Breaking

June 6, 2021

ကိုဗစ်ကြောင့် တွန်းဇံနဲ့ ကျီခါးမှာ တပတ်အတွင်း ခုနှစ်ဦးသေဆုံး၊ လူ ၂၆၀ နီးပါးကူးစက်ခံရ

2021-06-05

ကိုဗစ်ကြောင့် တွန်းဇံနဲ့ ကျီခါးမှာ တပတ်အတွင်း ခုနှစ်ဦးသေဆုံး၊ လူ ၂၆၀ နီးပါးကူးစက်ခံရ ကျီခါးမြို့ တိုက်နယ်ဆေးရုံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူကို ၂၀၂၁ ဇွန် ၅ ရက်နေ့က ကျန်းမာရေးဝန်ထမ်းတွေ သယ်ဆောင်စဉ်
Photo: CJ

ချင်းပြည်နယ်‌မြောက်ပိုင်း တွန်းဇံမြို့နယ် ကျီးခါးမြို့မှာ ဇွန်လ ၅ ရက် ဒီနေ့မနက်အစောပိုင်းက ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဒေသခံတစ်ဦး ထပ်မံသေဆုံးသွားပါတယ်။

သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ကျီးခါးတိုက်နယ် ဆေးရုံမှာ ‌‌ဆေးကုသနေရင်းက သေဆုံးသွားတာလို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

ချင်းပြည်နယ်ထဲက အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ကျီခါးနဲ့ တွန်းဇံမြို့တွေမှာ မေလကုန်ပိုင်းကစပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဆိုးဆိုးရွားရွားပြန်ဖြစ်လာနေတာဖြစ်ပါတယ်။

တစ်ပတ်အတွင်းမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ ၇ ဦးအထိရှိပြီး ရောဂါကူးစက်ခံရသူ ၂၅၈ ယောက်ထိရှိတယ်လို့ ဆေးရုံတာဝန်ရှိသူတွေဆီက စုံစမ်းသိရပါတယ်။

cikha-corona-.jpg
(ကျီခါးမြို့ တိုက်နယ်ဆေးရုံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူကို ၂၀၂၁ ဇွန် ၅ ရက်နေ့က ကျန်းမာရေးဝန်ထမ်းတွေ သယ်ဆောင်စဉ်)

ချင်းပြည်နယ်မှာ ကိုရိုနာရောဂါပိုးကူးစက်မှုတွေထပ်တိုးလာတာကြောင့် တွန်းဇံမြို့တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန် စတဲ့မြို့တွေကို မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ Stay at Home အမိန့် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁၅၀၀၀ဝ နီးပါးနဲ့ သေဆုံးသူ ၃၂၂၀ ကျော်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ပြန်ဖြစ်လာနိုင်တဲ့အခြေအနေကို ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပေမယ့် ပြည်သူတော်တော်များများကတော့ ကိုဗစ်ထက်ဆိုးထက် စစ်အာဏာရှင်ကို အရင်တိုက်ထုတ်ရမယ်ဆိုပြီး ပြောဆိုနေကြတာပါ။

NLD အစိုးရလက်ထက်မှာ တစ်ရက်ကို လူတစ်သောင်းခွဲလောက် ဆေးစစ်ပေးနိုင် ခဲ့ပေမယ့် အခုစစ်ကောင်စီ လက်ထက်မှာ တစ်ရက် လူ နှစ်ထောင်လောက်ကိုပဲ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနိုင်နေတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 https://www.rfa.org/burmese/news/corona-in-chin-06052021035640.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.