Breaking

July 15, 2021

ျမန္မာကိုဗစ္ အက်ပ္အတည္း အေရးေပၚကူညီဖို႔ ကုလတိုက္တြန္း

 


ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကုိယ္စားလွယ္ Tom Andrews.
[ Zawgyi ]

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ အက်ပ္အတည္း ပိုမိုဆိုးရြား ေစႏိုင္တဲ့ အေျခအေနေတြကို ၊ အေရးေပၚ ကိုင္တြယ္ေျဖရွင္းၾကဖို႔ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews က ႏိုင္ငံတကာ အသိုင္းအဝိုင္းကို တိုက္တြန္းလိုက္ပါတယ္။

Delta မ်ဳိးကဲြ ကိုဗစ္ပိုးအပါအဝင္ ကိုဗစ္ကူးစက္မႈ ႀကီးထြားလာတာ ၊ ျမန္မာႏိုင္ငံ က်န္းမာေရးစနစ္ ပ်က္ျပားေနတာ ၊ စစ္ေကာင္စီနဲ႔ ပတ္သက္သမွ်ကို ျမန္မာလူထုက အယုံအၾကည္ မရွိတာတို႔ေၾကာင့္ ၊ ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕ အေရးေပၚ အကူအညီ မရရွိဘူးဆိုရင္ လူအမ်ားအျပား ေသဆုံးရမယ့္ အေၾကာင္းတရားေတြ ဆုံဆည္းေနတဲ႔ မုန္တိုင္းႀကီးတခု ျဖစ္တယ္လို႔ Tom Andrews က ေျပာၾကားလိုက္တာပါ။

ပုံမွန္ က်န္းမာေရးအဆင့္ ရရွိေရးဟာ လူသားေတြရဲ႕ အေျခခံ ရပိုင္ခြင့္ျဖစ္ၿပီး ၊ ျမန္မာႏိုင္ငံသားေတြဟာ ဒါကို ျငင္းပယ္ခံေနရတယ္ လို႔လည္း ဆိုပါတယ္။

ျမန္မာျပည္သူလူထုအတြက္ အေရးေပၚၫြန္႔ေပါင္းအဖြဲ႔တခု ဖဲြ႕စည္းဖို႔ ၊ ဂ်နီဗာ လူ႔အခြင့္အေရး ေကာင္စီမွာ ဂ်ဴလိုင္(၇)ရက္ေန႔က ေဆာ္ၾသခဲ့တာကိုလည္း ဗုဒၶဟူးေန႔မွာ ထပ္မံ သတိေပး ေျပာၾကားလိုက္ပါတယ္။

ျမန္မာစစ္ေကာင္စီဟာ ဒီအက်ပ္အတည္းကို ကိုင္တြယ္ေျဖရွင္းဖို႔ အရင္းအျမစ္နဲ႔ စြမ္းရည္ မရွိသလို ၊ တရားဝင္ လုပ္ပိုင္ခြင့္လည္း မရွိဘူးလို႔ Tom Andrews က ေျပာၾကားခဲ့တာပါ။


ကိုဗစ္လူနာ ကုသေရးမွာ အသက္ကယ္ဆယ္ေရး အေထာက္အကူ အမ်ားအျပား အျမန္ဆုံး လိုအပ္ေနၿပီး ၊ အက်ဥ္းေထာင္ေတြထဲမွာ ႁပြတ္သိပ္ေနထိုင္ေနရတဲ့ လူေတြအပါအဝင္ အကာအကြယ္မဲ့ေနၾကတဲ့ ျမန္မာျပည္သူေတြအတြက္ အထူး စိုးရိမ္မိေၾကာင္းလည္း ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး႐ုံးရဲ႕ ဇူလိုင္(၁၄)ရက္ ဗုဒၶဟူးေန႔မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

[ Unicode ]

မြန်မာကိုဗစ် အကျပ်အတည်း အရေးပေါ်ကူညီဖို့ ကုလတိုက်တွန်း

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အကျပ်အတည်း ပိုမိုဆိုးရွား စေနိုင်တဲ့ အခြေအနေတွေကို ၊ အရေးပေါ် ကိုင်တွယ်ဖြေရှင်းကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

Delta မျိုးကွဲ ကိုဗစ်ပိုးအပါအဝင် ကိုဗစ်ကူးစက်မှု ကြီးထွားလာတာ ၊ မြန်မာနိုင်ငံ ကျန်းမာရေးစနစ် ပျက်ပြားနေတာ ၊ စစ်ကောင်စီနဲ့ ပတ်သက်သမျှကို မြန်မာလူထုက အယုံအကြည် မရှိတာတို့ကြောင့် ၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အရေးပေါ် အကူအညီ မရရှိဘူးဆိုရင် လူအများအပြား သေဆုံးရမယ့် အကြောင်းတရားတွေ ဆုံဆည်းနေတဲ့ မုန်တိုင်းကြီးတခု ဖြစ်တယ်လို့ Tom Andrews က ပြောကြားလိုက်တာပါ။

ပုံမှန် ကျန်းမာရေးအဆင့် ရရှိရေးဟာ လူသားတွေရဲ့ အခြေခံ ရပိုင်ခွင့်ဖြစ်ပြီး ၊ မြန်မာနိုင်ငံသားတွေဟာ ဒါကို ငြင်းပယ်ခံနေရတယ် လို့လည်း ဆိုပါတယ်။

မြန်မာပြည်သူလူထုအတွက် အရေးပေါ်ညွန့်ပေါင်းအဖွဲ့တခု ဖွဲ့စည်းဖို့ ၊ ဂျနီဗာ လူ့အခွင့်အရေး ကောင်စီမှာ ဂျူလိုင်(၇)ရက်နေ့က ဆော်သြခဲ့တာကိုလည်း ဗုဒ္ဓဟူးနေ့မှာ ထပ်မံ သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာစစ်ကောင်စီဟာ ဒီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အရင်းအမြစ်နဲ့ စွမ်းရည် မရှိသလို ၊ တရားဝင် လုပ်ပိုင်ခွင့်လည်း မရှိဘူးလို့ Tom Andrews က ပြောကြားခဲ့တာပါ။

ကိုဗစ်လူနာ ကုသရေးမှာ အသက်ကယ်ဆယ်ရေး အထောက်အကူ အများအပြား အမြန်ဆုံး လိုအပ်နေပြီး ၊ အကျဉ်းထောင်တွေထဲမှာ ပြွတ်သိပ်နေထိုင်နေရတဲ့ လူတွေအပါအဝင် အကာအကွယ်မဲ့နေကြတဲ့ မြန်မာပြည်သူတွေအတွက် အထူး စိုးရိမ်မိကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ ဇူလိုင်(၁၄)ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ 

 https://burmese.voanews.com/a/un-hrc-issued-statement-on-myanmar-covid/5966043.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.