Breaking

July 13, 2021

၂၄ နာရီအတြင္း ဓါတ္ခဲြအတည္ျပဳ ၄,၀၄၇ ဦး၊ ေသဆံုး ၁၀၉ ဦး


ဇူလိုင္လ ၈ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၈၊ ၂၀၂၁)
[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကိုဗစ္ေရာဂါ ဓာတ္ခြဲနမူနာေပါင္း ၁၁,၆၈၆ ခုကို စစ္ေဆးခဲ့တာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ထားသူအေရအတြက္ ၄,၀၄၇ ေယာက္ထပ္ေတြ႕ၿပီး ေနာက္ထပ္ေသဆုံးသူ ၁၀၉ ဦး ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုေသဆံုးသူအေရအတြက္ဟာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အမ်ားဆံုးအေရအတြက္ျဖစ္သလို ပိုးေတြ႔ႏႈန္းကလည္း ၃၄.၆၃% ရွိတာေၾကာင့္ တေန႔ထက္တေန႔ ပိုၿပီး တိုးလာေနတဲ့သေဘာပါပဲ။

ဒီကေန႔အထိဆိုရင္ ပိုးေတြ႔သူစုစုေပါင္း ၂၀၁,၀၀၀ ေက်ာ္ရွိၿပီျဖစ္ၿပီး အဲဒီထဲက ၁၅၀,၀၀၀ နီးပါး ေဆး႐ံုေတြကေန ဆင္းသြားၾကၿပီျဖစ္ၿပီးေတာ့ ေသဆံုးသူ စုစုေပါင္းက ၄,၀၃၆ ေယာက္ရွိၿပီျဖစ္ပါတယ္။

လက္ရွိ ကိုဗစ္တတိယလိႈင္းမွာေတာ့ ေအာက္ဆီဂ်င္လိုအပ္ခ်က္ မ်ားေနၿပီး ေအာက္ဆီဂ်င္ဘူးေတြကို တန္းစီ ေစာင့္ဆိုင္းၿပီး ျဖည့္ယူေနၾကတာေတြ ေနရာအေတာ္မ်ားမ်ားမွာေတြ႔ေနရပါတယ္။

စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေတာ့ ျမန္မာႏိုင္ငံမွာ ေအာက္ဆီဂ်င္ အလုံအေလာက္ရွိၿပီး ဒါကို ႏိုင္ငံေရးအရ အျမတ္ထုတ္ခ်င္တဲ့သူေတြ ရွိေနတယ္ဆိုၿပီးေတာ့ ျပစ္တင္ေျပာဆိုထားပါတယ္။ ဒါေပမဲ့လည္း လက္ေတြ႕ အကူအညီေပးေနတဲ့ ပရဟိတလုပ္သားေတြနဲ႔ ကိုယ္တိုင္ႀကဳံေတြ႕ေနရသူေတြကေတာ့ ဒီေျပာဆိုခ်က္ကို သေဘာမတူၾကပါဘူး။ လက္ရွိမွာေတာ့ ေအာက္ဆီဂ်င္စက္႐ုံေတြမွာ လူတေယာက္ခ်င္းစီက ေအာက္ဆီဂ်င္ျဖည့္တာေတြကို စစ္ေကာင္စီက ပိတ္ပင္ကန႔္သတ္ထားပါတယ္။

အခုဆိုရင္ တႏိုင္ငံလုံးမွာ Stay-At-Home မလိုအပ္ဘဲ အျပင္မထြက္ အိမ္တြင္းေန အမိန႔္ထုတ္ၿပီး ကန႔္သတ္ထားတာ ၇၄ ၿမိဳ႕နယ္ ရွိသြားပါၿပီ။


[Unicode Version]

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြု ၄,၀၄၇ ဦး၊ သေဆုံး ၁၀၉ ဦး

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါ ဓာတ်ခွဲနမူနာပေါင်း ၁၁,၆၈၆ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသူအရေအတွက် ၄,၀၄၇ ယောက်ထပ်တွေ့ပြီး နောက်ထပ်သေဆုံးသူ ၁၀၉ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုသေဆုံးသူအရေအတွက်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အများဆုံးအရေအတွက်ဖြစ်သလို ပိုးတွေ့နှုန်းကလည်း ၃၄.၆၃% ရှိတာကြောင့် တနေ့ထက်တနေ့ ပိုပြီး တိုးလာနေတဲ့သဘောပါပဲ။

ဒီကနေ့အထိဆိုရင် ပိုးတွေ့သူစုစုပေါင်း ၂၀၁,၀၀၀ ကျော်ရှိပြီဖြစ်ပြီး အဲဒီထဲက ၁၅၀,၀၀၀ နီးပါး 

လက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ အောက်ဆီဂျင်လိုအပ်ချက် များနေပြီး အောက်ဆီဂျင်ဘူးတွေကို တန်းစီ စောင့်ဆိုင်းပြီး ဖြည့်ယူနေကြတာတွေ နေရာအတော်များများမှာတွေ့နေရပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ အောက်ဆီဂျင် အလုံအလောက်ရှိပြီး ဒါကို နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့သူတွေ ရှိနေတယ်ဆိုပြီးတော့ ပြစ်တင်ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့ အကူအညီပေးနေတဲ့ ပရဟိတလုပ်သားတွေနဲ့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေကတော့ ဒီပြောဆိုချက်ကို သဘောမတူကြပါဘူး။ လက်ရှိမှာတော့ အောက်ဆီဂျင်စက်ရုံတွေမှာ လူတယောက်ချင်းစီက အောက်ဆီဂျင်ဖြည့်တာတွေကို စစ်ကောင်စီက ပိတ်ပင်ကန့်သတ်ထားပါတယ်။

အခုဆိုရင် တနိုင်ငံလုံးမှာ Stay-At-Home မလိုအပ်ဘဲ အပြင်မထွက် အိမ်တွင်းနေ အမိန့်ထုတ်ပြီး ကန့်သတ်ထားတာ ၇၄ မြို့နယ် ရှိသွားပါပြီ။

 https://burmese.voanews.com/a/myanmar-covid-cases/5963952.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.