႔အားလံုး ျပန္သင့္ျမတ္ေရးအတြက္ ေတြ႔ဆံုေဆြးေႏြးၾကဖို႔ ပုပ္ရဟန္းမင္းႀကီးက ထပ္တလဲလဲ ပန္ၾကားခဲ့တာ ျဖစ္ပါတယ္။


----------------------------

(Unicode)

မြန်မာ့အရေး ပုပ်ရဟန်းမင်းကြီး ဆုတောင်းဟောကြားမည်

ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ သခင်ယေရှု ကောင်းကင်ဘုံကိုကြွတဲ့ ပွဲတော်နေ့ဖြစ်တဲ့ ဒီကနေ့ မေလ ၁၆ ရက် တနင်္ဂနွေနေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းပေးမှာ ဖြစ်ကြောင်း Vatican သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီခွဲမှာ ပုပ်ရဟန်းမင်းကြီးက ရောမမြို့ရောက် မြန်မာနိုင်ငံသားတွေနဲ့အတူ မြန်မာနိုင်ငံအတွက် မစ္ဆား တရားတော်မြတ်ကို ပူဇော်မှာဖြစ်ကြောင်း ပြောပါတယ်။

မေလဆန်းတုန်းကလည်း ခရစ်ယာန်ဘာသာဝင်တွေ ကိုးကွယ်တဲ့ မယ်တော်မာရီယာကို ပူဇော်တဲ့ မေလမှာ လက်ရှိ ပဋိပက္ခဖိစီးတဲ့ဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံအတွက် အထူးဆုတောင်းမေတ္တာ ပို့သပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆုတောင်းပွဲမှာ ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

မေလထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တာဝန်ရှိသူအားလုံးရဲ့ နှလုံးသားတွေမှာ မယ်တော့်မေတ္တာ ကိန်းဝပ်စေဖို့ ဆုတောင်းမေတ္တာ ဝိုင်းပို့ကြမယ်ဆိုရင် မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရနိုင်မယ့် လမ်းကြောင်းပေါ် လျှောက်ဖို့ စွမ်းအားတွေ ရလာနိုင်မှာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့တာပါ။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးဖို့ မြန်မာခရစ်ယာန်ဘုရားကျောင်းက ပန်ကြားခဲ့တာကြောင့် အခုလို ဝိုင်းဝန်းဆုတောင်းပေးဖို့ မေတ္တာရပ်ခံရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး သက်ဆိုင်ရာအဖွဲ့အားလုံး ပြန်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ ပုပ်ရဟန်းမင်းကြီးက ထပ်တလဲလဲ ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

 https://burmese.voanews.com/a/pope-francis-myanmar/5892004.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.