Breaking

July 23, 2021

တ႐ုတ္လုပ္ ကိုဗစ္ကာကြယ္ေဆး ၇ သိန္းေက်ာ္ ျမန္မာကိုေရာက္ရွိ

 


{{Zawgyi/Unicode}}

တ႐ုတ္ႏိုင္ငံက ဝယ္ယူထားတဲ့ sinopharm ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ၇၃၆၀၀၀ ဟာ မေန႔ ၾကာသပေတးေန႔က ျမန္မာႏိုင္ငံကို ေလေၾကာင္းနဲ႔ ေရာက္ရွိလာပါတယ္။

အာဏာသိမ္း စစ္ေကာင္စီကေန တ႐ုတ္ႏိုင္ငံထုတ္ ကာကြယ္ေဆး ၄ သန္းဝယ္ယူခဲ့တယ္လို႔ ဒီလအေစာပိုင္းက ေျပာခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံကလည္း ကာကြယ္ေဆး ၂သန္းထပ္ေဆာင္း လွဴဒါန္းခဲ့တယ္လို႔ဆိုပါတယ္။

အလားတူူ ဒီလအေစာပိုင္းက ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ႐ုရွားႏိုင္ငံကို သြားေရာက္ခဲ့စဥ္က ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ၂ သန္းဝယ္ယူခဲ့တယ္လို႔ ေျပာပါတယ္။

ဒီေတာအတြင္း ေရြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ပညာရွင္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ NUG အမ်ဳိးသား ညီၫြတ္ေရးအစိုးရ ကလည္း သူတို႔အေနနဲ႔ ကိုဗစ္ကပ္ေရာဂါတိုက္ဖ်က္ေရးအဖြဲ႔ ဖြဲ႔စည္းၿပီးေၾကာင္းနဲ႔ ကာကြယ္ေဆးေတြကို ႏိုင္ငံတကာအကူအညီနဲ႔ ရယူေပးသြားမယ္လို႔ မေန႔က ေက်ညာခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လူဦးေရ ၅၄ သန္းမွာ ၁ဒသမ၇၅ သန္း ဟာ ကာကြယ္ေဆးထိုးၿပီးၿပီလို႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။ မေန႔ည ၈ နာရီမွာ ထုတ္ျပန္တဲ့ေၾကညာခ်က္မွာေတာ့ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓါတ္ခြဲနမူနာေပါင္း ၁၇,၂၅၃ ခုကို စမ္းသပ္ စစ္ေဆးခဲ့တဲ့တာမွာ ေရာဂါပိုးကူးစက္ေနသူ ၆,၇၀၁ ဦးကို ေတြ႕ရွိခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

................................

{{Unicode}}

တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ sinopharm ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ၇၃၆၀၀၀ ဟာ မနေ့ ကြာသပတေးနေ့က မြန်မာနိုင်ငံကို လေကြောင်းနဲ့ ရောက်ရှိလာပါတယ်။

အာဏာသိမ်း စစ်ကောင်စီကနေ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ၄ သန်းဝယ်ယူခဲ့တယ်လို့ ဒီလအစောပိုင်းက ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း ကာကွယ်ဆေး ၂သန်းထပ်ဆောင်း လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။

အလားတူူ ဒီလအစောပိုင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်ခဲ့စဉ်က ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ၂ သန်းဝယ်ယူခဲ့တယ်လို့ ပြောပါတယ်။

ဒီတောအတွင်း ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG အမျိုးသား ညီညွတ်ရေးအစိုးရ ကလည်း သူတို့အနေနဲ့ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းပြီးကြောင်းနဲ့ ကာကွယ်ဆေးတွေကို နိုင်ငံတကာအကူအညီနဲ့ ရယူပေးသွားမယ်လို့ မနေ့က ကျေညာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၄ သန်းမှာ ၁ဒသမ၇၅ သန်း ဟာ ကာကွယ်ဆေးထိုးပြီးပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ မနေ့ည ၈ နာရီမှာ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၇,၂၅၃ ခုကို စမ်းသပ် စစ်ဆေးခဲ့တဲ့တာမှာ ရောဂါပိုးကူးစက်နေသူ ၆,၇၀၁ ဦးကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

 https://burmese.voanews.com/a/chinese-covid-vaccines-arrived-in-myanmar/5975832.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.