- ဗြီအိုုေအ (ျမန္မာဌာန)
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြကို ေျဖရွင္းရာမွာ ႏိုင္ငံတကာ အသိုင္းအ၀န္းက တာ၀န္ပ်က္ကြက္ေနေၾကာင္း လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္က ေ၀ဖန္လိုက္ပါတယ္။
“ေနာင္အနာဂတ္မ်ဳိးဆက္ေတြက အခုအခိုက္အတံ့ ကာလကို ျပန္ေျပာင္းၾကည့္ၿပီး ေမးခြန္းထုတ္ေကာင္း ထုတ္ၾကပါလိမ့္မယ္။ ျမန္မာျပည္သူေတြ အႀကီးမားဆုံး ေဘးဒုကၡနဲ႔ ရင္ဆိုင္ေနရၿပီး အလိုအပ္ဆုံးအေျခအေနနဲ႔ ၾကံဳေနရခ်ိန္မွာ ကမာၻေပၚက ႏိုင္ငံေတြ၊ လူေတြက ျမန္မာျပည္သူေတြအတြက္ က်ဳိးေၾကာင္းဆီေလ်ာ္တဲ့ အကူအညီေတြ ေပးခဲ့ၾကသလားဆိုၿပီး ေမးလာခဲ့မယ္ဆိုရင္၊ ဒီေမးခြန္းအတြက္ ႐ိုး႐ိုးသားသား အေျဖေပးရမယ္ဆိုရင္ေတာ့ အခုအခ်ိန္အထိေတာ့ မရွိေသးဘူးလို႔ပဲ ေျပာရပါလိမ့္မယ္။” လို႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Thomas Andrews က ဗုဒၶဟူးေန႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ေဆြးေႏြးပဲြမွာ ေျပာဆိုသြားတာပါ။
ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အရပ္သား အစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာေၾကာင့္ ဆန္႔က်င္လႈပ္ရွားမႈေတြနဲ႔ အတူ အာဏာပိုင္ေတြရဲ႕ အင္အားသုံးႏွိမ္နင္းမႈေတြ ေပၚေပါက္ခဲ့ရာက ေသဆုံးသူ ရာဂဏန္းအထိ ရွိေနသလို၊ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြ အပါအ၀င္ တက္ႂကြလႈပ္ရွားသူ ေထာင္နဲ႔ခ်ီ ဖမ္းဆီးခံထားရတဲ့အတြက္ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ဖိအားေပး ေနၾကတာ ျဖစ္ပါတယ္။
လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ကေတာ့ ျမန္မာစစ္ေခါင္းေဆာင္ေတြကို ႏိုင္ငံတကာ အသိုင္းအ၀န္းက ဖိအားေပးတဲ့အေနနဲ႔ အဓိက ၀င္ေငြရလမ္းျဖစ္တဲ့ ေရနံနဲ႔ ဓာတ္ေငြ႕လုပ္ငန္းေတြကို ပိတ္ဆို႔ဒဏ္ခတ္ အေရးယူဖို႔လည္း တိုက္တြန္းခဲ့တာပါ။
အေမရိကန္နဲ႔ ဥေရာပသမဂၢ (EU) အပါအ၀င္ အေနာက္ႏိုင္ငံေတြကေတာ့ ျမန္မာစစ္အာဏာပိုင္ေတြအေပၚ မၾကာေသးခင္ကစလို႔ ပိတ္ဆို႔ဒဏ္ခတ္ အေရးယူခဲ့တာေတြ ရွိခဲ့ေပမဲ့ တ႐ုတ္နဲ႔ ႐ုရွားအပါအ၀င္ ႏိုင္ငံတခ်ဳိ႕ကေတာ့ ျပစ္ဒဏ္ခတ္တဲ့ အစီအစဥ္ေတြကို ဆန္႔က်င္ေနတာ ျဖစ္ပါတယ္။
.........................................
{{Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ နိုင်ငံတကာ အသိုင်းအဝန်းက တာဝန်ပျက်ကွက်နေကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဝေဖန်လိုက်ပါတယ်။
“နောင်အနာဂတ်မျိုးဆက်တွေက အခုအခိုက်အတံ့ ကာလကို ပြန်ပြောင်းကြည့်ပြီး မေးခွန်းထုတ်ကောင်း ထုတ်ကြပါလိမ့်မယ်။ မြန်မာပြည်သူတွေ အကြီးမားဆုံး ဘေးဒုက္ခနဲ့ ရင်ဆိုင်နေရပြီး အလိုအပ်ဆုံးအခြေအနေနဲ့ ကြုံနေရချိန်မှာ ကမ္ဘာပေါ်က နိုင်ငံတွေ၊ လူတွေက မြန်မာပြည်သူတွေအတွက် ကျိုးကြောင်းဆီလျော်တဲ့ အကူအညီတွေ ပေးခဲ့ကြသလားဆိုပြီး မေးလာခဲ့မယ်ဆိုရင်၊ ဒီမေးခွန်းအတွက် ရိုးရိုးသားသား အဖြေပေးရမယ်ဆိုရင်တော့ အခုအချိန်အထိတော့ မရှိသေးဘူးလို့ပဲ ပြောရပါလိမ့်မယ်။” လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Andrews က ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ အတူ အာဏာပိုင်တွေရဲ့ အင်အားသုံးနှိမ်နင်းမှုတွေ ပေါ်ပေါက်ခဲ့ရာက သေဆုံးသူ ရာဂဏန်းအထိ ရှိနေသလို၊ အရပ်သားအစိုးရ ခေါင်းဆောင်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူ ထောင်နဲ့ချီ ဖမ်းဆီးခံထားရတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားပေး နေကြတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားပေးတဲ့အနေနဲ့ အဓိက ဝင်ငွေရလမ်းဖြစ်တဲ့ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းတွေကို ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့လည်း တိုက်တွန်းခဲ့တာပါ။
အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် အနောက်နိုင်ငံတွေကတော့ မြန်မာစစ်အာဏာပိုင်တွေအပေါ် မကြာသေးခင်ကစလို့ ပိတ်ဆို့ဒဏ်ခတ် အရေးယူခဲ့တာတွေ ရှိခဲ့ပေမဲ့ တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံတချို့ကတော့ ပြစ်ဒဏ်ခတ်တဲ့ အစီအစဉ်တွေကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.