Breaking

August 2, 2021

မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်း၊

 
 အာဏာသိမ်း ခြောက်လပြည့် စစ်ခေါင်းဆောင် မိန့်ခွန်းပြော အာဏာသိမ်း ခြောက်လပြည့် ၂၀၂၁ သြဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဥ်
China Xinhua News 
China state-controlled media
 roaeo

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ် ယနေ့ (သြဂုတ်လ ၁ရက်)၌ ပြင်ဆင် ဖွဲ့စည်း လိုက်ပြီး ယင်းအိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဆိုပါနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ယနေ့(သြဂုတ် ၁ရက်)၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ 
ဦးတည်ချက်(၉)ရပ်နှင့်အညီ နိုင်ငံတော် တာဝန်များကို ပိုမို၊ လွယ်ကူ၊ လျင်မြန်အောင် ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၏ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန် အိမ်စောင့်အစိုးရအဖွဲ့ရုံး စသည့်တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး(သို့) ပြည်နယ်အစိုးရအဖွဲ့များပြင်ဆင်ဖွဲ့စည်ခြင်းများကိုလည်း ဆောင်ရွက် ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
#အိမ်စောင့်အစိုးရ #အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်, #ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် #ဆင္ဟြာ
----------------------------------------------------
(Zawgyi Version)
ျမန္မာႏိုင္ငံေတာ္ အိမ္ေစာင့္အစိုးရအျဖစ္ ျပင္ဆင္ဖြဲ႕စည္း၊ အိမ္ေစာင့္အစိုးရ၏ ဝန္ႀကီးခ်ဳပ္အျဖစ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေဆာင္႐ြက္မည္
ရန္ကုန္၊ ၾသဂုတ္ ၁ ရက္ (ဆင္ဟြာ)
ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ အိမ္ေစာင့္အစိုးရအျဖစ္ ယေန႔ (ၾသဂုတ္လ ၁ရက္)၌ ျပင္ဆင္ဖြဲ႕စည္းလိုက္ၿပီး ယင္းအိမ္ေစာင့္အစိုးရ၏ ဝန္ႀကီးခ်ဳပ္အျဖစ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ ဒုတိယ ဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆင္ဟြာသို႔ေျပာသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ စီမံခန႔္ခြဲေရးေကာ္မတီကို ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔က ဖြဲ႕စည္းခဲ့ၿပီး အဆိုပါႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ယေန႔(ၾသဂုတ္ ၁ရက္)၌ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ အိမ္ေစာင့္အစိုးရအျဖစ္ျပင္ဆင္ဖြဲ႕စည္းလိုက္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ခ်မွတ္ထားသည့္ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္၊ ဦးတည္ခ်က္(၉)ရပ္ႏွင့္အညီ ႏိုင္ငံေတာ္ တာဝန္မ်ားကို ပိုမို၊ လြယ္ကူ၊ လ်င္ျမန္ေအာင္ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ စီမံခန႔္ခြဲေရးေကာ္မတီကို ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ အိမ္ေစာင့္အစိုးရအျဖစ္ျပင္ဆင္ဖြဲ႕စည္းလိုက္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ အိမ္ေစာင့္အစိုးရ၏ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အျဖစ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠဌ၊ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠဌ၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္၊ အၿမဲတမ္းအတြင္းဝန္ အိမ္ေစာင့္အစိုးရအဖြဲ႕႐ုံး စသည့္တို႔ျဖင့္ ျပင္ဆင္ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။
ဆက္လက္ၿပီး တိုင္းေဒသႀကီး(သို႔) ျပည္နယ္အစိုးရအဖြဲ႕မ်ားျပင္ဆင္ဖြဲ႕စည္ျခင္းမ်ားကိုလည္း ေဆာင္႐ြက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ (Xinhua)
#အိမ္ေစာင့္အစိုးရ #အိမ္ေစာင့္အစိုးရ၏ ဝန္ႀကီးခ်ဳပ္, #ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ #ဆင္ဟ
ပုံစာ-(၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ဂါဝရပြုနေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားတွေ့ရစဉ်(ဆင်ဟွာ)

No comments:

Post a Comment

Note: Only a member of this blog may post a comment.