Breaking

July 22, 2021

ျမန္မာစစ္ခုံ႐ုံးေတြကေန လူ ၆၅ ဦးကို ေသဒဏ္အျပစ္ခ်မွတ္ခဲ့


ရန္ကုန္ၿမိဳ႕ ဆႏၵျပပြဲတခုအတြင္း လူတဦးကိုဖမ္းဆီးေနသည့္ စစ္သားမ်ား။ ၂၂ မတ္ ၂၀၂၁
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလေနာက္ပိုင္း လူ ၆၅ ေယာက္ကို ေသဒဏ္ျပစ္ဒဏ္ေတြ ခ်မွတ္ခဲ့တယ္လို႔ နယူးေယာက္အေျခစိုက္ လူ႔အခြင့္အေရး ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ HRW က ဇဇူလိုင္လ ၂၁ ရက္ေန႔မွာ ထုတ္ျပန္ပါတယ္။

လူသတ္မႈ၊ လုယက္မႈ စြဲခ်က္ေတြနဲ႔ ေသဒဏ္ေပးခံရသူေတြထဲမွာ ၂၆ ေယာက္က လက္ရွိဖမ္းဆီးထိန္းသိမ္းခံထားရၿပီးက်န္ ၃၉ ဦးကေတာ့ မ်က္ကြယ္ေထာင္ဒဏ္ ေပးခံထားရတယ္လို႔ စစ္ေကာင္စီရဲ႕ သတင္းဌာနေတြနဲ႔ ေဒသခံအဖြဲ႕ေတြရဲ႕ ေျပာဆိုခ်က္ကိုလည္း ေၾကျငာခ်က္မွာ ကိုးကားေဖာ္ျပထားပါတယ္။

စစ္ေကာင္စီက လမ္းေပၚထြက္ဆႏၵျပသူေတြကို တရားလက္လြတ္ ပစ္ခတ္႐ုံတင္မက စစ္ခုံ႐ုံးေတြရဲ႕ တရားမ ွ်တမႈမရွိတဲ့ ၾကားနာမႈေတြကေန ဒါဇင္နဲ႔ခ်ီတဲ့သူေတြကို ေသဒဏ္ျပစ္ဒဏ္ေတြ ဆက္ၿပီး ခ်မွတ္ေနတယ္လို႔လည္း HRW ကေျပာပါတယ္။

စစ္အာဏာရွင္ ဆန႔္က်င္ေရးလႈပ္ရွားမႈေတြ ၿငိမ္သြားေအာင္ရည္႐ြယ္ၿပီး ခုလိုေသဒဏ္ေတြေပးေနတဲ့ စစ္ေကာင္စီရဲ႕ရာဇဝတ္မႈေတြအတြက္ ႏိုင္ငံတကာအစိုးရေတြဘက္က အျပစ္ေပးအေရးယူဖို႔ လိုေနၿပီဆိုတာ ျပသလိုက္တာျဖစ္တယ္လို႔လည္းေျပာပါတယ္။

ဖေဖာ္ဝါရီလ စစ္အာဏာသိမ္းမႈေနာက္ပိုင္း စစ္တပ္က ႏိုင္ငံတဝန္း အၾကမ္းဖက္ဖိႏွိပ္လာတာေၾကာင့္ လူေပါင္း ၉၀၀ ေက်ာ္ေသဆုံးၿပီး ႏိုင္ငံေရးသမားေတြ၊ သတင္းေထာက္ေတြနဲ႔ အစိုးရဝန္ထမ္းေတြအပါအဝင္ လူေပါင္း ၅,၄၀၀ ေလာက္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတယ္လို႔လည္း HRW ရဲ႕ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ မတ္လလယ္မွာ ရန္ကုန္နဲ႔မႏၲေလးအပါအဝင္ ၿမိဳ႕နယ္ ၁၁ ၿမိဳ႕နယ္မွာ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ ေၾကညာခဲ့ၿပီး စစ္ခုံ႐ုံးေတြဖြဲ႕ တရားစီရင္ခဲ့ပါတယ္။

ေသဒဏ္ျပစ္ဒဏ္ေပးထားသူေတြကို ၁၉၈၈ ခုႏွစ္ေနာက္ပိုင္း ေသဒဏ္စီရင္တာမ်ိဳ းမရွိေတာ့ေပမယ့္ တရား႐ုံးေတြမွာေတာ့ ဒီလိုျပစ္ဒဏ္ေတြ ဆက္ၿပီးခ်မွတ္ေနပါတယ္။ HRW ကေတာ့ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ျမန္မာႏိုင္ငံတြင္း ေသဒဏ္အျပစ္ေပးတာမ်ိဳးကို အစဥ္တစိုက္ ဆန႔္က်င္ကန႔္ကြက္လာတာပါ။

ကုလသမဂၢ၊ ဥေရာပသမဂၢ EU နဲ႔ အေမရိကန္အျပင္ တျခားအစိုးရအဖြဲ႕ေတြရဲ႕ ဒဏ္ခတ္အေရးယူမႈနဲ႔ ရင္ဆိုင္ေနရတဲ့ စစ္ဗိုလ္ခ်ဳပ္ေတြရဲ႕ၫႊန္ၾကားခ်က္ေၾကာင့္ စစ္ခုံ႐ုံးက ခုလိုျပစ္ဒဏ္ႀကီးေတြ ခ်မွတ္ေနတာျဖစ္တယ္လို႔လည္း ေၾကျငာခ်က္မွာေဖာ္ျပထားပါတယ္။

ႏိုင္ငံတကာဥပေဒေတြကိုခ်ိဳးေဖာက္ၿပီး ရာဇဝတ္မႈက်ဴးလြန္ေနတာေၾကာင့္ စစ္ဗိုလ္ခ်ဳပ္ေတြကို ႏိုင္ငံတကာကေစာင့္ၾကည့္ေနၿပီး မတရားဖမ္းဆီးထားသူအားလုံးကို ျပန္လႊတ္ေပးေရး ဖိအားေပးေတာင္းဆိုၾကဖို႔လည္း HRW က ႏိုင္ငံတကာအသိုင္းအဝိုင္းကို ဒီကေန႔ထုတ္ျပန္တဲ့ေၾကျငာခ်က္မွာ တိုက္တြန္းထားပါတယ္။


...........................

(Unicode)

မြန်မာစစ်ခုံရုံးတွေကနေ လူ ၆၅ ဦးကို သေဒဏ်အပြစ်ချမှတ်ခဲ့

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း လူ ၆၅ ယောက်ကိုသေဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ဇဇူလိုင်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လူသတ်မှု၊ လုယက်မှု စွဲချက်တွေနဲ့ သေဒဏ်ပေးခံရသူတွေထဲမှာ ၂၆ ယောက်က လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရပြီးကျန် ၃၉ ဦးကတော့ မျက်ကွယ်ထောင်ဒဏ် ပေးခံထားရတယ်လို့ စစ်ကောင်စီရဲ့ သတင်းဌာနတွေနဲ့ ဒေသခံအဖွဲ့တွေရဲ့ ပြောဆိုချက်ကိုလည်း ကြေငြာချက်မှာ ကိုးကားဖော်ပြထားပါတယ်။

စစ်ကောင်စီက လမ်းပေါ်ထွက်ဆန္ဒပြသူတွေကို တရားလက်လွတ် ပစ်ခတ်ရုံတင်မက စစ်ခုံရုံးတွေရဲ့ တရားမ ျှတမှုမရှိတဲ့ ကြားနာမှုတွေကနေ ဒါဇင်နဲ့ချီတဲ့သူတွေကို သေဒဏ်ပြစ်ဒဏ်တွေ ဆက်ပြီး ချမှတ်နေတယ်လို့လည်း HRW ကပြောပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ငြိမ်သွားအောင်ရည်ရွယ်ပြီး ခုလိုသေဒဏ်တွေပေးနေတဲ့ စစ်ကောင်စီရဲ့ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာအစိုးရတွေဘက်က အပြစ်ပေးအရေးယူဖို့ လိုနေပြီဆိုတာ ပြသလိုက်တာဖြစ်တယ်လို့လည်းပြောပါတယ်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်က နိုင်ငံတဝန်း အကြမ်းဖက်ဖိနှိပ်လာတာကြောင့် လူပေါင်း ၉၀၀ ကျော်သေဆုံးပြီး နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေနဲ့ အစိုးရဝန်ထမ်းတွေအပါအဝင် လူပေါင်း ၅,၄၀၀ လောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့လည်း HRW ရဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မတ်လလယ်မှာ ရန်ကုန်နဲ့မန္တလေးအပါအဝင် မြို့နယ် ၁၁ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီး စစ်ခုံရုံးတွေဖွဲ့ တရားစီရင်ခဲ့ပါတယ်။

သေဒဏ်ပြစ်ဒဏ်ပေးထားသူတွေကို ၁၉၈၈ ခုနှစ်နောက်ပိုင်း သေဒဏ်စီရင်တာမျို းမရှိတော့ပေမယ့် တရားရုံးတွေမှာတော့ ဒီလိုပြစ်ဒဏ်တွေ ဆက်ပြီးချမှတ်နေပါတယ်။ HRW ကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို မြန်မာနိုင်ငံတွင်း သေဒဏ်အပြစ်ပေးတာမျိုးကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်လာတာပါ။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ EU နဲ့ အမေရိကန်အပြင် တခြားအစိုးရအဖွဲ့တွေရဲ့ ဒဏ်ခတ်အရေးယူမှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ညွှန်ကြားချက်ကြောင့် စစ်ခုံရုံးက ခုလိုပြစ်ဒဏ်ကြီးတွေ ချမှတ်နေတာဖြစ်တယ်လို့လည်း ကြေငြာချက်မှာဖော်ပြထားပါတယ်။

နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ပြီး ရာဇဝတ်မှုကျူးလွန်နေတာကြောင့် စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာကစောင့်ကြည့်နေပြီး မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရေး ဖိအားပေးတောင်းဆိုကြဖို့လည်း HRW က နိုင်ငံတကာအသိုင်းအဝိုင်းကို ဒီကနေ့ထုတ်ပြန်တဲ့ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

https://burmese.voanews.com/a/myanmar-secretive-military-trials-violate-fair-trial-standards-said-hrw/5973711.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.