Breaking

May 8, 2021

ျမန္မာဆႏၵျပသူေတြ ေသဆုံးမႈ အမ်ားစု ပစ္ခတ္ခံရမႈအျဖစ္ ကုလသတင္းထုတ္ျပန္



မွတ္တမ္းဓါတ္ပံု- မတ္လ ၁၁ ရက္ေန႔က ဆႏၵျပသူမ်ားကို ၿဖိဳခြဲစဥ္ ဒဏ္ရာရသူတဦးအား သယ္ေဆာင္ေ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၃ လေက်ာ္ ကာလအတြင္း လူေပါင္း ၇၇၀ ေက်ာ္ ေသဆံုးခဲ့ရၿပီျဖစ္သလို အမ်ားစုဟာ ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးရတာျဖစ္ေၾကာင္း ကုလသမဂၢက ေျပာလိုက္ပါတယ္။ အာဏာသိမ္းထားတဲ့စစ္တပ္က ဆႏၵျပျပည္သူေတြကို ဆက္ၿပီး အၾကမ္းဖက္ႏွိမ္နင္းေနတယ္ ဆိုတဲ့ သတင္းေတြေၾကာင့္ အထူးစိုးရိမ္ေန ေၾကာင္းလည္း ကုလသမဂၢက ေသာၾကာေန႔မွာ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖဝါရီလ ၁ ရက္ကေန ေမလ ၆ ရ က္အထိ စစ္တပ္နဲ႔ရဲေတြရဲ႕ သတ္ျဖတ္မႈေၾကာင့္ ႏိုုင္ငံတဝွမ္း အမ်ိဳးသမီးေတြ ကေလးငယ္ေတြနဲ႔ အမ်ိဳးသားေတြ စုစုေပါင္း ၇၇၄ ေယာက္ ေသဆံုးခဲ့ရတယ္ ဆိုတဲ့ သတင္းအခ်က္လက္ေတြ ရထားတယ္လို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ ကုလသမဂၢဌာေနအဖြဲ႔က ေျပာေၾကာင္း အတြင္းေရးမႈးခ်ဳပ္ Antonio Guterres ရဲ့ ေျပာခြင့္ရ Stephane Dujarric က ကုလသမဂၢရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ေသဆံုးရသူအမ်ားစုဟာ ေသနတ္ဒဏ္ရာေၾကာင့္ ေသဆံုးရတာ ျဖစ္ေၾကာင္းနဲ႔ ျပည္သူေတြထဲမွာ တရားမဲ့အဖမ္းဆီးခံရၿပီး ခုထိမလြတ္ေျမာက္ေသးသူ ၃ ၇၄၀ ရဲ႕ အေျခေနကိုလည္း ကုလအဖြဲ႔က စိုးရိမ္ေနတယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ စစ္တပ္နဲ႔ ရဲက ဆႏၵျပျပည္သူေတြကို အၾကမ္းဖက္ႏွိမ္နင္းမႈေတြ ဆက္လုပ္ေနတာေၾကာင့္ အထူးစိတ္ပူေၾကာင္း ကုလဌာေနအဖြဲ႔ကေျပာပါတယ္။

ႏိုင္ငံတြင္းမွာ ဆႏၵျပသူေတြေရာ ေဘးက ရပ္ၾကည့္ေနသူေတြပါ ေသဆံုးတာ၊ ဒဏ္ရာရမႈေတြ ေန႔စဥ္လိုလို ရွိေနတယ္ဆိုတဲ့ သတင္းေတြရထား တဲ့အျပင္ ႏိုင္ငံတြင္း ေနရာအႏွံ႔မွာ ေပါက္ကြဲမႈေတြ မီးရႈိ႕မႈေတြတိုးလာေနတာေၾကာင့္ ကုလသမဂၢက စိုးရိမ္ေနေၾကာင္းလည္း ေျပာပါတယ္။

............

မြန်မာဆန္ဒပြသူတွေ သေဆုံးမှု အများစု ပစ်ခတ်ခံရမှုအဖြစ် ကုလသတင်းထုတ်ပြန်

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၃ လကျော် ကာလအတွင်း လူပေါင်း ၇၇၀ ကျော် သေဆုံးခဲ့ရပြီဖြစ်သလို အများစုဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးရတာဖြစ်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ အာဏာသိမ်းထားတဲ့စစ်တပ်က ဆန္ဒပြပြည်သူတွေကို ဆက်ပြီး အကြမ်းဖက်နှိမ်နင်းနေ တယ် ဆိုတဲ့ သတင်းတွေကြောင့် အထူးစိုးရိမ်နေ ကြောင်းလည်း ကုလသမဂ္ဂက သောကြာနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေဝါရီလ ၁ ရက်ကနေ မေလ ၆ ရ က်အထိ စစ်တပ်နဲ့ရဲတွေရဲ့ သတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်း အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ အမျိုးသားတွေ စုစုပေါင်း ၇၇၄ ယောက် သေဆုံးခဲ့ရတယ် ဆိုတဲ့ သတင်းအချက်လက်တွေ ရထားတယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂဌာနေအဖွဲ့က ပြောကြောင်း အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သေဆုံးရသူအများစုဟာ သေနတ်ဒဏ်ရာကြောင့် သေဆုံးရတာ ဖြစ်ကြောင်းနဲ့ ပြည်သူတွေထဲမှာ တရားမဲ့ အဖမ်းဆီးခံရပြီး ခုထိမလွတ်မြောက်သေးသူ ၃ ၇၄၀ ရဲ့ အခြေနေကိုလည်း ကုလအဖွဲ့က စိုးရိမ်နေ တယ်လို့ လည်း ပြောပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ရဲက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ ဆက်လုပ်နေတာကြောင့် အထူးစိတ်ပူကြောင်း ကုလဌာနေအဖွဲ့ကပြောပါတယ်။

နိုင်ငံတွင်းမှာ ဆန္ဒပြသူတွေရော ဘေးက ရပ်ကြည့်နေသူတွေပါ သေဆုံးတာ၊ ဒဏ်ရာရမှုတွေ နေ့စဉ်လိုလို ရှိနေတယ်ဆိုတဲ့ သတင်းတွေရထား တဲ့အပြင် နိုင်ငံတွင်း နေရာအနှံ့မှာ ပေါက်ကွဲမှုတွေ မီးရှို့မှုတွေတိုးလာနေတာကြောင့် ကုလသမဂ္ဂက စိုးရိမ်နေကြောင်းလည်း ပြောပါတယ်။ 

 https://burmese.voanews.com/a/myanmar-most-protestors-died-from-gun-shots/5882642.html


No comments:

Post a Comment

Note: Only a member of this blog may post a comment.