Breaking

August 16, 2021

႐ိုဟင္ဂ်ာလူမ်ိဳးတုံုးသတ္ျဖတ္မႈ အာဂ်င္တီးနား တရား႐ုံးၾကားနာမည္


Rohingya refugees walk in market area inside a refugee camp in Ukhia on April 6, 2021 during the second day of weeklong government-imposed lockdown amid an increase of COVID-19 coronavirus cases. (Photo by Miraj KATEB / AFP)
Zawgyi/Unicode

လူမ်ဳိးတုံးသတ္ျဖတ္ခံရမယ့္ေဘးကေန လြတ္ေျမာက္လာတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ သူတို႔ႀကံဳေတြ႔ခံစားခဲ့ရတဲ့အေတြ႔အႀကံဳေတြကိုပထမဆုံးအႀကိမ္အျဖစ္ အာဂ်င္တီးနားႏိုင္ငံက တရား႐ုံးတခုမွာ ထြက္ဆိုခြင့္ရၾကေတာ့မယ္လို႔ ယူေက အေျခစိုက္ ျမန္မာ ႐ိုဟင္ဂ်ာအဖြဲ႔ BROUK က ေျပာပါတယ္။

လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ေစာ္ကားခံရသူ ၅ ဦး အပါအဝင္ ျမန္မာစစ္တပ္ရဲ႕ လူမဆန္တဲ့ အၾကမ္းဖက္မႈေတြကို ခံခဲ့ၾကရတဲ့ ႐ိုဟင္ဂ်ာေတြဟာ မနက္ျဖန္ ၾသဂုတ္ လ ၁၇ ရက္ေန႔က်ရင္ အာဂ်င္တီးနားႏိုင္ငံ၊ Buenos Aires ၿမိဳ႕က ျပည္ေထာင္စု အယူခံတရား႐ုံးမွာ ထြက္ဆိုၾကမွာ ျဖစ္ပါတယ္။ ျမန္မာစစ္ေခါင္းေဆာင္ေတြအေပၚ စြဲဆိုထားတဲ့ လူမ်ဳိးတုံးသတ္ျဖတ္မႈအတြက္ ႏိုင္ငံတကာ တရားစီရင္ေရးစံနစ္ေအာက္မွာ အာဂ်င္တီးနားတရား႐ုံးက လက္ခံ ၾကားနာတာ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြအတြက္ ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီး ႀကိဳးစားခဲ့ၿပီးတဲ့ေနာက္ အခုလို ထြက္ဆိုခြင့္ရတာဟာ႐ိုဟင္ဂ်ာေတြအတြက္ သမိုင္းဝင္ ျဖစ္ရပ္တခုျဖစ္ေၾကာင္း ျမန္မာ ႐ိုဟင္ဂ်ာအဖြဲ႔ဥကၠ႒ ဦးထြန္းခင္က ေျပာပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ လူမ်ဳိးတုံးသတ္ျဖတ္မႈနဲ႔ လူသားမ်ဳိးႏြယ္ကို ဆန္႔က်င္တဲ့ ရာဇဝတ္မႈေတြအတြက္ ျမန္မာစစ္ဘက္နဲ႔ အရပ္ဘက္ေခါင္းေဆာင္ေတြအေပၚ စုံစမ္း စစ္ေဆးမႈေတြ ျပဳလုပ္ေပးဖို႔ BROUK အဖြဲ႔က ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၃ ရက္ေန႔မွာ ဦးတိုက္ ေလွ်ာက္ထားခဲ့တာပါ။

၂၀၁၉ ခုႏွစ္အတြင္း အာဂ်င္တီးနားတရား႐ုံးမွာ အဲဒီလို ေလွ်ာက္ထားခဲ့ၿပီးတဲ့ေနာက္ ICC - ႏိုင္ငံတကာရာဇ၀တ္ခုံ႐ုံးနဲ႔ ICJ - ႏိုင္ငံတကာ တရား႐ုံးတို႔မွာ ျမန္မာအေပၚ စြဲခ်က္တင္ထားတဲ့အမႈေတြအတြက္ ၾကားနာ စစ္ေဆးတာအပါအဝင္ ႐ိုဟင္ဂ်ာအေရးအတြက္ ႏိုင္ငံတကာတရား႐ုံးေတြမွာ ၾကားနာစစ္ေဆးမႈေတြ အရွိန္ရလာေနပါတယ္။

========

Unicode

ရိုဟင်ဂျာလူမျိုးတုံုးသတ်ဖြတ်မှု အာဂျင်တီးနားတရားရုံးကြားနာမည်

လူမျိုးတုံးသတ်ဖြတ်ခံရမယ့်ဘေးကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ကြုံတွေ့ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကိုပထမဆုံးအကြိမ်အဖြစ် အာဂျင်တီးနားနိုင်ငံက တရားရုံးတခုမှာ ထွက်ဆိုခွင့်ရကြတော့မယ်လို့ ယူကေ အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့ BROUK က ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရသူ ၅ ဦး အပါအဝင် မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ခံခဲ့ကြရတဲ့ ရိုဟင်ဂျာတွေဟာ မနက်ဖြန် သြဂုတ် လ ၁၇ ရက်နေ့ကျရင် အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့က ပြည်ထောင်စု အယူခံတရားရုံးမှာ ထွက်ဆိုကြမှာ ဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာ တရားစီရင်ရေးစံနစ်အောက်မှာ အာဂျင်တီးနားတရားရုံးက လက်ခံ ကြားနာတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဆယ်စုနှစ်တွေနဲ့ချီပြီး ကြိုးစားခဲ့ပြီးတဲ့နောက် အခုလို ထွက်ဆိုခွင့်ရတာဟာရိုဟင်ဂျာတွေအတွက် သမိုင်းဝင် ဖြစ်ရပ်တခုဖြစ်ကြောင်း မြန်မာ ရိုဟင်ဂျာအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ဘက်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေအပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ BROUK အဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဦးတိုက် လျှောက်ထားခဲ့တာပါ။

၂၀၁၉ ခုနှစ်အတွင်း အာဂျင်တီးနားတရားရုံးမှာ အဲဒီလို လျှောက်ထားခဲ့ပြီးတဲ့နောက် ICC - နိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ ICJ - နိုင်ငံတကာ တရားရုံးတို့မှာ မြန်မာအပေါ် စွဲချက်တင်ထားတဲ့အမှုတွေအတွက် ကြားနာ စစ်ဆေးတာအပါအဝင် ရိုဟင်ဂျာအရေးအတွက် နိုင်ငံတကာတရားရုံးတွေမှာ ကြားနာစစ်ဆေးမှုတွေ အရှိန်ရလာနေပါတယ်။

https://burmese.voanews.com/a/rohingya-tunkhin-myanmar-genocide-brouk/6004230.html

 

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.