
လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းမှုတွေရှိတယ်လို့ယူဆနိုင်တဲ့ မြန်မာ၊ တောင်ဆူဒန်၊ အီသီယိုးပီးယားနဲ့ အရစ်တြီးယားနိုင်ငံတွေကို အမေရိကန်က အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ပြီးလုပ်လာနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့အစိုးရက မနေ့ကပဲ သတိပေးလိုက်တဲ့အကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်လွှတ်တော်ကို တင်သွင်းတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အကြမ်းဖက်ရက်စက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့အချက်ကို အမေရိကန်အစိုးရက ထည့်သွင်းဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ဝီဂါမွတ်စလင်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန် က ယုံကြည်ထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေဟာလည်း Ethnic Cleansing လို့ ခေါ်တဲ့ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုကို ကြုံနေရတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံဟာလည်း လူမျိုးတုံးသတ်ဖြတ်မှု ရှိနိုင်တဲ့ အခြေအနေမှာ ရှိနေတုန်းပဲ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာတွေကိုအကြမ်းဖက် ဖိနှိပ်ရက်စက်မှုတွေ အပါအဝင် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံတွေကို အကြမ်းဖက်ဖြိုခွဲတာ၊ ပြည်သူတွေအပေါ် ဖိနှိပ်နေတာတွေကို ရပ်တန့်ဖို့ အမေရိကန်ရဲ့ မဟာမိတ်နဲ့ လုပ်ဖော်ကိုင်ဖက်နိုင်ငံတွေ ပူးပေါင်းပြီး မြန်မာစစ်တပ်အာဏာပိုင်တွေကို ဖိအားတွေ ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။
https://www.rfa.org/burmese/news/ethnic-cleansing-us-myanmar-07122021165322.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.