Breaking

July 10, 2021

႐ုရွားထုတ္ ကိုဗစ္ကာကြယ္ေဆး ၂ သန္း မွာယူထားေၾကာင္း ျမန္မာစစ္ေခါင္းေဆာင္ေျပာ

 


႐ုရွားထုတ္ sputnik ကိုဗစ္ ကာကြယ္ေဆး (Photo - AP)
[ Zawgyi ]

တေက်ာ့ျပန္ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံကို ႐ုရွားႏိုင္ငံက ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ၂ သန္း ဒီလကစ ေပးပို႔မွာျဖစ္ေၾကာင္း ျမန္မာစစ္ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကေျပာလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနခ်ိန္မွာ အကူအညီေပးဖို႔ ႐ုရွားကာကြယ္ေရးဌာန အဆင့္ျမင့္ အရာရွိေတြက ကတိေပးခဲ့တာလို႔လည္း ဆိုပါတယ္။ ကာကြယ္ေဆး ၂ သန္း ေတာင္းခံတာကို ေပးမယ္လို႔ ကတိေပးခဲ့တဲ့အေၾကာင္း ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ရဲ႕ ေျပာၾကားခ်က္ကို စစ္တပ္ပိုင္ ျမ၀တီသတင္းမွာ ေဖာ္ျပပါတယ္။

႐ုရွားႏိုင္ငံက ထုတ္လုပ္တဲ့ Sputnik V ကာကြယ္ေဆးကို ကမာၻ႔က်န္းမာေရးအဖဲြ႕ (WHO) က သုံးစဲြခြင့္ တရား၀င္ အတည္မျပဳေသးေပမဲ့ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္း အိႏၵိယႏိုင္ငံ အပါအ၀င္ အာရွႏိုင္ငံတခ်ဳိ႕မွာ အေရးေပၚ သုံးစဲြဖို႔ ခြင့္ျပဳထားပါတယ္။ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကေတာ့ ႐ုရွားထုတ္ ကာကြယ္ေဆး ၇ သန္းရဖို႔ ႀကိဳးပမ္းေနေၾကာင္း ႐ုရွားႏိုင္ငံကို သြားေရာက္ခဲ့တဲ့ ၿပီးခဲ့တဲ့လထဲမွာပဲ ေျပာဆိုထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါ ကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြ စံခ်ိန္တင္ တိုးလာေနခ်ိန္မွာပဲ ျမန္မာစစ္ေခါင္းေဆာင္ရဲ႕ ေျပာဆိုခ်က္ ထြက္ေပၚလာတာပါ။ ဒီသီတင္းပတ္ထဲမွာပဲ ေရာဂါကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြ တိုးလာေနရာမွာ၊ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ေသာၾကာေန႔ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ ေသဆုံးသူ ၆၄ ေယာက္နဲ႔ ကူးစက္သူ ၄၃၂၀ အထိ ရွိခဲ့တာေၾကာင့္ တပတ္အတြင္း အမ်ားဆုံးလည္း ျဖစ္ခဲ့ပါတယ္။

[ Unicode ]

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ၂ သန်း မှာယူထားကြောင်း မြန်မာစစ်ခေါင်းဆောင်ပြော

တကျော့ပြန် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံကို ရုရှားနိုင်ငံက ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ၂ သန်း ဒီလကစ ပေးပို့မှာဖြစ်ကြောင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာ အကူအညီပေးဖို့ ရုရှားကာကွယ်ရေးဌာန အဆင့်မြင့် အရာရှိတွေက ကတိပေးခဲ့တာလို့လည်း ဆိုပါတယ်။ ကာကွယ်ဆေး ၂ သန်း တောင်းခံတာကို ပေးမယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ပြောကြားချက်ကို စစ်တပ်ပိုင် မြဝတီသတင်းမှာ ဖော်ပြပါတယ်။

ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ Sputnik V ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သုံးစွဲခွင့် တရားဝင် အတည်မပြုသေးပေမဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ အပါအဝင် အာရှနိုင်ငံတချို့မှာ အရေးပေါ် သုံးစွဲဖို့ ခွင့်ပြုထားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရုရှားထုတ် ကာကွယ်ဆေး ၇ သန်းရဖို့ ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ ပြီးခဲ့တဲ့လထဲမှာပဲ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ စံချိန်တင် တိုးလာနေချိန်မှာပဲ မြန်မာစစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ ဒီသီတင်းပတ်ထဲမှာပဲ ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေရာမှာ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သောကြာနေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၆၄ ယောက်နဲ့ ကူးစက်သူ ၄၃၂၀ အထိ ရှိခဲ့တာကြောင့် တပတ်အတွင်း အများဆုံးလည်း ဖြစ်ခဲ့ပါတယ်

 https://burmese.voanews.com/a/5960281.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.