ႏိုင္ငံတကာ ေငြေၾကးရန္ပံုေငြအဖြဲ႔ IMF ရဲ႕ SDR (Special Drawing Rights) ေခၚ အထူးေငြထုတ္ယူခြင့္ ေပးတဲ့ထဲမွာ ေဖေဖၚဝါရီလကတည္းက စစ္တပ္က အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံ မပါဝင္ဘူးလို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး Janet Yellen က ၾကာသပေတးေန႔မွာ ေျပာၾကားလိုက္ပါတယ္။
IMF ရဲ႕ SDR အစီအစဥ္ အရ အစိုးရတရပ္ဟာ အာဏာကို အတင္းလုယူထားမယ္ ဆိုရင္ IMF က အဲဒီိလို ႏိုင္ငံနဲ႔ ဆက္သြယ္ေဆာင္ရြက္လို႔ မရေၾကာင္းနဲ႔ ဒီအစိုးရအေပၚ IMF အဖြဲ႔ဝင္ ႏိုင္ငံ မ်ားစုက အသိမွတ္ျပဳမွသာ ဆက္သြယ္ေဆာင္ရြက္ခြင့္ရွိၿပီး အခု ဒီလို အေျခေန ျဖစ္မလာႏိုင္ဘူးလို႔လည္း အေမရိကန္ ဘ႑ာေရးဝန္ႀကီး Janet Yellen က အေမရိကန္လႊတ္ေတာ္မွာ ျမန္မာႏိုင္ငံဆိုင္ရာ ေမးျမန္းခ်က္ကို ျပန္လည္ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။
အီးယူဥေရာပ သမဂၢနဲ႔ ႏိုင္ငံ ၁၉ ႏိုင္ငံပါဝင္တဲ့ G 20 စီးပြားေရးပူးေပါင္းေဆာင္ရြက္တဲ့ အဖြဲ႔ႀကီးကေန ဆင္းရဲတဲ့ ႏိုင္ငံေတြ အတြက္ အေႂကြးေလွ်ာ္ပစ္မယ့္ အစီအစဥ္နဲ႔ ပတ္သက္ၿပီး အေမရိကန္က လုပ္ေဆာင္မွာေတြကို အေမရိကန္လႊတ္ေတာ္မွာ လ်ာထားေငြဆိုင္ရာ တင္ျပရာမွာ အခုလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။
ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြနဲ႔ ဆင္းရဲတဲ့ ႏိုင္ငံေတြ အတြက္ ေႂကြးၿမီေလွ်ာ္ပစ္ဖို႔ အစီအစဥ္ဟာ ရန္ပံုေငြထပ္မရရင္ အခက္အခဲေတြ ျဖစ္ႏိုင္တယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး Janet Yellen က ၾကာသပေတးေန႔မွာ လႊတ္ေတာ္အမတ္ေတြကို ေျပာပါတယ္။
ကမာၻ႔ဘဏ္၊ IMF ႏိုင္ငံတကာေငြေၾကးရန္ပံုေငြအဖြဲ႔ နဲ႔ တျခားအဖြဲ႔အစည္းေတြ အတြက္ အေမရိကန္က ေဒၚလာ ၂.၇ ဘီလ်ံထည့္ဝင္ဖို႔ ကတိေပးထားေပမယ့္ ခုထိေတာ့ မျပည့္မွီေသးပါဘူး။
ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြမွာ ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ တုန္႔ျပန္ေဆာင္ရြက္ေရး အကူညီေပးဖို႔ အပါအဝင္ အေမရိကန္ေဒၚလာ သန္း တေထာင္ေလာက္ ဘတ္ဂ်က္ေငြ ခ်ထားေပးဖို႔လည္း မစၥ Yellen က လႊတ္ေတာ္မွာ ပန္ၾကားခဲ့တာပါ။
IMF ပေးတဲ့ အထူးအခွင့်အရေး မြန်မာ ရရှိနိုင်မည် မဟုတ် (ကန်ဘဏ္ဍာရေးဝန်ကြီး Yellen)
(Unicode)
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ SDR (Special Drawing Rights) ခေါ် အထူးငွေထုတ်ယူခွင့် ပေးတဲ့ထဲမှာ ဖေဖေါ်ဝါရီလကတည်းက စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ မပါဝင်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
IMF ရဲ့ SDR အစီအစဉ် အရ အစိုးရတရပ်ဟာ အာဏာကို အတင်းလုယူထားမယ် ဆိုရင် IMF က အဲဒီလို နိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်လို့ မရကြောင်းနဲ့ ဒီအစိုးရအပေါ် IMF အဖွဲ့ဝင် နိုင်ငံ များစုက အသိမှတ်ပြုမှသာ ဆက်သွယ်ဆောင်ရွက်ခွင့်ရှိပြီး အခု ဒီလို အခြေနေ ဖြစ်မလာနိုင်ဘူးလို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က အမေရိကန်လွှတ်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ မေးမြန်းချက်ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
အီးယူဥရောပ သမဂ္ဂနဲ့ နိုင်ငံ ၁၉ နိုင်ငံပါဝင်တဲ့ G 20 စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့ကြီးကနေ ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် အကြွေးလျှော်ပစ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်က လုပ်ဆောင်မှာတွေကို အမေရိကန်လွှတ်တော်မှာ လျာထားငွေဆိုင်ရာ တင်ပြရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် ကြွေးမြီလျှော်ပစ်ဖို့ အစီအစဉ်ဟာ ရန်ပုံငွေထပ်မရရင် အခက်အခဲတွေ ဖြစ်နိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ကြာသပတေးနေ့မှာ လွှတ်တော်အမတ်တွေကို ပြောပါတယ်။
ကမ္ဘာ့ဘဏ်၊ IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ နဲ့ တခြားအဖွဲ့အစည်းတွေ အတွက် အမေရိကန်က ဒေါ်လာ ၂.၇ ဘီလျံထည့်ဝင်ဖို့ ကတိပေးထားပေမယ့် ခုထိတော့ မပြည့်မှီသေးပါဘူး။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ တုန့်ပြန်ဆောင်ရွက်ရေး အကူညီပေးဖို့ အပါအဝင် အမေရိကန်ဒေါ်လာ သန်း တထောင်လောက် ဘတ်ဂျက်ငွေ ချထားပေးဖို့လည်း မစ္စ Yellen က လွှတ်တော်မှာ ပန်ကြားခဲ့တာပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.