Breaking

July 29, 2021

တ႐ုတ္လုပ္ ကိုဗစ္ကာကြယ္ေဆးကို လက္ခံထိုးႏွံၾကဖို႔ ကၽြမ္းက်င္သူေတြ တိုက္တြန္း


Sinopharm ကိုဗစ္ ကာကြယ္ေဆး
[ Zawgyi ]

ကာကြယ္ေဆး ထိုးမယ့္သူေတြရဲ႕ စာရင္းကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနက ေဒသအလိုက္ စုေဆာင္း၊ ေကာက္ယူေနပါတယ္။ ေသဆုံးႏႈန္းမ်ားလာတဲ့ ျမန္မာႏိုင္ငံမွာ အဓိကႀကဳံေနရတဲ့ စိန္ေခၚမႈကေတာ့ လက္ရွိအေျခအေနမွာ တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆးကိုပဲ ထိုးႏွံမွာလား၊ ဒါမွမဟုတ္ရင္ တျခား ‌ေ႐ြးခ်ယ္စရာ ရွိလားဆိုတဲ့ကိစၥပါ။ က်န္းမာေရးပညာရွင္ေတြကေတာ့ ကာကြယ္ေဆး ထိုးႏွံျခင္းကပဲ ကိုဗစ္ေရာဂါကို တားဆီးႏိုင္လိမ့္မယ္လို႔ အႀကံျပဳၾကပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ဒီသတင္း အျပည့္အစုံကို ကိုခင္ေမာင္စိုးမင္းက ေျပာျပမွာပါ။

ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုပ္သံရံုးရဲ႕အဆိုအရ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ျမန္မာႏိုင္ငံကို တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆး ၃ သန္းေရာက္ရွိလာတယ္လို႔ သိရပါတယ္။ Sinopharm အလုံးေရ ၂ သန္းနဲ႔ Sinovac က ၁ သန္း ျဖစ္ပါတယ္။ ဦးစားေပး ထိုးႏွံေပးမယ့္ အုပ္စု ၁၃ စုထဲက ဒီကာကြယ္ေဆးေတြကို ထိုးႏွံဖို႔ ဆႏၵရွိတဲ့သူစာရင္းကိုလည္း က်န္းမာေရးဌာနဘက္က ေဒသအလိုက္ ေကာက္ယူေနတာပါ။

ဒီလို ေကာက္ယူတာမွာ တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆးကို ထိုးမယ္၊ မထိုးဘူးဆိုတဲ့ ကြာဟခ်က္ကလည္း က်န္းမာေရးဌာန တာဝန္ရွိသူေတြအတြက္ အဓိက ထည့္သြင္းစဥ္းစားေနရတဲ့ အေျခအေနပါ။ ကမာၻ႔ႏိုင္ငံအလိုက္ ကိုဗစ္ကာကြယ္ေဆးရရွိမႈ မတူညီတဲ့တြက္ အေရးေပၚအေျခအေနမွာ ေဆးအျမန္ဆုံး ထိုးႏွံထားဖို႔ပဲ က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းေနၾကပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က လက္တေလာ အေရးေပၚ သုံးစြဲခြင့္ျပဳထားတဲ့ ကိုဗစ္ကာကြယ္ေဆး ၁၀ မ်ိဳးထဲမွာ တ႐ုတ္ႏိုင္ငံထုတ္ ဒီေဆး ၂ မ်ိဳးလည္း ပါဝင္ေနတာပါ။

က်န္းမာေရးဝန္ႀကီးဌာနေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးကေတာ့ လက္ရွိ ျပည္တြင္းကိုေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံထုတ္ကာကြယ္ေဆးဟာ စိတ္ခ်ရတဲ့ ကာကြယ္ေဆးျဖစ္ေၾကာင္း MRTV ရဲ႕ အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။

“ Sinopharm ေရာ Sinovac ေရာဟာ တကယ္ကို အာနိသင္ေကာင္းမြန္တဲ့ ကာကြယ္ေဆးေတြ ျဖစ္ပါတယ္။ ဒီႏွစ္ခုလုံးက WHO ကေန သူ႔ရဲ႕စံသတ္မွတ္ခ်က္ေတြ အကုန္လုံးနဲ႔ ကိုက္ညီၿပီးေတာ့ သူတို႔ရဲ႕ သုေတသနျပဳခ်က္ အမ်ိဳးမ်ိဳးကေန ဒါဟာ တကယ္ထိေရာက္တယ္၊ ေကာင္းမြန္တယ္၊ စိတ္ခ်ရတယ္ဆိုတာကို သက္ေသခံႏိုင္တဲ့ အတြက္ေၾကာင့္သာ က်မတို႔ ဒါ ျပည္တြင္းက ျပည္သူေတြကို ထိုးႏွံေပးတာ ျဖစ္ပါတယ္။ ဒါဆိုရင္ ဘယ္ကာကြယ္ေဆး အေကာင္းဆုံးလဲ၊ လက္ရွိ ထိုးႏွံခြင့္ရတဲ့ ကာကြယ္ေဆးသည္ အေကာင္းဆုံး ျဖစ္ပါတယ္။ ကာကြယ္ေဆးေတြ ရရွိမယ္ဆိုရင္ ကာကြယ္ေဆးေတြ အလ်င္အျမန္ ထိုးေပးပါ၊ ဒီလို ထိုးေပးျခင္းဟာ မိမိကိုယ္တိုင္အတြက္ေရာ မိမိ မိသားစုေတြ အတြက္ေရာ ေကာင္းက်ိဳးေတြ ျဖစ္သြားမွာ ျဖစ္ပါတယ္။”

တ႐ုတ္ ကာကြယ္ေဆးထဲက Sinopharm ကို WHO က ၂၀၂၁ ေမလထဲမွာ အေရးေပၚ သုံးစြဲခြင့္ ေပးခဲ့တာပါ။ Sinovac ကိုေတာ့ ေနာက္တလအၾကာ ဇြန္လမွာ ခြင့္ျပဳေပးလိုက္တာပါ။ Sinopharm ရဲ႕ ေဘးထြက္ဆိုးက်ိဳးက တျခားကာကြယ္ေဆးေတြနဲ႔ မကြာျခားဘဲ ၂ ရက္အတြင္း သက္သာႏိုင္ေၾကာင္း ေဆးဝါးပညာရွင္ေတြက ေျပာပါတယ္။ ဒီေဆးကုိ ႏိုင္ငံေပါင္း ၈၀ ေက်ာ္မွာ အသုံးျပဳေနၾကၿပီး ေရာဂါကာကြယ္ႏိုင္မႈကေတာ့ ၇၉.၃ ရာခိုင္ႏႈန္း ရွိတယ္လို႔ ဆိုပါတယ္။ Sinovac ရဲ႕ ေရာဂါကာကြယ္ႏိုင္ႏႈန္းကေတာ့ ႏိုင္ငံအလိုက္ ကြာျခားႏိုင္ၿပီး ပ်မ္းမွ်အားျဖင့္ေတာ့ ၅၀.၇ ရာခိုင္ႏႈန္း ရွိပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ အေရွ႕ေတာင္အာရွေဒသႀကီး ကာကြယ္ေဆးဆိုင္ရာ နည္းပညာအႀကံေပးအဖြဲ႕မွာ တာဝန္ယူခဲ့တဲ့ ေဒါက္တာေစာဝင္းကေတာ့ အေရးေပၚခြင့္ျပဳထားတဲ့ မည္သည့္ ကာကြယ္ေဆးမဆို ထိုးႏွံျခင္းက အေကာင္းဆုံးျဖစ္တယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

“ ကာကြယ္ေဆးေတြမွာေပါ့ေနာ္ တခုနဲ႔တခု ကြာျခားခ်က္ကေတာ့ ရွိတာေပါ့ေနာ္။ သို႔ေသာ္လည္း ေသခ်ာတာ တခုကေတာ့ ကာကြယ္ေဆး ထိုးထားတာက မထိုးထားတာထက္ ပိုေကာင္းပါတယ္။ ကာကြယ္ေဆး ထိုးထားရင္ ေရာဂါကာကြယ္မႈလည္းရွိတယ္။ တကယ္လို႔ ကာကြယ္မႈမရွိလို႔ ျဖစ္ခဲ့ေတာင္မွ ေဆး႐ုံတက္ရတဲ့ႏႈန္း၊ ေသေပ်ာက္တဲ့ႏႈန္း နည္းပါတယ္။ အဲဒီေတာ့ က်ေနာ့္အျမင္ေတာ့ ထိုးတာက မထိုးတာထက္ အမ်ားႀကီး အက်ိဳးရွိပါတယ္။”

က်န္းမာေရးဝန္ႀကီးဌာန စာရင္းအရဆိုရင္ ျမန္မာႏိုင္ငံမွာ ကာကြယ္ေဆး ထိုးၿပီးသူက ၁.၇ သန္းရွိၿပီး ၁၈ ႏွစ္ အထက္ကစၿပီး ကာကြယ္ေဆး ထိုးေပးမွာျဖစ္လို႔ လူဦးေရ ၃၈.၃ သန္းမွာ ၄ ရာခိုင္ႏႈန္းပဲ ေဆးထိုးႏွံရေသးတဲ့ အေျခအေန ျဖစ္ပါတယ္။ အခု က်န္းမာေရးဌာနက တ႐ုတ္ကာကြယ္ေဆး ထိုးႏွံမယ့္သူေတြကို ေဒသအလိုက္ အုပ္ခ်ဳပ္ေရးမႈးေတြကတဆင့္ ပရဟိအဖြဲ႕ေတြအကူအညီနဲ႔ စာရင္းေကာက္ယူေနပါတယ္။ ဒီအထဲမွာ ေသဆုံးႏႈန္းမ်ားေနဆဲျဖစ္တဲ့ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္လည္း ပါဝင္တာပါ။ ကေလးၿမိဳ႕နယ္ ကာယကံေမတၱာအသင္း လူမႈကူညီေရးအသင္းက ဦးဝင္းျမင့္ကလည္း သူ႔အျမင္ကို ေျပာျပပါတယ္။

“ ဒီအခ်ိန္ကေတာ့ေလ ဘယ္လိုပဲျဖစ္ျဖစ္ ကာကြယ္ေဆး ဆိုတာေတာ့ WHO က သတ္မွတ္ထားတဲ့ဟာ ေပါ့ေနာ္၊ ခြင့္ျပဳခ်က္ ရထားတဲ့ေဆး ဆိုရင္ေတာ့ ထိုးသင့္ပါတယ္ဗ်။ က်ေနာ္တို႔ ၾကားရတာကေတာ့ Covidshield လည္းျဖစ္မယ္၊ လာမယ္ေပါ့ေနာ္ အိႏၵိယက။ ေနာက္ Sinovac တ႐ုတ္ေဆးလည္း ထိုးမယ္ဆို ထိုးသင့္ပါတယ္ဗ်။”

ျမန္မာျပည္မွာ ကိုဗစ္ကူးစက္မႈ စတင္ကတည္းက ပရဟိတေဆာင္႐ြက္ေပးေနတဲ့ ဦးခ်စ္ကေတာ့ သူ႔အေနနဲ႔ ေဆးထိုးဖို႔ ဆႏၵမရွိေသးေၾကာင္း ေျပာပါတယ္။

" က်ေနာ္က ဟိုအရင္ကတည္းက ထိုးခြင့္ရေပမယ့္ မထိုးခဲ့ဘူး။ ကိုယ့္ဟာကို အတတ္ႏိုင္ဆုံးေတာ့ Safe ျဖစ္ေအာင္ေနတယ္။ မထိုးခ်င္တာ က်ေနာ့္စိတ္ကိုကေလ။ အရင္ကတည္းက လိုအပ္တဲ့ သူေတြအတြက္ပဲေပါ့ေနာ္။ က်ေနာ္တို႔က်ေတာ့ နည္းနည္း လႈပ္ရွားသြားလာႏိုင္ေတာ့ တကယ့္လိုအပ္တဲ့သူေတြကိုပဲ ထိုးေပးေစခ်င္တဲ့ ဆႏၵလည္း ပါတယ္ဗ်။"

ဒီရက္ပိုင္းထဲမွာ ေနျပည္ေတာ္နဲ႔ မႏၲေလးမွာ ဒုတိယအႀကိမ္ ေဆးထိုးမယ့္သူေတြအတြက္ ေဆးထိုးေပးေနၿပီး အသက္ ၆၅ ႏွစ္အထက္ေတြကို စုရပ္တခ်ိဳ႕မွာ ထိုးႏွံေပးေနေၾကာင္း ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။ ၂၀၁၄ သန္းေခါင္းစာရင္းအရဆိုရင္ အသက္ ၆၅ ႏွစ္အထက္က ျမန္မာႏိုင္ငံမွာ ၂.၈ သန္းရွိပါတယ္။ က်န္တဲ့ ဦးစားေပးအဆင့္ ထိုးႏွံေပးရမယ့္သူေတြကို အုပ္စု ၁၃ ခုခြဲၿပီး ၊ ထိုးႏွံေပးဖို႔ က်န္းမာေရးဌာနက ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။

ဦးစားေပးအုပ္စုထဲမွာ ပါတဲ့သူေတြထဲက ရန္ကုန္အင္းစိန္ေထာင္က အက်ဥ္းသား ၆၀၀ ေက်ာ္ကိုလည္ ဒီေန႔ဇူလိုင္ ၂၈ ရက္မနက္ပိုင္းမွာ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

အိႏၵိယထုတ္ကာကြယ္ေဆး Covidshield ကို အရင္ကထိုးႏွံထားတဲ့ သူေတြကေတာ့ Covidshield ကိုပဲ ဒုတိယအႀကိမ္ ထိုးႏွံရမွာပါ။ အိႏၵိယက ကာကြယ္ေဆးလည္း ထပ္ၿပီးေရာက္လာမွာျဖစ္တဲ့အတြက္ လာမယ့္ ဩဂုတ္အထိဆိုရင္ ျမန္မာျပည္က ကိုဗစ္ကာကြယ္ေဆး စုစုေပါင္း ၆ သန္းရရွိမွာျဖစ္ပါတယ္။

ျမန္မာျပည္တြင္းက တိုင္းရင္းသားေဒေတြ အထူးသျဖင့္ UWSA ‘o’ ေဒသမွာေတာ့ တ႐ုတ္အကူအညီနဲ႔ Sinovac ေဆးကို ေဒသခံ အားလုံးနီးပါး ထိုးထားၾကပါတယ္။ ကိုးကန႔္တပ္ဖြဲ႕ကလည္း သူတို႔လႈပ္ရွား နယ္ေျမေတြမွာ တ႐ုတ္ထုတ္ ကာကြယ္ေဆးတမ်ိဳးကို ထိုးႏွံထားၿပီး ေဆးအမ်ိဳးအစားကိုေတာ့ မသိရွိရေၾကာင္း ရွမ္းေျမာက္အေျခစိုက္ ေ႐ႊဖီေျမ သတင္းဌာနက ေရးသားထားပါတယ္။ အလားတူပဲ မိုင္းလားတပ္ဖြဲ႕နယ္ေျမေတြမွာလည္း တ႐ုတ္ကာကြယ္ေဆးကို ထိုးႏွံထားတယ္လို႔ ေဒသသတင္းဌာနေတြက ေရးသားထားပါတယ္။ ကခ်င္တပ္မေတာ္ KIA က လူဦးေရ ၃ သိန္းစာ၊ ရွမ္းတပ္ဖြဲ႕ SSPP/SSA က လူ ၅ သိန္းစာနဲ႔ က်န္တဲ့ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ အသီးသီးကလည္း တ႐ုတ္ကာကြယ္ေဆးကို ထိုးႏွံဖို႔ ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။

မည္သည့္ ကိုဗစ္ကာကြယ္ေဆးမဆို ေရာဂါကို ရာႏႈန္းျပည့္ မကာကြယ္ႏိုင္တဲ့အတြက္ ေဆးထိုးၿပီးရင္ေတာင္မွ ေရာဂါကာကြယ္ေရး နည္းလမ္းေတြကို ဆက္ၿပီးလိုက္နာၾကဖို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးထားပါတယ္။

[ Unicode ]

တရုတ်လုပ် ကိုဗစ်ကာကွယ်ဆေးကို လက်ခံထိုးနှံကြဖို့ ကျွမ်းကျင်သူတွေ တိုက်တွန်း

ကာကွယ်ဆေး ထိုးမယ့်သူတွေရဲ့ စာရင်းကို စစ်အုပ်ချုပ်ရေးကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒေသအလိုက် စုဆောင်း၊ ကောက်ယူနေပါတယ်။ သေဆုံးနှုန်းများလာတဲ့ မြန်မာနိုင်ငံမှာ အဓိကကြုံနေရတဲ့ စိန်ခေါ်မှုကတော့ လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကိုပဲ ထိုးနှံမှာလား၊ ဒါမှမဟုတ်ရင် တခြား ‌ရွေးချယ်စရာ ရှိလားဆိုတဲ့ကိစ္စပါ။ ကျန်းမာရေးပညာရှင်တွေကတော့ ကာကွယ်ဆေး ထိုးနှံခြင်းကပဲ ကိုဗစ်ရောဂါကို တားဆီးနိုင်လိမ့်မယ်လို့ အကြံပြုကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်း အပြည့်အစုံကို ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။

မြန်မာနိုင်ငံဆိုင်ရာ တရုပ်သံရုံးရဲ့အဆိုအရ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၃ သန်းရောက်ရှိလာတယ်လို့ သိရပါတယ်။ Sinopharm အလုံးရေ ၂ သန်းနဲ့ Sinovac က ၁ သန်း ဖြစ်ပါတယ်။ ဦးစားပေး ထိုးနှံပေးမယ့် အုပ်စု ၁၃ စုထဲက ဒီကာကွယ်ဆေးတွေကို ထိုးနှံဖို့ ဆန္ဒရှိတဲ့သူစာရင်းကိုလည်း ကျန်းမာရေးဌာနဘက်က ဒေသအလိုက် ကောက်ယူနေတာပါ။

ဒီလို ကောက်ယူတာမှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ထိုးမယ်၊ မထိုးဘူးဆိုတဲ့ ကွာဟချက်ကလည်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေအတွက် အဓိက ထည့်သွင်းစဉ်းစားနေရတဲ့ အခြေအနေပါ။ ကမ္ဘာ့နိုင်ငံအလိုက် ကိုဗစ်ကာကွယ်ဆေးရရှိမှု မတူညီတဲ့တွက် အရေးပေါ်အခြေအနေမှာ ဆေးအမြန်ဆုံး ထိုးနှံထားဖို့ပဲ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လက်တလော အရေးပေါ် သုံးစွဲခွင့်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၁၀ မျိုးထဲမှာ တရုတ်နိုင်ငံထုတ် ဒီဆေး ၂ မျိုးလည်း ပါဝင်နေတာပါ။

ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးကတော့ လက်ရှိ ပြည်တွင်းကိုရောက်လာတဲ့ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးဟာ စိတ်ချရတဲ့ ကာကွယ်ဆေးဖြစ်ကြောင်း MRTV ရဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

“ Sinopharm ရော Sinovac ရောဟာ တကယ်ကို အာနိသင်ကောင်းမွန်တဲ့ ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ ဒီနှစ်ခုလုံးက WHO ကနေ သူ့ရဲ့စံသတ်မှတ်ချက်တွေ အကုန်လုံးနဲ့ ကိုက်ညီပြီးတော့ သူတို့ရဲ့ သုတေသနပြုချက် အမျိုးမျိုးကနေ ဒါဟာ တကယ်ထိရောက်တယ်၊ ကောင်းမွန်တယ်၊ စိတ်ချရတယ်ဆိုတာကို သက်သေခံနိုင်တဲ့ အတွက်ကြောင့်သာ ကျမတို့ ဒါ ပြည်တွင်းက ပြည်သူတွေကို ထိုးနှံပေးတာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်ကာကွယ်ဆေး အကောင်းဆုံးလဲ၊ လက်ရှိ ထိုးနှံခွင့်ရတဲ့ ကာကွယ်ဆေးသည် အကောင်းဆုံး ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ရရှိမယ်ဆိုရင် ကာကွယ်ဆေးတွေ အလျင်အမြန် ထိုးပေးပါ၊ ဒီလို ထိုးပေးခြင်းဟာ မိမိကိုယ်တိုင်အတွက်ရော မိမိ မိသားစုတွေ အတွက်ရော ကောင်းကျိုးတွေ ဖြစ်သွားမှာ ဖြစ်ပါတယ်။”

တရုတ် ကာကွယ်ဆေးထဲက Sinopharm ကို WHO က ၂၀၂၁ မေလထဲမှာ အရေးပေါ် သုံးစွဲခွင့် ပေးခဲ့တာပါ။ Sinovac ကိုတော့ နောက်တလအကြာ ဇွန်လမှာ ခွင့်ပြုပေးလိုက်တာပါ။ Sinopharm ရဲ့ ဘေးထွက်ဆိုးကျိုးက တခြားကာကွယ်ဆေးတွေနဲ့ မကွာခြားဘဲ ၂ ရက်အတွင်း သက်သာနိုင်ကြောင်း ဆေးဝါးပညာရှင်တွေက ပြောပါတယ်။ ဒီဆေးကို နိုင်ငံပေါင်း ၈၀ ကျော်မှာ အသုံးပြုနေကြပြီး ရောဂါကာကွယ်နိုင်မှုကတော့ ၇၉.၃ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ Sinovac ရဲ့ ရောဂါကာကွယ်နိုင်နှုန်းကတော့ နိုင်ငံအလိုက် ကွာခြားနိုင်ပြီး ပျမ်းမျှအားဖြင့်တော့ ၅၀.၇ ရာခိုင်နှုန်း ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသကြီး ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့မှာ တာဝန်ယူခဲ့တဲ့ ဒေါက်တာစောဝင်းကတော့ အရေးပေါ်ခွင့်ပြုထားတဲ့ မည်သည့် ကာကွယ်ဆေးမဆို ထိုးနှံခြင်းက အကောင်းဆုံးဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ ကာကွယ်ဆေးတွေမှာပေါ့နော် တခုနဲ့တခု ကွာခြားချက်ကတော့ ရှိတာပေါ့နော်။ သို့သော်လည်း သေချာတာ တခုကတော့ ကာကွယ်ဆေး ထိုးထားတာက မထိုးထားတာထက် ပိုကောင်းပါတယ်။ ကာကွယ်ဆေး ထိုးထားရင် ရောဂါကာကွယ်မှုလည်းရှိတယ်။ တကယ်လို့ ကာကွယ်မှုမရှိလို့ ဖြစ်ခဲ့တောင်မှ ဆေးရုံတက်ရတဲ့နှုန်း၊ သေပျောက်တဲ့နှုန်း နည်းပါတယ်။ အဲဒီတော့ ကျနော့်အမြင်တော့ ထိုးတာက မထိုးတာထက် အများကြီး အကျိုးရှိပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာန စာရင်းအရဆိုရင် မြန်မာနိုင်ငံမှာ ကာကွယ်ဆေး ထိုးပြီးသူက ၁.၇ သန်းရှိပြီး ၁၈ နှစ် အထက်ကစပြီး ကာကွယ်ဆေး ထိုးပေးမှာဖြစ်လို့ လူဦးရေ ၃၈.၃ သန်းမှာ ၄ ရာခိုင်နှုန်းပဲ ဆေးထိုးနှံရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခု ကျန်းမာရေးဌာနက တရုတ်ကာကွယ်ဆေး ထိုးနှံမယ့်သူတွေကို ဒေသအလိုက် အုပ်ချုပ်ရေးမှုးတွေကတဆင့် ပရဟိအဖွဲ့တွေအကူအညီနဲ့ စာရင်းကောက်ယူနေပါတယ်။ ဒီအထဲမှာ သေဆုံးနှုန်းများနေဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်လည်း ပါဝင်တာပါ။ ကလေးမြို့နယ် ကာယကံမေတ္တာအသင်း လူမှုကူညီရေးအသင်းက ဦးဝင်းမြင့်ကလည်း သူ့အမြင်ကို ပြောပြပါတယ်။

“ ဒီအချိန်ကတော့လေ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေး ဆိုတာတော့ WHO က သတ်မှတ်ထားတဲ့ဟာ ပေါ့နော်၊ ခွင့်ပြုချက် ရထားတဲ့ဆေး ဆိုရင်တော့ ထိုးသင့်ပါတယ်ဗျ။ ကျနော်တို့ ကြားရတာကတော့ Covidshield လည်းဖြစ်မယ်၊ လာမယ်ပေါ့နော် အိန္ဒိယက။ နောက် Sinovac တရုတ်ဆေးလည်း ထိုးမယ်ဆို ထိုးသင့်ပါတယ်ဗျ။”

မြန်မာပြည်မှာ ကိုဗစ်ကူးစက်မှု စတင်ကတည်းက ပရဟိတဆောင်ရွက်ပေးနေတဲ့ ဦးချစ်ကတော့ သူ့အနေနဲ့ ဆေးထိုးဖို့ ဆန္ဒမရှိသေးကြောင်း ပြောပါတယ်။

" ကျနော်က ဟိုအရင်ကတည်းက ထိုးခွင့်ရပေမယ့် မထိုးခဲ့ဘူး။ ကိုယ့်ဟာကို အတတ်နိုင်ဆုံးတော့ Safe ဖြစ်အောင်နေတယ်။ မထိုးချင်တာ ကျနော့်စိတ်ကိုကလေ။ အရင်ကတည်းက လိုအပ်တဲ့ သူတွေအတွက်ပဲပေါ့နော်။ ကျနော်တို့ကျတော့ နည်းနည်း လှုပ်ရှားသွားလာနိုင်တော့ တကယ့်လိုအပ်တဲ့သူတွေကိုပဲ ထိုးပေးစေချင်တဲ့ ဆန္ဒလည်း ပါတယ်ဗျ။"

ဒီရက်ပိုင်းထဲမှာ နေပြည်တော်နဲ့ မန္တလေးမှာ ဒုတိယအကြိမ် ဆေးထိုးမယ့်သူတွေအတွက် ဆေးထိုးပေးနေပြီး အသက် ၆၅ နှစ်အထက်တွေကို စုရပ်တချို့မှာ ထိုးနှံပေးနေကြောင်း ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ၂၀၁၄ သန်းခေါင်းစာရင်းအရဆိုရင် အသက် ၆၅ နှစ်အထက်က မြန်မာနိုင်ငံမှာ ၂.၈ သန်းရှိပါတယ်။ ကျန်တဲ့ ဦးစားပေးအဆင့် ထိုးနှံပေးရမယ့်သူတွေကို အုပ်စု ၁၃ ခုခွဲပြီး ၊ ထိုးနှံပေးဖို့ ကျန်းမာရေးဌာနက ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဦးစားပေးအုပ်စုထဲမှာ ပါတဲ့သူတွေထဲက ရန်ကုန်အင်းစိန်ထောင်က အကျဉ်းသား ၆၀၀ ကျော်ကိုလည် ဒီနေ့ဇူလိုင် ၂၈ ရက်မနက်ပိုင်းမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အိန္ဒိယထုတ်ကာကွယ်ဆေး Covidshield ကို အရင်ကထိုးနှံထားတဲ့ သူတွေကတော့ Covidshield ကိုပဲ ဒုတိယအကြိမ် ထိုးနှံရမှာပါ။ အိန္ဒိယက ကာကွယ်ဆေးလည်း ထပ်ပြီးရောက်လာမှာဖြစ်တဲ့အတွက် လာမယ့် ဩဂုတ်အထိဆိုရင် မြန်မာပြည်က ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း ၆ သန်းရရှိမှာဖြစ်ပါတယ်။

မြန်မာပြည်တွင်းက တိုင်းရင်းသားဒေတွေ အထူးသဖြင့် UWSA ‘o’ ဒေသမှာတော့ တရုတ်အကူအညီနဲ့ Sinovac ဆေးကို ဒေသခံ အားလုံးနီးပါး ထိုးထားကြပါတယ်။ ကိုးကန့်တပ်ဖွဲ့ကလည်း သူတို့လှုပ်ရှား နယ်မြေတွေမှာ တရုတ်ထုတ် ကာကွယ်ဆေးတမျိုးကို ထိုးနှံထားပြီး ဆေးအမျိုးအစားကိုတော့ မသိရှိရကြောင်း ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေ သတင်းဌာနက ရေးသားထားပါတယ်။ အလားတူပဲ မိုင်းလားတပ်ဖွဲ့နယ်မြေတွေမှာလည်း တရုတ်ကာကွယ်ဆေးကို ထိုးနှံထားတယ်လို့ ဒေသသတင်းဌာနတွေက ရေးသားထားပါတယ်။ ကချင်တပ်မတော် KIA က လူဦးရေ ၃ သိန်းစာ၊ ရှမ်းတပ်ဖွဲ့ SSPP/SSA က လူ ၅ သိန်းစာနဲ့ ကျန်တဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ အသီးသီးကလည်း တရုတ်ကာကွယ်ဆေးကို ထိုးနှံဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

မည်သည့် ကိုဗစ်ကာကွယ်ဆေးမဆို ရောဂါကို ရာနှုန်းပြည့် မကာကွယ်နိုင်တဲ့အတွက် ဆေးထိုးပြီးရင်တောင်မှ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ဆက်ပြီးလိုက်နာကြဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

 https://burmese.voanews.com/a/to-get-sinopharm-sinovac-vaccine-in-myanmar/5982521.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.