Breaking

August 12, 2021

ျမန္မာ့အေရး အာဆီယံကိုယ္စားလွယ္အေပၚ တုန႔္ျပန္မႈ အမ်ိဳးမ်ိဳးရွိေန

 


ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof ။
ZAWGYI/UNICODE

အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (ASEAN) က ေ႐ြးခ်ယ္လိုက္တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ကို ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ႀကိဳဆိုခဲ့ေပမယ့္လည္း ျမန္မာ အရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြက ကန႔္ကြက္ခဲ့ၾကသလို ေဒသတြင္း လႊတ္ေတာ္အမတ္ေတြကလည္း ေဝဖန္ေျပာဆိုခဲ့ၾကပါတယ္။

ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof ကို ျမန္မာ့အေရး အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ ၾသဂုတ္လ ၄ ရက္ေန႔မွာ ေ႐ြးခ်ယ္ခဲ့တာပါ။

NUG ေျပာခြင့္ရ၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ေဒါက္တာဆာဆာက "ျဖစ္ႏိုင္သမွ် သူေအာင္ျမင္မွာရတာ က်ေနာ္ ေသခ်ာေပါက္ျမင္ခ်င္ပါတယ္၊ အထူးကိုယ္စားလွယ္နဲ႔ ဆက္သြယ္ လုပ္ေဆာင္သြားဖို႔ က်ေနာ္တို႔ အဆင္သင့္ရွိေနပါတယ္" လို႔ ေျပာပါတယ္။ ဒါ့အျပင္ အထူးကိုယ္စားလွယ္ဟာ ျမန္မာ့အေရး ကူညီလုပ္ေဆာင္ဖို႔ အေကာင္းဆုံးအေနအထားမွာ ရွိေနပါတယ္လို႔လည္း ဆိုပါတယ္။

စစ္အာဏာသိမ္းၿပီးခ်ိန္ကတည္းကစၿပီး ဒုဝန္ႀကီး Erywan နဲ႔ သူ စကားေျပာဆိုခဲ့ၿပီးေတာ့ ဆက္သြယ္ေရး လမ္းေၾကာင္း ဖြင့္ထားတယ္လို႔လည္း ေဒါက္တာဆာဆာက ေျပာပါတယ္။

ဒါေပမယ့္လည္း ျမန္မာ့အေရးလုပ္ေဆာင္ေနတဲ့ အရပ္ဘက္ လူမႈအဖြဲ႕အစည္း ၄၀၀ ေက်ာ္ကေတာ့ ဒုဝန္ႀကီး Erywan ကို ေ႐ြးခ်ယ္ခန႔္အပ္တာမွာ NUG ရဲ႕သေဘာထားကို ဘာမွေျပာဆိုခြင့္ မေပးခဲ့တဲ့အတြက္ဆိုၿပီး ေသာၾကာေန႔က ပူးတြဲထုတ္ျပန္ခ်က္တခုမွာ ပယ္ခ်ထားပါတယ္။ အဖြဲ႕အစည္း ၄၀၀ ေက်ာ္လို႔ ဆိုေပမယ့္လည္း သူတို႔ရဲ႕လုံၿခဳံေရးအတြက္ဆိုၿပီး ဘယ္အဖြဲ႕ေတြလဲဆိုတာ အတိအက် ေဖာ္ျပမထားပါဘူး။

လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအဖြဲ႕ (APHR) ကလည္း ဒုဝန္ႀကီး Erywan ကို အထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္တဲ့အေပၚ ေဝဖန္ခဲ့ၾကပါတယ္။ အဓိကအေၾကာင္းကေတာ့ အထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္တဲ့အခ်ိန္မတိုင္ခင္ ဇြန္လက ျမန္မာႏိုင္ငံကို သြားေရာက္ခဲ့ခ်ိန္အတြင္း စစ္ေကာင္စီေခါင္းေဆာင္ေတြနဲ႔ပဲ ေတြ႕ဆုံခဲ့တာ၊ စစ္ေကာင္စီက ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲရလဒ္ကို အသိအမွတ္မျပဳဘဲ ေ႐ြးေကာက္ပြဲျပန္လုပ္မယ္လို႔ ေျပာထားတဲ့လမ္းေၾကာင္းအတိုင္း လိုက္ေျပာခဲ့တာေတြကို APHR က ေထာက္ျပထားပါတယ္။

အထူးကိုယ္စားလွယ္ Erywan က ျမန္မာႏိုင္ငံကို သူသြားတဲ့အခါ သက္ဆိုင္သူအားလုံးနဲ႔ ေတြ႕ဆုံခြင့္ရသင့္တယ္လို႔ ေျပာထားခဲ့ေပမယ့္ ဘယ္ေတာ့သြားမယ္ဆိုတာက ေရေရရာရာမရွိေသးပါဘူး။ စစ္ေကာင္စီေထခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေတာ့ အာဆီယံ အထူးကိုယ္စားလွယ္နဲ႔ လက္တြဲလုပ္ေဆာင္ဖို႔ သူ အဆင္သင့္ရွိေနတယ္လို႔ ေျပာထားပါတယ္။


UNICODE

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က ရွေးချယ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုခဲ့ပေမယ့်လည်း မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ကြသလို ဒေသတွင်း လွှတ်တော်အမတ်တွေကလည်း ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် သြဂုတ်လ ၄ ရက်နေ့မှာ ရွေးချယ်ခဲ့တာပါ။

NUG ပြောခွင့်ရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက "ဖြစ်နိုင်သမျှ သူအောင်မြင်မှာရတာ ကျနော် သေချာပေါက်မြင်ချင်ပါတယ်၊ အထူးကိုယ်စားလှယ်နဲ့ ဆက်သွယ် လုပ်ဆောင်သွားဖို့ ကျနော်တို့ အဆင်သင့်ရှိနေပါတယ်" လို့ ပြောပါတယ်။ ဒါ့အပြင် အထူးကိုယ်စားလှယ်ဟာ မြန်မာ့အရေး ကူညီလုပ်ဆောင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကတည်းကစပြီး ဒုဝန်ကြီး Erywan နဲ့ သူ စကားပြောဆိုခဲ့ပြီးတော့ ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားတယ်လို့လည်း ဒေါက်တာဆာဆာက ပြောပါတယ်။

ဒါပေမယ့်လည်း မြန်မာ့အရေးလုပ်ဆောင်နေတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၄၀၀ ကျော်ကတော့ ဒုဝန်ကြီး Erywan ကို ရွေးချယ်ခန့်အပ်တာမှာ NUG ရဲ့သဘောထားကို ဘာမှပြောဆိုခွင့် မပေးခဲ့တဲ့အတွက်ဆိုပြီး သောကြာနေ့က ပူးတွဲထုတ်ပြန်ချက်တခုမှာ ပယ်ချထားပါတယ်။ အဖွဲ့အစည်း ၄၀၀ ကျော်လို့ ဆိုပေမယ့်လည်း သူတို့ရဲ့လုံခြုံရေးအတွက်ဆိုပြီး ဘယ်အဖွဲ့တွေလဲဆိုတာ အတိအကျ ဖော်ပြမထားပါဘူး။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) ကလည်း ဒုဝန်ကြီး Erywan ကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တဲ့အပေါ် ဝေဖန်ခဲ့ကြပါတယ်။ အဓိကအကြောင်းကတော့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တဲ့အချိန်မတိုင်ခင် ဇွန်လက မြန်မာနိုင်ငံကို သွားရောက်ခဲ့ချိန်အတွင်း စစ်ကောင်စီခေါင်းဆောင်တွေနဲ့ပဲ တွေ့ဆုံခဲ့တာ၊ စစ်ကောင်စီက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ပြောထားတဲ့လမ်းကြောင်းအတိုင်း လိုက်ပြောခဲ့တာတွေကို APHR က ထောက်ပြထားပါတယ်။

အထူးကိုယ်စားလှယ် Erywan က မြန်မာနိုင်ငံကို သူသွားတဲ့အခါ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရ သင့်တယ်လို့ ပြောထားခဲ့ပေမယ့် ဘယ်တော့သွားမယ်ဆိုတာက ရေရေရာရာမရှိသေးပါဘူး။ စစ်ကောင်စီထေခါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ လက်တွဲလုပ်ဆောင်ဖို့ သူ အဆင်သင့်ရှိနေတယ်လို့ ပြောထားပါတယ်။

 https://burmese.voanews.com/a/special-envoy-draws-mixed-reception/5998627.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.