Breaking

July 8, 2021

ျမန္မာ ကိုဗစ္တတိယလိႈင္း ထိန္းခ်ဳပ္ေရး အခက္အခဲပိုေတြ႔ေန

 


ေမာ္လျမိဳင္ျမိဳ့က နာေရးအသင္း အဆောက္အအံုတခု (ဓာတ္ပံု - Courtesy)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္း ကိုဗစ္တတိယလႈိင္းမွာ အတည္ျပဳလူနာနဲ႔ ေသဆုံးသူဦးေရဟာ အခ်ိန္တိုအတြင္းမွာပဲ တိုးလာေနတယ္လို႔ ကိုဗစ္တိုက္ဖ်က္ရာမွာ ပါဝင္သူေတြက ေျပာပါတယ္။ စစ္အာဏာသိမ္းၿပီး ႏိုင္ငံတြင္းအေျခအေနေတြေၾကာင့္ ကပ္ေရာဂါထိန္းခ်ဳပ္ေရး လုပ္ငန္းေတြကို ေဆာင္႐ြက္ရာမွာလည္း အရင္လႈိင္းဒဏ္ေတြတုန္းကထက္ ပိုခက္ခဲေနပါတယ္။ Stay at Home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြမွာ ရင္ဆိုင္ေနရတဲ့ ကိုဗစ္အေျခအေနနဲ႔ ပတ္သက္လို႔ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို မဆုမြန္က ေျပာျပပါမယ္။

ျပည္နယ္နယ္နဲ႔တိုင္း ေတာ္ေတာ္မ်ားမ်ားမွာ ကိုဗစ္အတည္ျပဳလူနာ တိုးလာေနလို႔ ေရာဂါထိန္းခ်ဳပ္ဖို႔ လိုအပ္တဲ့ ၿမိဳ႕နယ္ေတြကို Stay at Home သတ္မွတ္ထားတာ အခုဆိုရင္ စုစုေပါင္း ၄၅ ၿမိဳ႕နယ္အထိ႐ွိလာပါၿပီ။ အဲဒီထဲမွာ ရန္ကုန္တိုင္းထဲက ၁၀ ၿမိဳ႕နယ္၊ မြန္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၃ ခု နဲ႔ မေကြးတိုင္းထဲက ၿမိဳ႕နယ္ ၁ ခုကို Stay at Home အျဖစ္ သတ္မွတ္တယ္လို႔ ဇူလိုင္လ ၇ ရက္ေန႔စြဲနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာက ထုတ္ျပန္ထားပါတယ္။

မလိုအပ္ရင္ အိမ္ျပင္မထြက္ဖို႔ ကန္႔သတ္ခံထားရတဲ့ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွာေတာ့ အခု ကိုဗစ္တတိယလႈိင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၁,၀၀၀ ထက္မနည္း ရွိေနပါတယ္။ အတည္ျပဳလူနာေတြ တိုးလာေနေပမဲ့ သူတို႔ကိုထားဖို႔ ေနရာအခက္အခဲရွိေနတာေၾကာင့္ ေနရာသစ္ေတြ ထပ္ၿပီးျပင္ဆင္ေနတယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕ ကိုဗစ္တိုက္ဖ်က္ေရးမွာ ပါဝင္ေနတဲ့ က်န္းမာေရးဌာန တာဝန္ရွိသူတဦးက ဗြီအိုေအကိုေျပာပါတယ္။

"တေန႔ကို (အတည္ျပဳလူနာ) ရာဂဏန္းနီးပါးေလာက္ ထြက္တာေပါ့ေနာ္။ မေန႔ကဆို ၁၀၃ ေယာက္ ထြက္တယ္။ ဒီေန႔ ၉၆ ေယာက္ ထပ္ထြက္တယ္။ ေနာက္ၿပီးေတာ့ ဒီေန႔ ၅ ေယာက္ ထပ္ေသတယ္။ မေန႔က ၂ ေယာက္။ ေသဆုံးသူက အခုထိဆို အေယာက္ ၃၀ အထိ ရွိလာၿပီ။ အခုလက္ရွိအေနအထား ျဖစ္ေနတာက ေမာ္လၿမိဳင္မွာ လူနာေတြကို ထားစရာေနရာမရွိေတာ့ဘူး၊ မဆံ့ေတာ့ဘူး။ တျခားၿမိဳ႕နယ္ေတြမွာဆိုလည္း ဒီအတိုင္းပဲ။ Isolation ward ေတြ လုပ္ထားတယ္၊ ၿမိဳ႕နယ္အလိုက္ လက္ခံႏိုင္ဖို႔ လုပ္ထားတဲ့ အဲဒီေနရာေတြမွာ လူနာေတြက ျပည့္တဲ့အေနအထားအထိ ျဖစ္ေနၿပီေပါ့ေနာ္။"

ဇြန္လေလာက္ကစၿပီး ကူးစက္သူ ျပန္လည္ျမင့္တက္လာတဲ့ တတိယလႈိင္းမွာေတာ့ လူနာေတြအတြက္ လိုအပ္ခ်က္ေတြ ပိုမ်ားေနတယ္လို႔ သူကဆက္ေျပာပါတယ္။
"Volunteer အင္အား၊ က်န္းမာေရးဝန္ထမ္း အင္အားေတြ နည္းတဲ့ၾကားထဲမွာမွ ကိုဗစ္ Positive လူနာေတြက အရင္ ဒုတိယလႈိင္းထက္ ၂ ဆ ၃ ဆ နီးပါးေလာက္ အမ်ားႀကီးထပ္ေတြ႕ရတယ္။ ၿပီးေတာ့ ေသဆုံးႏႈန္းလည္း မ်ားလာတဲ့အခါက်ေတာ့ အခုလက္ရွိ အေနအထားဆိုရင္ေတာ့ အဓိက က်န္းမာေရးဝန္ထမ္းအင္အားေတြ နည္းတာေပါ့ေနာ္။"

Stay at Home သတ္မွတ္ခံထားရတဲ့ ပဲခူးတိုင္း၊ လက္ပံတန္းၿမိဳ႕နယ္မွာလည္း အခု တတိယလႈိင္းမွာ အတည္ျပဳလူနာ ၁,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၀ ဦးထက္မနည္း ရွိေနပါတယ္။ ဒါဟာ ဓာတ္ခြဲအတည္ျပဳႏိုင္တဲ့ ပမာဏသာျဖစ္ၿပီးေတာ့ ေရာဂါသံသယရွိေပမယ့္လည္း ကိုယ့္ရဲ႕ေနအိမ္မွာသာ ေနထိုင္ၿပီး ေရာဂါစစ္ေဆးမခံသူေတြလည္း ရွိေနတာေၾကာင့္ ေဒသတြင္းမွာ ေရာဂါပိုးျပန္႔တာ ပိုျမန္ေနတယ္လို႔ လက္ပံတန္း ကိုဗစ္တိုက္ဖ်က္ေရးမွာ ပါဝင္တဲ့ တာဝန္ရွိသူတဦးက ေျပာပါတယ္။

"လက္ပံတန္းအေျခအေနက ဒီအတိုင္းကေတာ့ အဆင္မေျပႏိုင္ဘူး။ လူနာကလည္း အရမ္းမ်ားေတာ့ေလ တေန႔ထက္တေန႔ က်မသြားဘူး။ အေပၚမွာပဲ တက္တက္လာတယ္။ ထားရတဲ့ေနရာကလည္း အခက္အခဲေတြ ျဖစ္လာတယ္။ ေနာက္တခုက ေအာက္ဆီဂ်င္နဲ႔ပတ္သက္လို႔ေတာ့ အေရးႀကီးတဲ့လူနာေတြအတြက္ အတတ္ႏိုင္ဆုံးေတာ့ အကုန္လုံးက ဝိုင္းလုပ္ေပးေနၾကတာပဲ။ ဒါေပမဲ့ ေရရွည္မွာ မလုံေလာက္မွာပဲ ေၾကာက္ရတယ္။ အခုေနာက္ပိုင္းက အေရးႀကီးလာၿပီေလ။ တေန႔ ၂ ေယာက္ ၃ ေယာက္ ေသတာ။ မေန႔ကဆို မနက္ပိုင္း အမ်ိဳးသမီးတေယာက္၊ ေန႔လည္ပိုင္း အမ်ိဳးသားတေယာက္၊ ညေရာက္ေတာ့ အမ်ိဳးသမီးတေယာက္ ထပ္ဆုံးတယ္။ အဲလိုမ်ိဳးေတြ အရမ္းျမန္ေနတယ္။"

လက္ပံတန္းၿမိဳ႕နယ္မွာ ကိုဗစ္အတည္ျပဳလူနာေတြအတြက္ တေန႔ကို ေအာက္ဆီဂ်င္အိုးႀကီး ၁၀၀ ဝန္းက်င္အထိ အသုံးျပဳေနရတယ္လို႔လည္း သူကေျပာပါတယ္။ ကိုဗစ္ကူးစက္သူမ်ားတဲ့ ေဒသေတြမွာ လူနာေတြလိုအပ္တဲ့ ေအာက္ဆီဂ်င္ပမာဏထက္ ျဖည့္တင္းေပးႏိုင္တဲ့ အေရအတြက္ မလုံေလာက္တဲ့ အခက္အခဲေတြလည္း ရွိေနပါတယ္။

အတည္ျပဳလူနာေတြကို သီးျခားထားႏိုင္ဖို႔ ေနရာအခက္အခဲလည္း မ်ားေနတာေၾကာင့္ ကိုယ့္ရဲ႕ေနအိမ္မွာသာ ေနထိုင္ၿပီး ကပ္ေရာဂါ ရင္ဆိုင္ေနရသူေတြလည္း တိုးလာေနတယ္လို႔ ကိုဗစ္တိုက္ဖ်က္ေရး ေျမျပင္မွာေဆာင္႐ြက္သူေတြ ကိုယ္တိုင္က အခက္အခဲေတြကို ေျပာျပၾကပါတယ္။

စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ အရင္က ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးလုပ္ငန္းေတြမွာ ပါဝင္ခဲ့ၾကသူ ဆရာဝန္ေတြ ေဆးဝန္ထမ္းေတြ ေတာ္ေတာ္မ်ားမ်ား အၾကမ္းမဖက္ အာဏာဖီဆန္တဲ့လႈပ္႐ွားမႈမွာ ပါဝင္ခဲ့ၾကပါတယ္။ စစ္ေကာင္စီဘက္ကလည္း ဆရာဝန္ေတြ၊ သူနာျပဳေတြ ေဆးဝန္ထမ္းေတြကို ဖမ္းဆီး၊ တရားစြဲတာေတြ လုပ္ေနပါတယ္။ ဒါေၾကာင့္ အခုလို ကပ္ေဘးအႏၱရာယ္ စိုးရိမ္စရာျပန္ျဖစ္လာခ်ိန္မွာ က်န္းမာေရးဝန္ထမ္းေတြ မလံုေလာက္တဲ့ျပႆနာ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဆရာဝန္တခ်ဳိ႕ကေတာ့ လုပ္ငန္းခြင္ျပန္ဝင္လာသူေတြ႐ွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနေျပာခြင့္ရက ဗီအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇူလိုင္လ ၇ ရက္၊ ည ၈ နာရီ ထုတ္ျပန္ထားတဲ့ စာရင္းအရ ဓါတ္ခြဲနမူနာ ၁ ေသာင္းခဲြနီးပါးစစ္ေဆးခဲ့တာမွာ အတည္ျပဳလူနာသစ္ ၃,၉၄၇ ဦးေတြ႔႐ွိပါတယ္။ ေသဆံုးသူကလည္း ၅၇ ဦး ရွိပါတယ္။ ျမန္မာႏို္င္ငံမွာ ကိုဗစ္ကပ္ေရာဂါ စတင္ခဲ့ကတည္းကဆိုရင္ စုစုေပါင္း အတည္ျပဳလူနာ ၁ သိန္း ၇ ေသာင္းခဲြေက်ာ္႐ွိၿပီး ကိုဗစ္ကပ္ေရာဂါေၾကာင့္ ၃,၅၇၀ ေသဆံုးခဲ့ပါတယ္။

................................................................................................

မြန်မာ ကိုဗစ်တတိယလှိုင်း ထိန်းချုပ်ရေး အခက်အခဲပိုတွေ့နေ

(Unicode)

မြန်မာနိုင်ငံတွင်း ကိုဗစ်တတိယလှိုင်းမှာ အတည်ပြုလူနာနဲ့ သေဆုံးသူဦးရေဟာ အချိန်တိုအတွင်းမှာပဲ တိုးလာနေတယ်လို့ ကိုဗစ်တိုက်ဖျက်ရာမှာ ပါဝင်သူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီး နိုင်ငံတွင်းအခြေအနေတွေကြောင့် ကပ်ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလည်း အရင်လှိုင်းဒဏ်တွေတုန်းကထက် ပိုခက်ခဲနေပါတယ်။ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ ရင်ဆိုင်နေရတဲ့ ကိုဗစ်အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မဆုမွန်က ပြောပြပါမယ်။

ပြည်နယ်နယ်နဲ့တိုင်း တော်တော်များများမှာ ကိုဗစ်အတည်ပြုလူနာ တိုးလာနေလို့ ရောဂါထိန်းချုပ်ဖို့ လိုအပ်တဲ့ မြို့နယ်တွေကို Stay at Home သတ်မှတ်ထားတာ အခုဆိုရင် စုစုပေါင်း ၄၅ မြို့နယ်အထိရှိလာပါပြီ။ အဲဒီထဲမှာ ရန်ကုန်တိုင်းထဲက ၁၀ မြို့နယ်၊ မွန်ပြည်နယ်အတွင်းက မြို့နယ် ၃ ခု နဲ့ မကွေးတိုင်းထဲက မြို့နယ် ၁ ခုကို Stay at Home အဖြစ် သတ်မှတ်တယ်လို့ ဇူလိုင်လ ၇ ရက်နေ့စွဲနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။

မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ ကန့်သတ်ခံထားရတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာတော့ အခု ကိုဗစ်တတိယလှိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၁,၀၀၀ ထက်မနည်း ရှိနေပါတယ်။ အတည်ပြုလူနာတွေ တိုးလာနေပေမဲ့ သူတို့ကိုထားဖို့ နေရာအခက်အခဲရှိနေတာကြောင့် နေရာသစ်တွေ ထပ်ပြီးပြင်ဆင်နေတယ်လို့ မော်လမြိုင်မြို့ ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

"တနေ့ကို (အတည်ပြုလူနာ) ရာဂဏန်းနီးပါးလောက် ထွက်တာပေါ့နော်။ မနေ့ကဆို ၁၀၃ ယောက် ထွက်တယ်။ ဒီနေ့ ၉၆ ယောက် ထပ်ထွက်တယ်။ နောက်ပြီးတော့ ဒီနေ့ ၅ ယောက် ထပ်သေတယ်။ မနေ့က ၂ ယောက်။ သေဆုံးသူက အခုထိဆို အယောက် ၃၀ အထိ ရှိလာပြီ။ အခုလက်ရှိအနေအထား ဖြစ်နေတာက မော်လမြိုင်မှာ လူနာတွေကို ထားစရာနေရာမရှိတော့ဘူး၊ မဆံ့တော့ဘူး။ တခြားမြို့နယ်တွေမှာဆိုလည်း ဒီအတိုင်းပဲ။ Isolation ward တွေ လုပ်ထားတယ်၊ မြို့နယ်အလိုက် လက်ခံနိုင်ဖို့ လုပ်ထားတဲ့ အဲဒီနေရာတွေမှာ လူနာတွေက ပြည့်တဲ့အနေအထားအထိ ဖြစ်နေပြီပေါ့နော်။"

ဇွန်လလောက်ကစပြီး ကူးစက်သူ ပြန်လည်မြင့်တက်လာတဲ့ တတိယလှိုင်းမှာတော့ လူနာတွေအတွက် လိုအပ်ချက်တွေ ပိုများနေတယ်လို့ သူကဆက်ပြောပါတယ်။
"Volunteer အင်အား၊ ကျန်းမာရေးဝန်ထမ်း အင်အားတွေ နည်းတဲ့ကြားထဲမှာမှ ကိုဗစ် Positive လူနာတွေက အရင် ဒုတိယလှိုင်းထက် ၂ ဆ ၃ ဆ နီးပါးလောက် အများကြီးထပ်တွေ့ရတယ်။ ပြီးတော့ သေဆုံးနှုန်းလည်း များလာတဲ့အခါကျတော့ အခုလက်ရှိ အနေအထားဆိုရင်တော့ အဓိက ကျန်းမာရေးဝန်ထမ်းအင်အားတွေ နည်းတာပေါ့နော်။"

Stay at Home သတ်မှတ်ခံထားရတဲ့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာလည်း အခု တတိယလှိုင်းမှာ အတည်ပြုလူနာ ၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေပါတယ်။ ဒါဟာ ဓာတ်ခွဲအတည်ပြုနိုင်တဲ့ ပမာဏသာဖြစ်ပြီးတော့ ရောဂါသံသယရှိပေမယ့်လည်း ကိုယ့်ရဲ့နေအိမ်မှာသာ နေထိုင်ပြီး ရောဂါစစ်ဆေးမခံသူတွေလည်း ရှိနေတာကြောင့် ဒေသတွင်းမှာ ရောဂါပိုးပြန့်တာ ပိုမြန်နေတယ်လို့ လက်ပံတန်း ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်တဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"လက်ပံတန်းအခြေအနေက ဒီအတိုင်းကတော့ အဆင်မပြေနိုင်ဘူး။ လူနာကလည်း အရမ်းများတော့လေ တနေ့ထက်တနေ့ ကျမသွားဘူး။ အပေါ်မှာပဲ တက်တက်လာတယ်။ ထားရတဲ့နေရာကလည်း အခက်အခဲတွေ ဖြစ်လာတယ်။ နောက်တခုက အောက်ဆီဂျင်နဲ့ပတ်သက်လို့တော့ အရေးကြီးတဲ့လူနာတွေအတွက် အတတ်နိုင်ဆုံးတော့ အကုန်လုံးက ဝိုင်းလုပ်ပေးနေကြတာပဲ။ ဒါပေမဲ့ ရေရှည်မှာ မလုံလောက်မှာပဲ ကြောက်ရတယ်။ အခုနောက်ပိုင်းက အရေးကြီးလာပြီလေ။ တနေ့ ၂ ယောက် ၃ ယောက် သေတာ။ မနေ့ကဆို မနက်ပိုင်း အမျိုးသမီးတယောက်၊ နေ့လည်ပိုင်း အမျိုးသားတယောက်၊ ညရောက်တော့ အမျိုးသမီးတယောက် ထပ်ဆုံးတယ်။ အဲလိုမျိုးတွေ အရမ်းမြန်နေတယ်။"

လက်ပံတန်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေအတွက် တနေ့ကို အောက်ဆီဂျင်အိုးကြီး ၁၀၀ ဝန်းကျင်အထိ အသုံးပြုနေရတယ်လို့လည်း သူကပြောပါတယ်။ ကိုဗစ်ကူးစက်သူများတဲ့ ဒေသတွေမှာ လူနာတွေလိုအပ်တဲ့ အောက်ဆီဂျင်ပမာဏထက် ဖြည့်တင်းပေးနိုင်တဲ့ အရေအတွက် မလုံလောက်တဲ့ အခက်အခဲတွေလည်း ရှိနေပါတယ်။

အတည်ပြုလူနာတွေကို သီးခြားထားနိုင်ဖို့ နေရာအခက်အခဲလည်း များနေတာကြောင့် ကိုယ့်ရဲ့နေအိမ်မှာသာ နေထိုင်ပြီး ကပ်ရောဂါ ရင်ဆိုင်နေရသူတွေလည်း တိုးလာနေတယ်လို့ ကိုဗစ်တိုက်ဖျက်ရေး မြေပြင်မှာဆောင်ရွက်သူတွေ ကိုယ်တိုင်က အခက်အခဲတွေကို ပြောပြကြပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် အရင်က ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြသူ ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ တော်တော်များများ အကြမ်းမဖက် အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ စစ်ကောင်စီဘက်ကလည်း ဆရာဝန်တွေ၊ သူနာပြုတွေ ဆေးဝန်ထမ်းတွေကို ဖမ်းဆီး၊ တရားစွဲတာတွေ လုပ်နေပါတယ်။ ဒါကြောင့် အခုလို ကပ်ဘေးအန္တရာယ် စိုးရိမ်စရာပြန်ဖြစ်လာချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တဲ့ပြဿနာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဆရာဝန်တချို့ကတော့ လုပ်ငန်းခွင်ပြန်ဝင်လာသူတွေရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရက ဗီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၇ ရက်၊ ည ၈ နာရီ ထုတ်ပြန်ထားတဲ့ စာရင်းအရ ဓါတ်ခွဲနမူနာ ၁ သောင်းခွဲနီးပါးစစ်ဆေးခဲ့တာမှာ အတည်ပြုလူနာသစ် ၃,၉၄၇ ဦးတွေ့ရှိပါတယ်။ သေဆုံးသူကလည်း ၅၇ ဦး ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတင်ခဲ့ကတည်းကဆိုရင် စုစုပေါင်း အတည်ပြုလူနာ ၁ သိန်း ၇ သောင်းခွဲကျော်ရှိပြီး ကိုဗစ်ကပ်ရောဂါကြောင့် ၃,၅၇၀ သေဆုံးခဲ့ပါတယ်။

https://burmese.voanews.com/a/more-covid-cases-in-Myanmar-challenges-to-control-/5958075.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.