Breaking

July 15, 2021

တောင်ဥက္ကလာက ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရ

 2021-07-15

တောင်ဥက္ကလာက ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်က ကမ္ဘာ့ရတနာဘဏ်ခွဲကို တွေ့ရစဉ်
Photo: Google Map

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်းပေါ်က ကမ္ဘာ့ရတနာဘဏ်ကို ဒီနေ့ ဇူလိုင်လ ၁၅ ရက် မနက် ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ လူတစ်စုက ဓားပြတိုက်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

နှာခေါင်းစည်းတွေ တပ်ထားတဲ့ အမည်မသိသူ သုံးဦးဟာ ဘဏ်ကို အငှားယာဉ်စီးပြီးတော့ ငွေလာထုတ်သူတွေ အသွင်နဲ့ ရောက်ရှိလာခဲ့ကြတာလို့ အခင်းဖြစ်နေရာအနီးမှာရှိနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲဒီလူသုံးဦးထဲက တစ်ဦးဟာ အသင့်ပါလာတဲ့ ပစ္စတိုနဲ့ ပစ်ခတ်တာတွေ ရှိပေမယ့် ထိခိုက်ဒဏ်ရာရသူ ရှိ၊ မရှိနဲ့ ပါသွားတဲ့ ငွေပမာဏအသေးစိတ်ကို မသိရသေးပါဘူး။

ဓာပြတိုက်သူတွေဟာ မိနစ်ပိုင်းအတွင်းမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း ဆိုပါတယ်။

ဓားပြတိုက်မှုဖြစ်စဉ်အပြီး ၁၀ မိနစ်လောက်အကြာမှာတော့ ဘဏ်ကို ရဲနဲ့ စစ်သားတွေ ရောက်လာပြီး ဘဏ် အနီးတစ်ဝိုက်မှာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံက ဆိုပါတယ်။

ကမ္ဘာ့ရတနာဘဏ်ဟာ ဘဏ်ခွဲပေါင်း ၁၈၈ ဘဏ်ဖွင့်လှစ်ထားပြီး အခု ဓားမြတိုက်ခံရတဲ့ဘဏ်ဟာ တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်းပေါ်မှာရှိတဲ့ ၁၂၃ ခု မြောက် ဘဏ်ခွဲဖြစ်ပါတယ်။

 https://www.rfa.org/burmese/news/global-treasure-bank-heist-07152021034326.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.