Breaking

July 14, 2021

၉ ရက္ဆက္တိုက္ ရံုးပိတ္ရက္ေၾကညာၿပီး ျပင္ပသြားလာခြင့္ကန္႔သတ္

 


၂၀၂၀ ခုႏွစ္ ေမလ ၁၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ဘတ္စ္ကားဂိတ္အနီး ေတြ႔ရတဲ့ ျမင္ကြင္း။ (ေမ ၁၅၊၂၀၂၀)
[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကိုဗစ္ေရာဂါဆိုင္ရာ ဓာတ္ခြဲနမူနာေပါင္း ၂၁,၀၀၀ ေက်ာ္ကို စစ္ေဆးခဲ့တာမွာ ေရာဂါပိုးကူးစက္ထားသူ ၇,၀၀၀ ေက်ာ္ ထပ္ေတြ႔ၿပီး ေသဆံုးသူက ၁၄၅ ေယာက္ရွိခဲ့ပါတယ္။

ပိုးကူးစက္သူနဲ႔ ေသဆံုးသူအေရအတြက္ဟာ ေန႔စဥ္ တိုးပြားေနတာျဖစ္ၿပီး အခုဆိုရင္ စစ္ေဆးတဲ့အေရအတြက္ရဲ႕ ၃၀% ေက်ာ္ထိ ကူးစက္သူေတြ ေတြ႔လာေနပါတယ္။ ေသဆံုးသူဟာလည္း က်န္းမာေရးနဲ႔ အားကစားဌာနရဲ႕ တရားဝင္ထုတ္ျပန္မွာကို တေန႔ထက္တေန႔ တိုးလာေနပါတယ္။

ဒီအေျခအေနေၾကာင့္ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ဆိုၿပီး ဒီသီတင္းပတ္ကုန္ကေန ေရွ႕သီတင္းပတ္အထိ စုစုေပါင္း ၉ ရက္ကို အမ်ားျပည္သူ ႐ံုးပိတ္ရက္အျဖစ္ သတ္မွတ္တဲ့အေၾကာင္း စစ္ေကာင္စီက ဒီကေန႔ည ၈ နာရီသတင္းမွာ ေၾကညာသြားပါတယ္။

ဒီပိတ္ရက္ေတြထဲမွာ အစၥလာမ္ဘာသာေရးအထြဋ္အျမတ္ အစ္ဒ္္ေန႔၊ ဗုဒၶဘာသာဝင္ေတြရဲ႕ ဝါဆိုလျပည့္ေန႔ေတြ၊ အာဇာနည္ေန႔လည္း ပါဝင္ပါတယ္။

ဒီရက္ေတြအတြင္း တာဝန္နဲ႔ နာေရးကိစၥေတြကအပ ခရီးသြားလာတာ လံုးဝမလုပ္ဖို႔၊ မရွိမျဖစ္ဆိုင္ေတြနဲ႔ ေဆးဆိုင္ေတြ၊ က်န္းမာေရးဌာနေတြပဲ ဖြင့္ၾကဖို႔ အေရးကိစၥေပၚလို႔ အျပင္သြားမယ္ဆုိရင္ ခြင့္ျပဳခ်က္ယူၿပီးမွ ႏွာေခါင္းစည္း အကာအကြယ္ေတြနဲ႔ သြားလာဖို႔နဲ႔ ဒီတားျမစ္ခ်က္ကို မလိုက္နာဘူးဆိုရင္ အေရးယူမယ္လုိ႔ ေၾကညာထားပါတယ္။

အခုကန္႔သတ္ခ်က္ေၾကာင့္ ေန႔စဥ္လိုရွိေနတဲ့ စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး ဆႏၵျပပြဲေတြအေပၚ ဘယ္လို႐ိုက္ခတ္မႈ ရွိလာမလဲဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

[Unicode Version]

၉ ရက်ဆက်တိုက် ရုံးပိတ်ရက်ကြေညာပြီး ပြင်ပသွားလာခွင့်ကန့်သတ်

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါဆိုင်ရာ ဓာတ်ခွဲနမူနာပေါင်း ၂၁,၀၀၀ ကျော်ကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်ထားသူ ၇,၀၀၀ ကျော် ထပ်တွေ့ပြီး သေဆုံးသူက ၁၄၅ ယောက်ရှိခဲ့ပါတယ်။

ပိုးကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ဟာ နေ့စဉ် တိုးပွားနေတာဖြစ်ပြီး အခုဆိုရင် စစ်ဆေးတဲ့အရေအတွက်ရဲ့ ၃၀% ကျော်ထိ ကူးစက်သူတွေ တွေ့လာနေပါတယ်။ သေဆုံးသူဟာလည်း ကျန်းမာရေးနဲ့ အားကစားဌာနရဲ့ တရားဝင်ထုတ်ပြန်မှာကို တနေ့ထက်တနေ့ တိုးလာနေပါတယ်။

ဒီအခြေအနေကြောင့် ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက်ဆိုပြီး ဒီသီတင်းပတ်ကုန်ကနေ ရှေ့သီတင်းပတ်အထိ စုစုပေါင်း ၉ ရက်ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်တဲ့အကြောင်း စစ်ကောင်စီက ဒီကနေ့ည ၈ နာရီသတင်းမှာ ကြေညာသွားပါတယ်။

ဒီပိတ်ရက်တွေထဲမှာ အစ္စလာမ်ဘာသာရေးအထွဋ်အမြတ် အစ်ဒ်နေ့၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဝါဆိုလပြည့်နေ့တွေ၊ အာဇာနည်နေ့လည်း ပါဝင်ပါတယ်။

ဒီရက်တွေအတွင်း တာဝန်နဲ့ နာရေးကိစ္စတွေကအပ ခရီးသွားလာတာ လုံးဝမလုပ်ဖို့၊ မရှိမဖြစ်ဆိုင်တွေနဲ့ ဆေးဆိုင်တွေ၊ ကျန်းမာရေးဌာနတွေပဲ ဖွင့်ကြဖို့ အရေးကိစ္စပေါ်လို့ အပြင်သွားမယ်ဆိုရင် ခွင့်ပြုချက်ယူပြီးမှ နှာခေါင်းစည်း အကာအကွယ်တွေနဲ့ သွားလာဖို့နဲ့ ဒီတားမြစ်ချက်ကို မလိုက်နာဘူးဆိုရင် အရေးယူမယ်လို့ ကြေညာထားပါတယ်။

အခုကန့်သတ်ချက်ကြောင့် နေ့စဉ်လိုရှိနေတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပေါ် ဘယ်လိုရိုက်ခတ်မှု ရှိလာမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

 https://burmese.voanews.com/a/myanmar-covid/5965428.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.