Breaking

July 22, 2021

ကိုဗစ္သံသယနဲ႔ေသဆုံးအေလာင္းမ်ားျပားလာလို႔ သယ္ယူေရးအခက္ႀကဳံ


ကိုဗစ္ေရာဂါနဲ ့ေသဆံုးသူမ်ားကို လွည္းကူး သုသာန္သို ့ပို ့ေဆာင္ေပးေန သော ပရဟိတသမားမ်ား ( ဓာတ္ပံု - Ye Aung THU / AFP)
(Zawgyi/Unicode)

ရန္ကုန္တိုင္းအတြင္းမွာ ကိုဗစ္သံသယနဲ႔ တိုက္အထပ္အျမင့္မွာ ေသဆုံးသူ ေန႔စဥ္မ်ားျပား လာတာေၾကာင့္ ႐ုပ္အေလာင္းသယ္ယူဖို႔
အခက္အခဲေတြ ႀကဳံေတြ႕ေနရပါတယ္။ တစ္ရက္ကို ေသဆုံးသူအေရအတြက္ ၄၀၀ ေလာက္ဟာ အိမ္မွာပဲ ေသဆုံးသြားၾကတယ္လို႔ မီးသၿဂႋဳလ္ေပးေနတဲ့ ပရဟိအသင္းေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံအတြင္းက ကိုဗစ္တတိယလႈိင္း ေနာက္ဆုံးအေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို အလိမၼာ ေျပာျပမွာပါ။

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ကိုဗစ္ တတိယလႈိင္းေၾကာင့္ ေသဆုံးသူအေရအတြက္ အဆမတန္ မ်ားျပားေနတာမွာ ရန္ကုန္သုႆန္ေတြမွာ အလွည့္က်နဲ႔ ႐ုပ္အေလာင္းတန္စီးၿပီး မီးသၿဂႋဳလ္ေနရပါတယ္။ ေရေဝးသုသာန္တစ္ခုတည္းတင္ တစ္ရက္ကို ႐ုပ္အေလာင္း ၆၀၀ ေက်ာ္ စုၿပဳံေနၿပီး၊ ထိန္ပင္၊ က်ီစု သုႆန္ေတြက စာရင္းေတြ မပါေသးဘူးလို႔ ကူညီေရးအဖြဲ႕ေတြကေျပာပါတယ္။ ဒါအျပင္ မြတ္စလင္သုႆန္မွာလည္း မေန႔က တစ္ရက္ထဲ ၁၀၀ေက်ာ္ရွိၿပီး ေသဆုံးႏႈန္းက ယခင္ထက္ မ်ားျပားေနတယ္လို႔ မီးၿဂႋဳလ္ေပးေနတဲ့ ပရဟိတအသင္းေတြက ေျပာပါတယ္။

ရန္ကုန္တိုင္းအတြင္း ေနအိမ္အထပ္အျမင့္မွာ ကိုဗစ္သံသယလကၡဏာနဲ႔ ေသဆုံးသူ မ်ားျပားလာတာေၾကာင့္ ႐ုပ္အေလာင္းကို သယ္ယူဖို႔ အခက္အခဲနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ နာေရးဦးစားေပး ကူညီေဆာင္႐ြက္ေနတဲ့ ပရဟိတအသင္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

“အခက္အခဲကေတာ့ သူတို႔ ေသဆုံးတဲ့လူေတြက အထပ္ျမင့္ေတြမွာ မ်ားတဲ့အခါက်ေတာ့ က်ေနာ္တို႔ ေအာက္က်ဖို႔ ေတာ္ေတာ္ခက္ခဲပါတယ္၊ တခ်ိဳ႕အိမ္ေတြမွာ ဆိုရင္လည္း တစ္ရက္တည္းကို နာရီပိုင္းပဲျခားတယ္ သုံးေယာက္ေသဆုံးတာေတြ က်ေနာ္တို႔ႀကဳံေတြ႕ရပါတယ္။ အဲ့လိုႀကဳံေတြ႕ရတဲ့ဟာက်ေတာ့လည္း ဘယ္လိုမွမျဖစ္တဲ့အခါက် အကိုတို႔အဖြဲ႕အကုန္လုံးသြားၿပီး ကူညီရတာရွိတယ္။ အဓိကေတာ့ အထပ္ျမင့္ေတြကို ခ်တဲ့ေနရာမွာ ေတာ္ေတာ္ခက္ခဲပါတယ္ခင္ဗ်၊ Body ေတြေလး။ ပြင့္ပြင့္လင္းလင္းေျပာရရင္ က်ေနာ္ခုနေျပာတဲ့ (ေသဆုံးသူ) ၄၀၀ ေက်ာ္ဆိုတာတို႔၊ ၂၀၀ ေက်ာ္အနိမ့္ဆုံးဆိုတာတို႔ အိမ္မွာဆုံးတဲ့လူေတြႀကီးပါပဲ။”

ကိုဗစ္သံသယလကၡဏာနဲ႔ နာမက်န္းျဖစ္တဲ့အခါ အိမ္မွာပဲ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ကုသရင္း အမ်ားစုက ေအာက္ဆီဂ်င္႐ုတ္တရက္ က်ဆင္းၿပီး ေအာက္ဆီဂ်င္မရရွိလို႔ ေသဆုံးသြားရပါတယ္။ ရန္ကုန္တိုင္းမွာ ေအာက္ဆီဂ်င္အိုးနဲ႔ ေအာက္ဆီဂ်င္မလုံေလာက္တဲ့ ျပသနာက ႀကီးမားေနတုန္းပဲလို႔ အဲ့ဒီပရဟိအသင္းေတြက ေျပာပါတယ္။

ရဲတပ္ဖြဲ႕နဲ႔ မိသားစုဝင္ေတြမွာလည္း ကိုဗစ္ေရာဂါနဲ႔ေသဆုံးသူ၊ ကူးစက္ခံသူေတြ မ်ားျပားေနတယ္လို႔ ေသဆုံးသူ႐ုပ္အေလာင္းကို မီးသၿဂႋဳလ္ေပးခဲ့တဲ့ ပရဟိတအသင္းတခုက ေျပာပါတယ္။

လက္ရွိျဖစ္ပြားေနတဲ့ ရန္ကုန္ကဗစ္ေရာဂါအေျခအေနဟာ ေရွ႕အပတ္ေတြထဲ ဒီထက္မက ပိုမိုဆိုးဝါးတဲ့ အႏၲရာယ္က်ေရာက္သြားႏိုင္တယ္လို႔ နာေရးဦးစားေပး ကူညီေဆာင္႐ြက္ေနတဲ့ ပရဟိတအသင္း တာဝန္ရွိသူက ေျပာပါတယ္။

“ရဲလိုင္းခန္းေတြမွာလည္း အမ်ားႀကီးျဖစ္ေနတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြလည္း ျဖစ္ေနတာပဲ။ က်ေနာ္တို႔သြားၿပီးေရာက္ဖူးတယ္။ သြားေခၚေပးတယ္။ ေဆး႐ုံပို႔ေပးတယ္၊ သုႆန္သၿဂႋဳလ္ေပးတယ္။ သူတို႔ထဲမွာလည္း ျဖစ္ေနတာအမ်ားႀကီးပဲ။ သူတို႔လိုင္းထဲမွာ။ ေရာဂါေတာ့ တစ္ေန႔တစ္ေန႔ က်ေနာ္ထင္တယ္ ဒီလကုန္ဆိုရင္ လက္ရွိဒီေန႔ျဖစ္ေနတဲ့အခ်ိန္ထက္ ေနာက္တစ္ပတ္က ပိုဆိုးဖို႔ပဲရွိတယ္။ ေနာက္ႏွစ္ပတ္က
ပိုဆိုးလာဖို႔ပဲရွိတယ္။ (တစ္ရက္ကို) က်ေနာ္ ေရေဝး တစ္ခုထဲကို မွန္းတာ (႐ုပ္အေလာင္း) ၆၀၀ ေက်ာ္ ၊ ၇၀၀ နီးနီးရွိမယ္။ ဒီလဆန္းမွာကတည္းက က်ေနာ္ေျပာေနၿပီ။ က်ေနာ္တို႔က Body သီးသန႔္သယ္တယ္ဆိုေတာ့ လူေတြကို က်ေနာ္ေျပာတယ္ တတ္ႏိုင္ရင္ အိမ္အျပင္မထြက္ပါနဲ႔ေတာ့၊ မထြက္ပါနဲ႔ေတာ့။ က်ေနာ္တို႔တားပါတယ္။ တက္လာတဲ့အရွိန္က ၁၀ ေလာင္းေက်ာ္တဲ့အခ်ိန္မွာ က်ေနာ္သိလာၿပီ။ ဒီအေျခအေနပိုဆိုးေနၿပီ။ အိမ္တိုင္းမွာ ျဖစ္တဲ့လူကေရာက္ေနၿပီး တားေပးမယ့္လူမရွိဘူး။ ေဆး႐ုံေဆးခန္း ဘာမွမလုပ္ေပးႏိုင္ဘူး။”

ရန္ကုန္တိုင္းမွာ ေအာက္ဆီဂ်င္အကူအညီေပးေနတဲ့ ေပးဆပ္ျခင္းပရဟိသအသင္းဟာ ေအာက္ဆီဂ်င္အိုးေတြ ငွားသြားၿပီး ျပန္မေပးတာေၾကာင့္ ေနာက္ထပ္ငွားေပးဖို႔ အခက္အခဲျဖစ္တယ္လို႔ အသင္းအဖြဲ႕တစ္ဦးက ေျပာပါတယ္။

“က်ေနာ္တို႔ဆီမွာ ရွိတဲ့ အိုးေတြ ငွါးလိုက္တဲ့အခါက်ေတာ့ဗ်ာ လူေတြက အိုးေတြငွါးသြားတယ္ေပါ့ဗ်ာ၊ ျပန္မလာေတာ့ဘူး။ ျပန္မလာတဲ့အခါက်ေတာ့ က်ေနာ္တို႔လည္ပတ္မႈက ရပ္ဆိုင္းသြားတယ္ဗ်။ အိမ္မွာေဆာင္ထားတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္သလို လူနာက ဆက္လက္ရႉေနတဲ့အတြက္ ဒီအိုးေတြကို မေပးပဲနဲ႔ ရတဲ့ေနရာမွာ သြားထည့္ေနလို႔လည္း ျဖစ္ေကာင္းျဖစ္မယ္ဗ်။ က်ေနာ္ဆီက အခုရွိတဲ့ အိုးအားလုံး အလုံး ၇၀ ေက်ာ္ေပါ့ေနာ္။ အဲ့ဒီက အိုးႀကီးေတြေပါ့ေနာ္ အဲ့ဒါေတြဆို အခုျပန္မလာေတာ့ဗ်ာ ျပန္မလာတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔မွာ အခက္အခဲေတြေတာ့ အဲ့ဒီဟာေပ့ါေနာ္။”

ပဲခူးတိုင္း မင္းလွၿမိဳ႕နယ္မွာလည္း ကိုဗစ္တတိယလႈိင္မွာ အတည္ျပဳလူနာ ၁၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူကေတာ့ ၂၀ ေက်ာ္ရွိပါတယ္။ မေန႔က တစ္ရက္ထဲ အတည္ျပဳလူနာ ၆၉ ဦးအထိ ျမင့္တက္လာပါတယ္။ ကူးစက္မႈေတြ ပိုမ်ားလာေနေပမယ့္ အျပင္ထြက္ Mask မတပ္သူေတြလည္း ဆက္ရွိေနတုန္းပဲလို႔ စိန္ကန႔္လန႔္လူမႈကူညီေရးအသင္း ဒုတတိယဥကၠ႒က ေျပာပါတယ္။

“မေန႔ကဆိုရင္ ကူးစက္မႈမ်ားတယ္။ အေယာက္ ၆၀ ေလာက္ရွိတယ္။ ဒီေန႔မနက္ ကြာရန္တင္ဝင္တာ အခုမွစစ္ၿပီး Swab ယူတုန္းပဲဆိုေတာ့ အေျဖကမသိရေသးဘူး။ က်ေနာ္တို႔ စင္တာဆိုရင္ မနက္က ၁၀ ေယာက္ထြက္တယ္။ (အတည္ျပဳလူနာ) လူဦးေရ
၁၀၀၀ ေက်ာ္ကို၊ ေလာေလာဆယ္ လက္ရွိမွာ ေဆး႐ုံမွာ ကုသမႈခံယူေနတဲ့ လူက ၅၀၀ ေက်ာ္ရွိေသးတယ္။ က်န္တဲ့ဟာ ေဆး႐ုံဆင္း။ အခုေလာေလာဆယ္ လူေတြ စည္းကမ္းရွိဖို႔ပဲ။ လူေတြက တခ်ိဳ႕ေတာ္ေတာ္ထိန္းခ်ဳပ္လို႔ ထိန္းခ်ဳပ္ေနပါၿပီ။ အခုခ်ိန္ထိေတာင္ပဲ Mask မတပ္ပဲနဲ႔ သြားေနတဲ့ လူရွိေသးတယ္။ အဲ့ဒါမ်ိဳးေတြလည္း ရွိေနေသးတယ္ အခုခ်ိန္ထိေတာင္။”

ျမန္မာႏိုင္ငံမွာ ဇူလိုင္ ၂၀ ရက္ မေန႔ည ၈ နာရီ စစ္ေကာင္စီက်န္းမာေရးဌာထုတ္ျပန္ခ်က္အရ ကိုဗစ္ကူးစက္သူ အေရအတြက္ ၅၈၀၀
ေက်ာ္ရွိၿပီး ေသဆုံးသူက ၂၈၀ ေက်ာ္ရွိပါတယ္။ က်န္းမာေရးဌာနက ထုတ္ျပန္တဲ့ စာရင္းထက္ ေျမျပင္မွာ ကူးစက္ႏႈန္းနဲ႔ ေသဆုံးသူအေရအတြက္ဟာ ပိုမိုမ်ားျပားေနတယ္လို႔ ပရဟိတအကူအညီေပးသူေရာ၊ က်န္းမာေရးပညာရွင္ေတြကပါ ခန႔္မွန္း ေျပာဆိုဆိုေနၾကပါတယ္။

...........................................................................................

ကိုဗစ်သံသယနဲ့သေဆုံးအလောင်းများပြားလာလို့ သယ်ယူရေးအခက်ကြုံ

(Unicode)

ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်သံသယနဲ့ တိုက်အထပ်အမြင့်မှာ သေဆုံးသူ နေ့စဉ်များပြား လာတာကြောင့် ရုပ်အလောင်းသယ်ယူဖို့
အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ တစ်ရက်ကို သေဆုံးသူအရေအတွက် ၄၀၀ လောက်ဟာ အိမ်မှာပဲ သေဆုံးသွားကြတယ်လို့ မီးသင်္ဂြိုလ်ပေးနေတဲ့ ပရဟိအသင်းတွေက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်းက ကိုဗစ်တတိယလှိုင်း နောက်ဆုံးအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အလိမ္မာ ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် တတိယလှိုင်းကြောင့် သေဆုံးသူအရေအတွက် အဆမတန် များပြားနေတာမှာ ရန်ကုန်သုဿန်တွေမှာ အလှည့်ကျနဲ့ ရုပ်အလောင်းတန်စီးပြီး မီးသင်္ဂြိုလ်နေရပါတယ်။ ရေဝေးသုသာန်တစ်ခုတည်းတင် တစ်ရက်ကို ရုပ်အလောင်း ၆၀၀ ကျော် စုပြုံနေပြီး၊ ထိန်ပင်၊ ကျီစု သုဿန်တွေက စာရင်းတွေ မပါသေးဘူးလို့ ကူညီရေးအဖွဲ့တွေကပြောပါတယ်။ ဒါအပြင် မွတ်စလင်သုဿန်မှာလည်း မနေ့က တစ်ရက်ထဲ ၁၀၀ကျော်ရှိပြီး သေဆုံးနှုန်းက ယခင်ထက် များပြားနေတယ်လို့ မီးင်္ဂြိုလ်ပေးနေတဲ့ ပရဟိတအသင်းတွေက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း နေအိမ်အထပ်အမြင့်မှာ ကိုဗစ်သံသယလက္ခဏာနဲ့ သေဆုံးသူ များပြားလာတာကြောင့် ရုပ်အလောင်းကို သယ်ယူဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ နာရေးဦးစားပေး ကူညီဆောင်ရွက်နေတဲ့ ပရဟိတအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“အခက်အခဲကတော့ သူတို့ သေဆုံးတဲ့လူတွေက အထပ်မြင့်တွေမှာ များတဲ့အခါကျတော့ ကျနော်တို့ အောက်ကျဖို့ တော်တော်ခက်ခဲပါတယ်၊ တချို့အိမ်တွေမှာ ဆိုရင်လည်း တစ်ရက်တည်းကို နာရီပိုင်းပဲခြားတယ် သုံးယောက်သေဆုံးတာတွေ ကျနော်တို့ကြုံတွေ့ရပါတယ်။ အဲ့လိုကြုံတွေ့ရတဲ့ဟာကျတော့လည်း ဘယ်လိုမှမဖြစ်တဲ့အခါကျ အကိုတို့အဖွဲ့အကုန်လုံးသွားပြီး ကူညီရတာရှိတယ်။ အဓိကတော့ အထပ်မြင့်တွေကို ချတဲ့နေရာမှာ တော်တော်ခက်ခဲပါတယ်ခင်ဗျ၊ Body တွေလေး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်ခုနပြောတဲ့ (သေဆုံးသူ) ၄၀၀ ကျော်ဆိုတာတို့၊ ၂၀၀ ကျော်အနိမ့်ဆုံးဆိုတာတို့ အိမ်မှာဆုံးတဲ့လူတွေကြီးပါပဲ။”

ကိုဗစ်သံသယလက္ခဏာနဲ့ နာမကျန်းဖြစ်တဲ့အခါ အိမ်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသရင်း အများစုက အောက်ဆီဂျင်ရုတ်တရက် ကျဆင်းပြီး အောက်ဆီဂျင်မရရှိလို့ သေဆုံးသွားရပါတယ်။ ရန်ကုန်တိုင်းမှာ အောက်ဆီဂျင်အိုးနဲ့ အောက်ဆီဂျင်မလုံလောက်တဲ့ ပြသနာက ကြီးမားနေတုန်းပဲလို့ အဲ့ဒီပရဟိအသင်းတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ မိသားစုဝင်တွေမှာလည်း ကိုဗစ်ရောဂါနဲ့သေဆုံးသူ၊ ကူးစက်ခံသူတွေ များပြားနေတယ်လို့ သေဆုံးသူရုပ်အလောင်းကို မီးသင်္ဂြိုလ်ပေးခဲ့တဲ့ ပရဟိတအသင်းတခုက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ရန်ကုန်ကဗစ်ရောဂါအခြေအနေဟာ ရှေ့အပတ်တွေထဲ ဒီထက်မက ပိုမိုဆိုးဝါးတဲ့ အန္တရာယ်ကျရောက်သွားနိုင်တယ်လို့ နာရေးဦးစားပေး ကူညီဆောင်ရွက်နေတဲ့ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

“ရဲလိုင်းခန်းတွေမှာလည်း အများကြီးဖြစ်နေတယ်။ ရဲတပ်ဖွဲ့ဝင်တွေလည်း ဖြစ်နေတာပဲ။ ကျနော်တို့သွားပြီးရောက်ဖူးတယ်။ သွားခေါ်ပေးတယ်။ ဆေးရုံပို့ပေးတယ်၊ သုဿန်သင်္ဂြိုလ်ပေးတယ်။ သူတို့ထဲမှာလည်း ဖြစ်နေတာအများကြီးပဲ။ သူတို့လိုင်းထဲမှာ။ ရောဂါတော့ တစ်နေ့တစ်နေ့ ကျနော်ထင်တယ် ဒီလကုန်ဆိုရင် လက်ရှိဒီနေ့ဖြစ်နေတဲ့အချိန်ထက် နောက်တစ်ပတ်က ပိုဆိုးဖို့ပဲရှိတယ်။ နောက်နှစ်ပတ်က
ပိုဆိုးလာဖို့ပဲရှိတယ်။ (တစ်ရက်ကို) ကျနော် ရေဝေး တစ်ခုထဲကို မှန်းတာ (ရုပ်အလောင်း) ၆၀၀ ကျော် ၊ ၇၀၀ နီးနီးရှိမယ်။ ဒီလဆန်းမှာကတည်းက ကျနော်ပြောနေပြီ။ ကျနော်တို့က Body သီးသန့်သယ်တယ်ဆိုတော့ လူတွေကို ကျနော်ပြောတယ် တတ်နိုင်ရင် အိမ်အပြင်မထွက်ပါနဲ့တော့၊ မထွက်ပါနဲ့တော့။ ကျနော်တို့တားပါတယ်။ တက်လာတဲ့အရှိန်က ၁၀ လောင်းကျော်တဲ့အချိန်မှာ ကျနော်သိလာပြီ။ ဒီအခြေအနေပိုဆိုးနေပြီ။ အိမ်တိုင်းမှာ ဖြစ်တဲ့လူကရောက်နေပြီး တားပေးမယ့်လူမရှိဘူး။ ဆေးရုံဆေးခန်း ဘာမှမလုပ်ပေးနိုင်ဘူး။”

ရန်ကုန်တိုင်းမှာ အောက်ဆီဂျင်အကူအညီပေးနေတဲ့ ပေးဆပ်ခြင်းပရဟိသအသင်းဟာ အောက်ဆီဂျင်အိုးတွေ ငှားသွားပြီး ပြန်မပေးတာကြောင့် နောက်ထပ်ငှားပေးဖို့ အခက်အခဲဖြစ်တယ်လို့ အသင်းအဖွဲ့တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ဆီမှာ ရှိတဲ့ အိုးတွေ ငှါးလိုက်တဲ့အခါကျတော့ဗျာ လူတွေက အိုးတွေငှါးသွားတယ်ပေါ့ဗျာ၊ ပြန်မလာတော့ဘူး။ ပြန်မလာတဲ့အခါကျတော့ ကျနော်တို့လည်ပတ်မှုက ရပ်ဆိုင်းသွားတယ်ဗျ။ အိမ်မှာဆောင်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်သလို လူနာက ဆက်လက်ရှူနေတဲ့အတွက် ဒီအိုးတွေကို မပေးပဲနဲ့ ရတဲ့နေရာမှာ သွားထည့်နေလို့လည်း ဖြစ်ကောင်းဖြစ်မယ်ဗျ။ ကျနော်ဆီက အခုရှိတဲ့ အိုးအားလုံး အလုံး ၇၀ ကျော်ပေါ့နော်။ အဲ့ဒီက အိုးကြီးတွေပေါ့နော် အဲ့ဒါတွေဆို အခုပြန်မလာတော့ဗျာ ပြန်မလာတဲ့အတွက်ကြောင့် ကျနော်တို့မှာ အခက်အခဲတွေတော့ အဲ့ဒီဟာပေ့ါနော်။”

ပဲခူးတိုင်း မင်းလှမြို့နယ်မှာလည်း ကိုဗစ်တတိယလှိုင်မှာ အတည်ပြုလူနာ ၁၀၀၀ ကျော်ရှိပြီး သေဆုံးသူကတော့ ၂၀ ကျော်ရှိပါတယ်။ မနေ့က တစ်ရက်ထဲ အတည်ပြုလူနာ ၆၉ ဦးအထိ မြင့်တက်လာပါတယ်။ ကူးစက်မှုတွေ ပိုများလာနေပေမယ့် အပြင်ထွက် Mask မတပ်သူတွေလည်း ဆက်ရှိနေတုန်းပဲလို့ စိန်ကန့်လန့်လူမှုကူညီရေးအသင်း ဒုတတိယဥက္ကဋ္ဌက ပြောပါတယ်။

“မနေ့ကဆိုရင် ကူးစက်မှုများတယ်။ အယောက် ၆၀ လောက်ရှိတယ်။ ဒီနေ့မနက် ကွာရန်တင်ဝင်တာ အခုမှစစ်ပြီး Swab ယူတုန်းပဲဆိုတော့ အဖြေကမသိရသေးဘူး။ ကျနော်တို့ စင်တာဆိုရင် မနက်က ၁၀ ယောက်ထွက်တယ်။ (အတည်ပြုလူနာ) လူဦးရေ
၁၀၀၀ ကျော်ကို၊ လောလောဆယ် လက်ရှိမှာ ဆေးရုံမှာ ကုသမှုခံယူနေတဲ့ လူက ၅၀၀ ကျော်ရှိသေးတယ်။ ကျန်တဲ့ဟာ ဆေးရုံဆင်း။ အခုလောလောဆယ် လူတွေ စည်းကမ်းရှိဖို့ပဲ။ လူတွေက တချို့တော်တော်ထိန်းချုပ်လို့ ထိန်းချုပ်နေပါပြီ။ အခုချိန်ထိတောင်ပဲ Mask မတပ်ပဲနဲ့ သွားနေတဲ့ လူရှိသေးတယ်။ အဲ့ဒါမျိုးတွေလည်း ရှိနေသေးတယ် အခုချိန်ထိတောင်။”

မြန်မာနိုင်ငံမှာ ဇူလိုင် ၂၀ ရက် မနေ့ည ၈ နာရီ စစ်ကောင်စီကျန်းမာရေးဌာထုတ်ပြန်ချက်အရ ကိုဗစ်ကူးစက်သူ အရေအတွက် ၅၈၀၀
ကျော်ရှိပြီး သေဆုံးသူက ၂၈၀ ကျော်ရှိပါတယ်။ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ စာရင်းထက် မြေပြင်မှာ ကူးစက်နှုန်းနဲ့ သေဆုံးသူအရေအတွက်ဟာ ပိုမိုများပြားနေတယ်လို့ ပရဟိတအကူအညီပေးသူရော၊ ကျန်းမာရေးပညာရှင်တွေကပါ ခန့်မှန်း ပြောဆိုဆိုနေကြပါတယ်။

https://burmese.voanews.com/a/more-dead-by-new-covid-in-yangon-urban-area-myanmar-/5973754.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.