2021-06-03
အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း ICRC ဥက္ကဋ္ဌ Peter Maurer ဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကြာသပတေးနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အကျဉ်းထောင်တွေ အတွင်း သွားရောက်ခွင့်၊ အကူအညီပေးခွင့်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားသုံးဖြိုခွင်းမှုတွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ ICRC ရဲ့ ထုတ်ပြန်ချက်မှာရေးထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာပြည်သူတွေဟာ တိုက်ပွဲတွေကြားရောက်ရှိနေတာတွေနဲ့ ကိုဗစ် ၁၉ ရောဂါကူးစက်ခံနေရတာတွေ အတွက် အရေးပေါ်အကူအညီနဲ့ အကာအကွယ်တွေ လိုအပ်နေတယ်လို့လည်း ICRC ဥက္ကဋ္ဌက ပြောပါတယ်။
တဆက်တည်း လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေလိုအပ်နေတဲ့ ချင်း၊ကချင်၊ ကယား၊ ကရင်နဲ့ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဒေသက အခြေအနေတွေကိုလည်း ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။
အခုတွေ့ဆုံမှုဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စတွေ အပေါ်မှာ ICRC ရဲ့ စိုးရိမ် ကြောင့်ကြမှုကို သမာသမတ်ကျကျ ထောက်ပြပြောဆိုခဲ့တာ ဖြစ်တယ်လို့ ICRC ဥက္ကဋ္ဌ Peter Maurer က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
https://www.rfa.org/burmese/news/icrc-meets-military-leader-06032021154746.html


No comments:
Post a Comment
Note: Only a member of this blog may post a comment.