Breaking

June 23, 2021

ျမန္မာ့အေရး ႏိုင္ငံတကာ ကူညီေျဖရွင္းႏိုင္ေရး ကန္ဒု၀န္ႀကီးနဲ႔ ကုလအထူးကိုယ္စားလွယ္ေဆြးေႏြး


Deputy Secretary Sherman’s Meeting with UN Special Envoy on Myanmar Burgener (Photo- Wendy Sherman's twitter)
ျမန္မာစစ္တပ္ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ ဖိႏွိပ္မႈေတြ အဆုံးသတ္ေရး ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕ ႀကိဳးပမ္းမႈေတြနဲ႔ပတ္သက္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ဒုတိယဝန္ႀကီး Wendy Sherman နဲ႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener တို႔ ဝါရွင္တန္ဒီစီမွာ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။


အဂၤါေန႔က ေတြ႕ဆုံရာမွာ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) ရဲ႕ မၾကာေသးခင္တုန္းက ထုတ္ျပန္တဲ့ အခ်က္ ၅ ခ်က္ပါ ဘုံသေဘာတူညီခ်က္ကို ျမန္မာစစ္အာဏာပိုင္ေတြ လိုက္နာေအာင္ တြန္းအားေပးဖို႔ ေဆြးေႏြးခဲ့ေၾကာင္းလည္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရပုဂၢိဳလ္ Ned Price က သတင္းထုတ္ျပန္ခဲ့တာပါ။ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္း ျပန္လည္ေရာက္ရွိေစဖို႔ ျမန္မာျပည္သူေတြ ရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကို ပံ့ပိုးကူညီဖို႔၊ ျမန္မာႏိုင္ငံတြင္း အကာအကြယ္မဲ့ေနသူေတြအတြက္ အေရးေပၚ လူသားခ်င္းစာနာမႈ အကူအညီေတြ ရရွိေစဖို႔နဲ႔ ဒုကၡသည္ေတြ၊ ခိုလႈံခြင့္ေတာင္းခံသူေတြကို လုံၿခဳံ မႈနဲ႔ ခိုလႈံေနထိုင္ခြင့္ေပးေရး ေဒသတြင္းႏိုင္ငံေတြကို အားေပးဖို႔ ေဆြးေႏြး ခဲ့ေၾကာင္းလည္း ေဖၚျပထားပါတယ္။

ကုလသမသဂၢအတြင္းေရးမွဴးခ်ုပ္ အန္တိုနီယိုဂူတာယပ္စ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ဟာ သူရဲ႕ အာရွေဒသတြင္းခရီးစဥ္အၿပီးမွာ နယူးေရာက္ကုလသမဂၢဌာနခ်ဳပ္ကို ေရာက္ရွိေနတဲ့ အခ်ိန္အတြင္းအခုလို အေမရိကန္အစိုးရ ထိပ္တန္းအရာရွိေတြနဲ႔ ေတြ႕ဆံုေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

---------------------------------

မြန်မာ့အရေး နိုင်ငံတကာ ကူညီဖြေရှင်းနိုင်ရေး၊ ကန်ဒုဝန်ကြီးနဲ့ ကုလအထူးကိုယ်စားလှယ်ဆွေးနွေး

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Wendy Sherman နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener တို့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်္ဂါနေ့က တွေ့ဆုံရာမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ မကြာသေးခင်တုန်းက ထုတ်ပြန်တဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို မြန်မာစစ်အာဏာပိုင်တွေ လိုက်နာအောင် တွန်းအားပေးဖို့ ဆွေးနွေးခဲ့ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က သတင်းထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ရောက်ရှိစေဖို့ မြန်မာပြည်သူတွေ ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးကူညီဖို့၊ မြန်မာနိုင်ငံတွင်း အကာအကွယ်မဲ့နေသူတွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ ရရှိစေဖို့နဲ့ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေကို လုံခြုံ မှုနဲ့ ခိုလှုံနေထိုင်ခွင့်ပေးရေး ဒေသတွင်းနိုင်ငံတွေကို အားပေးဖို့ ဆွေးနွေးခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ကုလသမသဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာယပ်စ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ သူရဲ့ အာရှဒေသတွင်းခရီးစဉ်အပြီးမှာ နယူးရောက်ကုလသမဂ္ဂဌာနချုပ်ကို ရောက်ရှိနေတဲ့ အချိန်အတွင်းအခုလို အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့တာဖြစ်ပါတယ်။

https://burmese.voanews.com/a/deputy-secretary-sherman-s-meeting-with-un-special-envoy-on-myanmar-burgener/5938853.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.