Breaking

July 6, 2021

ေဒၚေအာင္ဆန္းစုၾကည္ကိုစဲြတဲ့ ၅၀၅(ခ)အမႈ သက္ေသမခိုင္မာ - ေဒၚစုေရွ႕ေန

 


Myanmar's State Counselor Aung San Suu Kyi (R) accompanies new President Win Myint (L) to take his oath of office at parliament in Naypyidaw, March 30, 2018.
(Zawgyi/Unicode)

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ေဒၚေအာင္ဆန္းစုၾကည္တုိ႔ကို အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံ႔ေဆာ္၊ လုပ္ေဆာင္တယ္ဆုိၿပီး ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) နဲ႔ အမႈတတြဲထဲ စြဲခ်က္တင္ထားေပမ့ဲ တရားလိုျပသက္ေသေတြကို ေမးျမန္းစစ္ေဆးၿပီးသေလာက္ ျပစ္မႈက်ဴးလြန္တယ္ဆိုတာ သက္ေသျပႏိုင္ေလာက္ေအာင္ မခိုင္မာဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနေတြက ေျပာပါတယ္။ ၅၀၅ (ခ) အမႈအပါအဝင္ ေနျပည္ေတာ္အထူးတရား႐ံုးမွာ ဒီေန႔ ဇြန္လ ၆ ရက္ေန႔ စစ္ေဆးခဲ့တာနဲ႔ပါတ္သက္လုိ႔ ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးေျပာျပပါမယ္။

ဒီေန႔ ဇူလိုင္ ၆ ရက္၊ ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲထားတဲ့ အမႈ ၂ ခုအတြက္ ၾကားနာစစ္ေဆးပါတယ္။ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႕ေဆာ္၊ လုပ္ေဆာင္မႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ)၊ သဘာဝေဘးဒဏ္ စီမံခန္႔ခြဲမႈ ဥပေဒ ပုဒ္မ (၂၅) ခ်ဳိးေဖာက္တယ္ဆိုတဲ့ အမႈ ၂ ခုအတြက္ စစ္ပါတယ္။ အမႈ ၂ ခုလံုးအတြက္ တရားလိုျပသက္ေသေတြကို စစ္ေဆးခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ဳိးေဆာင္ေ႐ွ႕ေနေတြက ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ သမၼတ ဦးဝင္းျမင့္၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔နဲ႔ အမႈတတဲြထဲျဖစ္တဲ့ ပုဒ္မ ၅၀၅ (ခ) ခ်ဳိးေဖာက္တယ္ဆိုတဲ့ အမႈမွာ တရားလိုျပသက္ေသေတြရဲ႕ ထြက္ဆိုခ်က္ေတြက ျပစ္မႈက်ဴးလြန္တယ္လို႔ သက္ေသျပႏိုင္ေလာက္ေအာင္ မခိုင္မာဘူးလို႔ ေရွ႕ေန ေဒၚစန္းမာလာၫႊန႔္ကေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္တို႔ ဖမ္းဆီးခံထားရခ်ိန္၊ ေဖေဖာ္ဝါရီလ ၇ ရက္နဲ႔ ၁၃ ရက္ေန႔ေတြမွာ NLD ဗဟိုက ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ ၂ ေစာင္ကုိ တရားလိုဘက္က သက္ေသအျဖစ္ တင္ျပထားတာျဖစ္ပါတယ္။

"အဲစာ႐ြက္ ၂႐ြက္ကို သူတို႔ Page ကေနထုတ္တယ္ေျပာတယ္။ NLD Page တင္တယ္ေပါ့။ အဲေတာ့ေမးတယ္။ အဲကေနထုတ္တယ္၊ ဘယ္သူတင္တယ္ဆိုတာကို ထြက္ဆိုခ်က္မွာ ထြက္ဆိုထားတာ မရွိဘူး။ ေနာက္ ၁၃ရက္ေန႔ကစာ ဆိုရင္လည္း သူ႔႐ုံးကေန Fax ကေနထုတ္တယ္ေျပာတယ္။ သူေျပာတာဘဲသိတယ္။ ဘယ္လိုထုတ္တယ္ဆိုတာသက္ေသမသြင္းထားဘူး။ ၂ခ်က္ရွိၿပီေပါ့ေနာ္။ ေနာက္ၿပီးေတာ့ စာထုတ္ခ်ိန္မွာ သူတို႔ေတြကဖမ္းခံထားရတာ။ ျပင္ပကမာၻနဲ႔ေတာင္ အဆက္အသြယ္ ျပတ္ေနတာ။ ခုက်ေတာ့မွထိန္းသိမ္းခံရခ်ိန္မွာ စာထုတ္တဲ့အတြက္ဆိုေတာ့ ထိန္းသိမ္းခံရတုန္းထြက္တယ္။ ဘယ္သူ႔လက္မွတ္လဲမပါဘူး။ ဆိုထဲကတရားမဝင္ဘူးေပါ့။ တရားလိုေကာ တရားလိုျပသက္ေသ ၂ေယာက္စစ္ၿပီးၿပီ။ သူတို႔သြင္းတဲ့စာကို ဘယ္ကထုတ္ပါတယ္ ဆိုတာကိုေတာင္ သူတို႔မေျပာဘူး။ သက္ေသမျပႏိုင္ဘူးေလ။ တင္တယ္ ဘယ္ေန႔ကတင္တယ္ ဆိုတာ သူေသခ်ာေျပာရမွာေလ။ ေနာက္တခ်က္က ဒါႀကီးကတရားမဝင္ဘူးဆိုတာကို ေပၚေပါက္ေန ၿပီေလ"
ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းမွာ ပုဒ္မ ၅၀၅ (ခ) ခ်ိဳးေဖာက္တယ္ဆိုတဲ့ အမႈအတြက္ တရားလိုတင္တဲ့ သက္ေသေတြဟာ လုပ္ထုံး လုပ္နည္းနဲ႔ မညီဘူးဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနေတြက ပယ္ခ်ခဲ့ေပမဲ့ တရားသူႀကီးက လက္မခံခဲ့ပါဘူး။ ဒါေၾကာင့္ မေန႔ ဇူလိုင္ ၅ ရက္ေန႔က ခ႐ိုင္တရား႐ုံးမွာ အယူခံဝင္ခဲ့ေပမယ့္ ခ႐ိုင္ကလည္းလက္မခံဘဲပယ္ခ်လိုက္တာေၾကာင့္ တိုင္းတရား႐ုံးတင္ျပဖုိ႔ ေရွ႕ေနေတြဘက္က ျပင္ဆင္ေနပါတယ္။ တိုင္းတရား႐ုံးတင္ျပမယ့္ အမႈအတြက္ ဒီကေန႔ ၾကားနာပဲြမွာ စစ္ေဆးမႈမလုပ္ဘဲ ရပ္နားဖို႔ ေဒၚစန္းမာလာ ၫႊန႔္တို႔ဘက္ကတင္ျပခဲ့ေပမယ့္ တရားသူႀကီးက လက္မခံခဲ့တာေၾကာင့္ ဒီကေန႔မွာ အမႈဆက္စစ္ခဲ့တာျဖစ္ပါတယ္။ အမႈနဲ႔ပတ္သတ္လို႔ တရားမ ွ်မ ွ်တတျဖစ္ေအာင္ အထက္အဆင့္ဆင့္ကို လိုအပ္ရင္ အယူခံတက္ဖို႔ ေဒၚေအာင္ ဆန္းစုၾကည္ကလည္းလိုလားတယ္လို႔ ေဒၚစန္းမာလာၫႊန႔္က ေျပာပါတယ္။

" အမတို႔ကမေန႔က ခ႐ိုင္ကခ်ရတဲ့ အမိန႔္က ၇ရက္ သို႔မဟုတ္ ၈ရက္ေန႔မွာရမယ္ေျပာတယ္။ မနက္ဖန္ သဘက္ခါေပါ့။ ဒါေပမယ့္ အမတို႔က လာမယ့္အပတ္ေနျပည္ေတာ္သြားမွ မႏၲေလးတိုင္းကိုတင္မွာေပါ့။ မေန႔ကအမိန႔္ကို ပယ္တယ္ဆိုတဲ့ အတြက္ကေတာ့ အန္တီက တက္လို႔ရတဲ့အထိတက္ပါဆိုတဲ့ အတြက္ အမတို႔ကေတာ့တက္မယ္။ စစ္တာကသူ႔ရဲ႕လုပ္ထုံးလုပ္နည္းေပါ့။ အဲဒါကိုေတာ့အန္တီကဘာမွမေျပာဘူး။ အမတို႔ကေတာ့ပယ္လိုက္တာေတြအတြက္ကေတာ့ အမတို႔အဆုံးထိတက္မွာပါ"

စစ္တပ္ကအာဏာသိမ္းၿပီး သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံတို႔ကို ဖမ္းဆီးထားစဥ္ စစ္တပ္ရဲ႕ လုပ္ရပ္ကို ကန႔္ကြက္ေၾကာင္း NLD ပါတီရဲ႕ ထုတ္ျပန္ခ်က္ေတြကို တရားလိုဘက္က သက္ေသအျဖစ္ တင္သြင္းၿပီး ဒါေတြေၾကာင့္ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ၊ လုပ္ေဆာင္ မႈ ဆိုတဲ့ ဥပေဒကိုခ်ိဳးေဖာက္တယ္ဆိုၿပီး တရားစြဲတာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေနာက္ထပ္စြဲဆိုထားတဲ့ သဘာဝေဘး အႏၲ ရာယ္ စီမံခန႔္ခြဲမႈဥပေဒ ခ်ိဳးေဖာက္မႈပုဒ္မ (၂၅) နဲ႔စြဲတဲ့အမႈအတြက္လည္း ဒီေန႔ ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ စစ္ေဆးၾကား နာခဲ့ပါတယ္။ ဒီအမႈအတြက္ေတာ့ တရားလိုသက္ေသ ေတြကိုစစ္ေမးခဲ့တယ္လို႔ ေရွ႕ေနေတြက ေျပာျပပါတယ္။ ဒီေန႔ စစ္ေဆးခဲ့တဲ့ အမႈေတြအတြက္ ေနာက္တႀကိမ္႐ုံးခ်ိန္း ကေတာ့ ဇူလိုင္လ ၁၃ ရက္ေန႔ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ (၅၅)၊ ႏိုင္ငံေတာ္လႈိ႕ဝွက္ခ်က္ ေပါက္ၾကားမႈ ဥပေဒပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ (၈) ၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ (၆၇) ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ (၂၅) နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၇ မႈနဲ႔ တရားစြဲခံထားရတာျဖစ္ပါတယ္။

(Unicode)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်တို့ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော်၊ လုပ်ဆောင်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ အမှုတတွဲထဲ စွဲချက်တင်ထားပေမဲ့ တရားလိုပြသက်သေတွေကို မေးမြန်းစစ်ဆေးပြီးသလောက် ပြစ်မှုကျူးလွန်တယ်ဆိုတာ သက်သေပြနိုင်လောက်အောင် မခိုင်မာဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ပြောပါတယ်။ ၅၀၅ (ခ) အမှုအပါအဝင် နေပြည်တော်အထူးတရားရုံးမှာ ဒီနေ့ ဇွန်လ ၆ ရက်နေ့ စစ်ဆေးခဲ့တာနဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးပြောပြပါမယ်။
..
ဒီနေ့ ဇူလိုင် ၆ ရက်၊ နေပြည်တော် သီးသန့်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ အမှု ၂ ခုအတွက် ကြားနာစစ်ဆေးပါတယ်။ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်၊ လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးဒဏ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) ချိုးဖောက်တယ်ဆိုတဲ့ အမှု ၂ ခုအတွက် စစ်ပါတယ်။ အမှု ၂ ခုလုံးအတွက် တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ အမှုတတွဲထဲဖြစ်တဲ့ ပုဒ်မ ၅၀၅ (ခ) ချိုးဖောက်တယ်ဆိုတဲ့ အမှုမှာ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေက ပြစ်မှုကျူးလွန်တယ်လို့ သက်သေပြနိုင်လောက်အောင် မခိုင်မာဘူးလို့ ရှေ့နေ ဒေါ်စန်းမာလာညွှန့်ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးခံထားရချိန်၊ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ NLD ဗဟိုက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၂ စောင်ကို တရားလိုဘက်က သက်သေအဖြစ် တင်ပြထားတာဖြစ်ပါတယ်။

"အဲစာရွက် ၂ရွက်ကို သူတို့ Page ကနေထုတ်တယ်ပြောတယ်။ NLD Page တင်တယ်ပေါ့။ အဲတော့မေးတယ်။ အဲကနေထုတ်တယ်၊ ဘယ်သူတင်တယ်ဆိုတာကို ထွက်ဆိုချက်မှာ ထွက်ဆိုထားတာ မရှိဘူး။ နောက် ၁၃ရက်နေ့ကစာ ဆိုရင်လည်း သူ့ရုံးကနေ Fax ကနေထုတ်တယ်ပြောတယ်။ သူပြောတာဘဲသိတယ်။ ဘယ်လိုထုတ်တယ်ဆိုတာသက်သေမသွင်းထားဘူး။ ၂ချက်ရှိပြီပေါ့နော်။ နောက်ပြီးတော့ စာထုတ်ချိန်မှာ သူတို့တွေကဖမ်းခံထားရတာ။ ပြင်ပကမ္ဘာနဲ့တောင် အဆက်အသွယ် ပြတ်နေတာ။ ခုကျတော့မှထိန်းသိမ်းခံရချိန်မှာ စာထုတ်တဲ့အတွက်ဆိုတော့ ထိန်းသိမ်းခံရတုန်းထွက်တယ်။ ဘယ်သူ့လက်မှတ်လဲမပါဘူး။ ဆိုထဲကတရားမဝင်ဘူးပေါ့။ တရားလိုကော တရားလိုပြသက်သေ ၂ယောက်စစ်ပြီးပြီ။ သူတို့သွင်းတဲ့စာကို ဘယ်ကထုတ်ပါတယ် ဆိုတာကိုတောင် သူတို့မပြောဘူး။ သက်သေမပြနိုင်ဘူးလေ။ တင်တယ် ဘယ်နေ့ကတင်တယ် ဆိုတာ သူသေချာပြောရမှာလေ။ နောက်တချက်က ဒါကြီးကတရားမဝင်ဘူးဆိုတာကို ပေါ်ပေါက်နေ ပြီလေ"
ပြီးခဲ့တဲ့ ရုံးချိန်းမှာ ပုဒ်မ ၅၀၅ (ခ) ချိုးဖောက်တယ်ဆိုတဲ့ အမှုအတွက် တရားလိုတင်တဲ့ သက်သေတွေဟာ လုပ်ထုံး လုပ်နည်းနဲ့ မညီဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ပယ်ချခဲ့ပေမဲ့ တရားသူကြီးက လက်မခံခဲ့ပါဘူး။ ဒါကြောင့် မနေ့ ဇူလိုင် ၅ ရက်နေ့က ခရိုင်တရားရုံးမှာ အယူခံဝင်ခဲ့ပေမယ့် ခရိုင်ကလည်းလက်မခံဘဲပယ်ချလိုက်တာကြောင့် တိုင်းတရားရုံးတင်ပြဖို့ ရှေ့နေတွေဘက်က ပြင်ဆင်နေပါတယ်။ တိုင်းတရားရုံးတင်ပြမယ့် အမှုအတွက် ဒီကနေ့ ကြားနာပွဲမှာ စစ်ဆေးမှုမလုပ်ဘဲ ရပ်နားဖို့ ဒေါ်စန်းမာလာ ညွှန့်တို့ဘက်ကတင်ပြခဲ့ပေမယ့် တရားသူကြီးက လက်မခံခဲ့တာကြောင့် ဒီကနေ့မှာ အမှုဆက်စစ်ခဲ့တာဖြစ်ပါတယ်။ အမှုနဲ့ပတ်သတ်လို့ တရားမ ျှမ ျှတတဖြစ်အောင် အထက်အဆင့်ဆင့်ကို လိုအပ်ရင် အယူခံတက်ဖို့ ဒေါ်အောင် ဆန်းစုကြည်ကလည်းလိုလားတယ်လို့ ဒေါ်စန်းမာလာညွှန့်က ပြောပါတယ်။

" အမတို့ကမနေ့က ခရိုင်ကချရတဲ့ အမိန့်က ၇ရက် သို့မဟုတ် ၈ရက်နေ့မှာရမယ်ပြောတယ်။ မနက်ဖန် သဘက်ခါပေါ့။ ဒါပေမယ့် အမတို့က လာမယ့်အပတ်နေပြည်တော်သွားမှ မန္တလေးတိုင်းကိုတင်မှာပေါ့။ မနေ့ကအမိန့်ကို ပယ်တယ်ဆိုတဲ့ အတွက်ကတော့ အန်တီက တက်လို့ရတဲ့အထိတက်ပါဆိုတဲ့ အတွက် အမတို့ကတော့တက်မယ်။ စစ်တာကသူ့ရဲ့လုပ်ထုံးလုပ်နည်းပေါ့။ အဲဒါကိုတော့အန်တီကဘာမှမပြောဘူး။ အမတို့ကတော့ပယ်လိုက်တာတွေအတွက်ကတော့ အမတို့အဆုံးထိတက်မှာပါ"

စစ်တပ်ကအာဏာသိမ်းပြီး သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ကို ဖမ်းဆီးထားစဉ် စစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း NLD ပါတီရဲ့ ထုတ်ပြန်ချက်တွေကို တရားလိုဘက်က သက်သေအဖြစ် တင်သွင်းပြီး ဒါတွေကြောင့် အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု၊ လုပ်ဆောင် မှု ဆိုတဲ့ ဥပဒေကိုချိုးဖောက်တယ်ဆိုပြီး တရားစွဲတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ်စွဲဆိုထားတဲ့ သဘာဝဘေး အန္တ ရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှုပုဒ်မ (၂၅) နဲ့စွဲတဲ့အမှုအတွက်လည်း ဒီနေ့ နေပြည်တော် သီးသန့်တရားရုံးမှာ စစ်ဆေးကြား နာခဲ့ပါတယ်။ ဒီအမှုအတွက်တော့ တရားလိုသက်သေ တွေကိုစစ်မေးခဲ့တယ်လို့ ရှေ့နေတွေက ပြောပြပါတယ်။ ဒီနေ့ စစ်ဆေးခဲ့တဲ့ အမှုတွေအတွက် နောက်တကြိမ်ရုံးချိန်း ကတော့ ဇူလိုင်လ ၁၃ ရက်နေ့ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)၊ နိုင်ငံတော်လှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ (၈) ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၇) ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ 

 https://burmese.voanews.com/a/5955037.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.