Breaking

October 6, 2021

Facebook ေၾကာင္႔ အမုန္းတရားပ်ံ႔ႏွံ႔မႈ နမူနာထဲ ျမန္မာႏိုင္ငံပါဝင္

 


(Zawgyi / Unicode)

Facebook ရဲ႕ က်င့္၀တ္နဲ႔မညီတဲ့ လုပ္ရပ္ေတြကို ေဖၚထုတ္ခဲ့သူ Facebook ထုတ္လုပ္ေရး မန္ေနဂ်ာေဟာင္း Frances Haugen ကေန အဂၤါေန႔က ျပဳလုပ္တဲ့ အေမရိကန္ အထက္လႊတ္ေတာ္ ၾကားနာပဲြမွာ- Facebook ေၾကာင့္ အမုန္းစကားပြားမ်ားမႈေတြ ေၾကာက္ခမန္းလိလိ ျဖစ္ေပၚခဲ့တဲ့ ျမန္မာႏိုင္ငံကို ဥပမာေပးေျပာသြားပါတယ္။

သူထြက္ဆိုခဲ့တဲ့အတိုင္း ျမန္မာႏိုင္ငံမွာ အမုန္းစကားအျပင္ ျမန္မာစစ္တပ္က လူမ်ဳိးတုန္းသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ အေျခအေနမွာေတာင္ အမ်ားျပည္သူရဲ႕ ေထာက္ခံမႈရခဲ့တဲ့ အေၾကာင္းအရင္းထဲမွာ Facebook လည္းပါ၀င္ခဲ့ေၾကာင္း လူ႔အခြင့္အေရးလႈပ္ရွားေနသူ မေ၀ေ၀ႏုက ဗြီအိုေအကိုေျပာပါတယ္။ မအင္ၾကင္းႏိုင္က အေၾကာင္းစံုကို တင္ျပမွာပါ။

Facebook Whistleblower အလုပ္ဌာနအတြင္း က်င့္၀တ္နဲ႔ မညီလုပ္ရပ္ေတြကို အမ်ားျပည္သူ သိေအာင္ ထုတ္ေဖၚေျပာဆိုသူ ထုတ္လုပ္ေရး မန္ေနဂ်ာေဟာင္း Frances Haugen ရဲ႕ အဂၤါေန႔က အထက္လႊတ္ေတာ္ၾကားနားပဲြမွာ- ျမန္မာနဲ႔ အီသီယိုပီးယားလို ႏိုင္ငံေတြမွာ ႏိုင္ငံေရးအရ အမုန္းစကားေတြ အလြန္အမင္း ပ်ံ႔ႏွံ႔ေအာင္ အျပင္ လူမႈအဖဲြ႕အစည္းေတြအေပၚမွာ အႀကီးအက်ယ္ လႊမ္းမိုးခဲ့တာနဲ႔ ပတ္သက္လို႔ အခုလို ထြက္ဆိုသြားပါတယ္။

“ျမန္မာႏိုင္ငံမွာ က်မတို႔ ျမင္ေတြ႕ခဲ့ရတာ၊ အခု အီသီယိုးပီးယား ႏိုင္ငံမွာလည္း ျမင္ေနရတဲ့ အရာေတြဟာ ေၾကာက္စရာေကာင္းလြန္းတဲ့ ဇာတ္လမ္းတပုဒ္ရဲ႕ အစပိုင္း အခန္းေတြဘဲ ရွိပါေသးတယ္။ ဘယ္သူမွ ဒီဇာတ္လမ္း အဆံုးသတ္မွာကို မျမင္ခ်င္ၾကပါဘူး။ Facebook ကုမၸဏီက စည္းမ်ဥ္းစည္းကမ္းေတြကို လွည့္ကြက္အေနနဲ႔ ကစားေနတာေတြ၊ အခုခ်ိန္ထိ ထိခိုက္နစ္နာမႈမ်ားစြာျဖစ္ေပၚေစတာေတြကို လႊတ္ေတာ္အေနနဲ႔ ေျပာင္းလဲႏိုင္ပါတယ္။”

Facebook ရဲ႕ က်င့္၀တ္နဲ႔ မညီတဲ့လုပ္ရပ္ေတြ၊ ဆိုးက်ဳိးသက္ေရာက္မႈေတြကို ေဖၚထုတ္ရာမွာ သူ႔အေနနဲ႔ အႏၲရာယ္ရွိေပမဲ့ ဒါေတြကို ရပ္တန္႔ေအာင္လုပ္ဖို႔ အခ်ိန္ရွိေသးတယ္ဆိုတဲ့ ယံုၾကည္ခ်က္နဲ႔ ေဆာင္ရြက္ခဲ့တာျဖစ္ေၾကာင္း Frances Haugen က ၾကားနာပဲြမွာ အခုလို ေျပာသြားပါတယ္။

“Facebook ရဲ႕ အဖ်က္သေဘာ သက္ေရာက္မႈနဲ႔ ပတ္သက္လို႔ အမွန္တရားကို က်မတို႔ အခု သိၾကရပါၿပီ။ လႊတ္ေတာ္အမတ္ေတြ၊ security နဲ႔ exchange ေကာ္မရွင္ အဖဲြ႕၀င္ေတြ အေနနဲ႔ ဒီကိစၥေတြအေပၚ အေလးအနက္ထား ခ်ဥ္းကပ္ကိုင္တြယ္မႈ အတြက္ က်မ တကယ္ပဲ ေက်းဇူးတင္ပါတယ္။ ဒါကို ရပ္တန္႔ေအာင္ လုပ္ဖို႔ အခ်ိန္ရွိေသးတယ္လို႔ က်မယံုၾကည္တဲ့အတြက္ ပုဂၢိဳလ္ေရးအရ အႏၲရာယ္ ႀကီးႀကီးမားမားနဲ႔ ရင္ဆိုင္ရေပမယ့္ က်မ ေရွ႕ဆက္ၿပီး ေဆာင္ရြက္ခဲ့တာပါ။”

အခုလို Frances Haugen ရဲ႕ ထြက္ဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ ျမန္မာ့လူ႔အခြင့္အေရးလႈပ္ရွားမႈမွာ ထင္ရွားသူလည္းျဖစ္ အမ်ဳိးသမီးၿငိမ္းခ်မ္းေရး ကြန္ရက္ကို တည္ေထာင္သူလည္းျဖစ္တဲ့ မေ၀ေ၀ႏုက အခုလို ေျပာပါတယ္။

“ မစၥ Haugen ရဲ႕ ရွင္းျပခ်က္ေတြမွာ Facebook ရဲ႕ ဒီ လူ႔အဖြဲ႔အစည္းေပၚမွာ ဆိုးက်ိဳး သက္ေရာက္မႈေတြကို သူရွင္းျပတဲ႔ အခါမွာ အမုန္းတရား ျဖန္႔ခ်ိမႈေတြလည္း ပါသလို တျခားေသာ လူငယ္ေတြ၊ အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြ အေပၚမွာ သက္ေရာက္မႈေတြနဲ႔ တျခား mental health ဆိုင္ရာ ဆိုးက်ိဳးသက္ေရာက္မႈေတြ အစံုအလင္ ရွင္းျပသြားခဲ႔တယ္ေပါ့ေနာ္။ က်မတို႔ သတိထားမိတဲ႔ အခ်က္က အထူးသျဖင့္ ပဋိပကၡ ျဖစ္ေနတဲ႔ ေဒသေတြမွာ ဆိုလို႔ ရွိရင္ ေျဖရွင္းႏိုင္တဲ႔ ေပၚလစီေတြ မရွိခဲ႔ဘူး။ အခုအခ်ိန္ထိလည္း မရွိေသးဘူးဆိုတာကို သူေျပာသြားတာေပါ့။ ”

မအင္ၾကင္းႏိုင္ ။ ။ မေ၀ေ၀ႏုကိုယ္တိုင္ အရင္က ျမန္မာႏိုင္ငံထဲမွာ အမုန္းတရားမျပန္႔ပြားဖို႔ လူငယ္လႈပ္ရွားမႈေတြကို ဦးေဆာင္ခဲ့တာဆိုေတာ့ Frances Haugen ေျပာသြားတဲ့အထဲမွာ ျမန္မာႏိုင္ငံမွာ အမုန္းစကားပြားမ်ားမႈေတြ ေၾကာက္ခမန္းလိလိျဖစ္ခဲ့တဲ့အေၾကာင္းအရင္းထဲမွာ Facebook အေနနဲ႔ တာ၀န္ရွိေနတယ္ဆိုတဲ့ ကိစၥမွာ Facebook က ဘယ္ေလာက္ထိ လႊမ္းမိုးခဲ့သလဲရွင္။

မေ၀ေ၀ႏု ။ ။လူေတြေပၚမွာ လႊမ္းမိုးမႈေတြ ဘယ္ေလာက္ထိ ရွိခဲ႔လဲ႔လို႔ က်မတို႔ ေျပာမယ္ဆိုလို႔ ရွိရင္ အခုအခ်ိန္ထိ ျမန္မာျပည္လို ႏိုင္ငံမ်ိဳးဟာ ဆိုလို႔ ရွိရင္ ျပည္သူအမ်ားစုဟာ Facebook ကို သတင္းမီဒီယာ - Only သတင္းမီဒီယာေပါ့ေနာ္ တခုတည္းေသာ သတင္းမီဒီယာ အေနနဲ႔ သူတို႔က ခံယူၿပီးေတာ့ သံုးစြဲတာကိုး။

ဒါကို Social Media ျဖစ္တယ္။ လူေတြဟာ သူတို႔ရဲ႕ Social Life ေတြကို Social အေၾကာင္းေတြကို ေဆြးေႏြးတဲ႔ ေနရာ ျဖစ္တယ္ ဆိုတဲ႔ဟာကို မသိၾကဘဲနဲ႔ ဒါ သတင္းမီဒီယာ တခုလို႔ ထင္မွတ္မွားၿပီးေတာ့ Facebook ထဲမွာ လူေတြ တင္လာတဲ႔ဟာ မွန္သမွ်ကို ယံုၾကည္ၿပီးေတာ့ Facebook ကို ေစာန ေျပာသလို သတင္းမီဒီယာ တခု အေနနဲ႔ ယံုၾကည္တဲ႔ အခါက်ေတာ့ Facebook မွာ တက္လာတဲ႔ အရာ အားလံုးသည္ အမ်ားျပည္သူက ယံုၾကည္ၿပီးေတာ့ အမုန္းတရားေတြ ျဖန္႔ေ၀မႈေတြဟာ အရမ္းကို ထိထိေရာက္ေရာက္နဲ႔ ဒီ စစ္အာဏာရွင္ စစ္အုပ္ခ်ဳပ္ေရးကေန လုပ္ႏိုင္ခဲ႔တာ ျဖစ္တယ္ေပါ့ေနာ္။

ဆိုေတာ့ အဲဒီ အတြက္ေၾကာင့္မို႔လို႔ က်မတို႔ဟာ က်မတို႔ တိုင္းျပည္မွာ ဆိုလို႔ ရွိရင္ အမုန္းတရားေတြ အရမ္း ေပါမ်ားသြားၿပီးေတာ့ ဒီလိုမ်ိဳး လူမ်ိဳးတုန္း သတ္ျဖတ္မႈေတြ ျဖစ္လာေနခဲ႔တဲ႔ အခ်ိန္မွာ ေတာင္မွ အမ်ားျပည္သူရဲ႕ ေထာက္ခံမႈကို ရေနခဲ႔တာ ျဖစ္တယ္ေပါ့။ ဆိုေတာ့ ဒါဟာ အင္မတန္မွ တိုင္းျပည္ အတြက္ နစ္နာတယ္။ က်မတို႔ လူ႔အဖြဲ႔အစည္း အတြက္ နစ္နာခဲ႔တဲ႔ လုပ္ရပ္ ျဖစ္တယ္ေပါ့။

ICJ ႏိုင္ငံတကာတရားရံုးမွာ ျမန္မာအေနနဲ႔ လူမ်ဳိးတုန္း သတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ ဂမ္ဘီယာႏိုင္ငံရဲ႕ စဲြခ်က္နဲ႔ ပတ္သက္လို႔ Facebook အေနနဲ႔ အခ်က္အလက္ေတြ ထုတ္ေပးဖို႔ အေမရိကန္ တရားရံုး တရံုးကလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ေတြ အတြင္း အမိန္႔ ခ်မွတ္ထားပါတယ္။

အဂၤါေန႔က အေမရိကန္အထက္လႊတ္ေတာ္မွာ Facebook ရဲ႕ က်င့္၀တ္မညီတဲ့ လုပ္ရပ္ေတြကို ထြက္ဆိုခဲ့တဲ့ Facebook မန္ေနဂ်ာေဟာင္း Frances Haugen ကေတာ့ သူ႔အလုပ္ရွင္ေဟာင္းကုမၸဏီ ျပဳလုပ္ခဲ့တဲ့ ျပႆနာ ဆိုးက်ဳိးေတြကို ေျဖရွင္းဖို႔၊ ဥပေဒကို လက္တလံုးျခား ကစားေနတာေတြကို ရပ္တန္႔ဖို႔ လႊတ္ေတာ္အမတ္ေတြ အေနနဲ႔ မျဖစ္မေန ၾကား၀င္ေဆာင္ရြက္ေရး တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

(Unicode)

Facebook ကြောင့် အမုန်းတရားပျံ့နှံ့မှု နမူနာထဲ မြန်မာနိုင်ငံပါဝင်

Facebook ရဲ့ ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ရပ်တွေကို ဖေါ်ထုတ်ခဲ့သူ Facebook ထုတ်လုပ်ရေး မန်နေဂျာဟောင်း Frances Haugen ကနေ အင်္ဂါနေ့က ပြုလုပ်တဲ့ အမေရိကန် အထက်လွှတ်တော် ကြားနာပွဲမှာ- Facebook ကြောင့် အမုန်းစကားပွားများမှုတွေ ကြောက်ခမန်းလိလိ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံကို ဥပမာပေးပြောသွားပါတယ်။

သူထွက်ဆိုခဲ့တဲ့အတိုင်း မြန်မာနိုင်ငံမှာ အမုန်းစကားအပြင် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အခြေအနေမှာတောင် အများပြည်သူရဲ့ ထောက်ခံမှုရခဲ့တဲ့ အကြောင်းအရင်းထဲမှာ Facebook လည်းပါဝင်ခဲ့ကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသူ မဝေေ၀နုက ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

Facebook Whistleblower အလုပ်ဌာနအတွင်း ကျင့်ဝတ်နဲ့ မညီလုပ်ရပ်တွေကို အများပြည်သူ သိအောင် ထုတ်ဖေါ်ပြောဆိုသူ ထုတ်လုပ်ရေး မန်နေဂျာဟောင်း Frances Haugen ရဲ့ အင်္ဂါနေ့က အထက်လွှတ်တော်ကြားနားပွဲမှာ- မြန်မာနဲ့ အီသီယိုပီးယားလို နိုင်ငံတွေမှာ နိုင်ငံရေးအရ အမုန်းစကားတွေ အလွန်အမင်း ပျံ့နှံ့အောင် အပြင် လူမှုအဖွဲ့အစည်းတွေအပေါ်မှာ အကြီးအကျယ် လွှမ်းမိုးခဲ့တာနဲ့ ပတ်သက်လို့ အခုလို ထွက်ဆိုသွားပါတယ်။

“မြန်မာနိုင်ငံမှာ ကျမတို့ မြင်တွေ့ခဲ့ရတာ၊ အခု အီသီယိုးပီးယား နိုင်ငံမှာလည်း မြင်နေရတဲ့ အရာတွေဟာ ကြောက်စရာကောင်းလွန်းတဲ့ ဇာတ်လမ်းတပုဒ်ရဲ့ အစပိုင်း အခန်းတွေဘဲ ရှိပါသေးတယ်။ ဘယ်သူမှ ဒီဇာတ်လမ်း အဆုံးသတ်မှာကို မမြင်ချင်ကြပါဘူး။ Facebook ကုမ္ပဏီက စည်းမျဉ်းစည်းကမ်းတွေကို လှည့်ကွက်အနေနဲ့ ကစားနေတာတွေ၊ အခုချိန်ထိ ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်စေတာတွေကို လွှတ်တော်အနေနဲ့ ပြောင်းလဲနိုင်ပါတယ်။”

Facebook ရဲ့ ကျင့်ဝတ်နဲ့ မညီတဲ့လုပ်ရပ်တွေ၊ ဆိုးကျိုးသက်ရောက်မှုတွေကို ဖေါ်ထုတ်ရာမှာ သူ့အနေနဲ့ အန္တရာယ်ရှိပေမဲ့ ဒါတွေကို ရပ်တန့်အောင်လုပ်ဖို့ အချိန်ရှိသေးတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း Frances Haugen က ကြားနာပွဲမှာ အခုလို ပြောသွားပါတယ်။

“Facebook ရဲ့ အဖျက်သဘော သက်ရောက်မှုနဲ့ ပတ်သက်လို့ အမှန်တရားကို ကျမတို့ အခု သိကြရပါပြီ။ လွှတ်တော်အမတ်တွေ၊ security နဲ့ exchange ကော်မရှင် အဖွဲ့ဝင်တွေ အနေနဲ့ ဒီကိစ္စတွေအပေါ် အလေးအနက်ထား ချဉ်းကပ်ကိုင်တွယ်မှု အတွက် ကျမ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါကို ရပ်တန့်အောင် လုပ်ဖို့ အချိန်ရှိသေးတယ်လို့ ကျမယုံကြည်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရ အန္တရာယ် ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရပေမယ့် ကျမ ရှေ့ဆက်ပြီး ဆောင်ရွက်ခဲ့တာပါ။”

အခုလို Frances Haugen ရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားမှုမှာ ထင်ရှားသူလည်းဖြစ် အမျိုးသမီးငြိမ်းချမ်းရေး ကွန်ရက်ကို တည်ထောင်သူလည်းဖြစ်တဲ့ မဝေေ၀နုက အခုလို ပြောပါတယ်။

“ မစ္စ Haugen ရဲ့ ရှင်းပြချက်တွေမှာ Facebook ရဲ့ ဒီ လူ့အဖွဲ့အစည်းပေါ်မှာ ဆိုးကျိုး သက်ရောက်မှုတွေကို သူရှင်းပြတဲ့ အခါမှာ အမုန်းတရား ဖြန့်ချိမှုတွေလည်း ပါသလို တခြားသော လူငယ်တွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပေါ်မှာ သက်ရောက်မှုတွေနဲ့ တခြား mental health ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေ အစုံအလင် ရှင်းပြသွားခဲ့တယ်ပေါ့နော်။ ကျမတို့ သတိထားမိတဲ့ အချက်က အထူးသဖြင့် ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေမှာ ဆိုလို့ ရှိရင် ဖြေရှင်းနိုင်တဲ့ ပေါ်လစီတွေ မရှိခဲ့ဘူး။ အခုအချိန်ထိလည်း မရှိသေးဘူးဆိုတာကို သူပြောသွားတာပေါ့။ ”

မအင်ကြင်းနိုင် ။ ။ မဝေေ၀နုကိုယ်တိုင် အရင်က မြန်မာနိုင်ငံထဲမှာ အမုန်းတရားမပြန့်ပွားဖို့ လူငယ်လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တာဆိုတော့ Frances Haugen ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ အမုန်းစကားပွားများမှုတွေ ကြောက်ခမန်းလိလိဖြစ်ခဲ့တဲ့အကြောင်းအရင်းထဲမှာ Facebook အနေနဲ့ တာဝန်ရှိနေတယ်ဆိုတဲ့ ကိစ္စမှာ Facebook က ဘယ်လောက်ထိ လွှမ်းမိုးခဲ့သလဲရှင်။

မဝေေ၀နု ။ ။လူတွေပေါ်မှာ လွှမ်းမိုးမှုတွေ ဘယ်လောက်ထိ ရှိခဲ့လဲ့လို့ ကျမတို့ ပြောမယ်ဆိုလို့ ရှိရင် အခုအချိန်ထိ မြန်မာပြည်လို နိုင်ငံမျိုးဟာ ဆိုလို့ ရှိရင် ပြည်သူအများစုဟာ Facebook ကို သတင်းမီဒီယာ - Only သတင်းမီဒီယာပေါ့နော် တခုတည်းသော သတင်းမီဒီယာ အနေနဲ့ သူတို့က ခံယူပြီးတော့ သုံးစွဲတာကိုး။

ဒါကို Social Media ဖြစ်တယ်။ လူတွေဟာ သူတို့ရဲ့ Social Life တွေကို Social အကြောင်းတွေကို ဆွေးနွေးတဲ့ နေရာ ဖြစ်တယ် ဆိုတဲ့ဟာကို မသိကြဘဲနဲ့ ဒါ သတင်းမီဒီယာ တခုလို့ ထင်မှတ်မှားပြီးတော့ Facebook ထဲမှာ လူတွေ တင်လာတဲ့ဟာ မှန်သမျှကို ယုံကြည်ပြီးတော့ Facebook ကို စောန ပြောသလို သတင်းမီဒီယာ တခု အနေနဲ့ ယုံကြည်တဲ့ အခါကျတော့ Facebook မှာ တက်လာတဲ့ အရာ အားလုံးသည် အများပြည်သူက ယုံကြည်ပြီးတော့ အမုန်းတရားတွေ ဖြန့်ဝေမှုတွေဟာ အရမ်းကို ထိထိရောက်ရောက်နဲ့ ဒီ စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးကနေ လုပ်နိုင်ခဲ့တာ ဖြစ်တယ်ပေါ့နော်။

ဆိုတော့ အဲဒီ အတွက်ကြောင့်မို့လို့ ကျမတို့ဟာ ကျမတို့ တိုင်းပြည်မှာ ဆိုလို့ ရှိရင် အမုန်းတရားတွေ အရမ်း ပေါများသွားပြီးတော့ ဒီလိုမျိုး လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်လာနေခဲ့တဲ့ အချိန်မှာ တောင်မှ အများပြည်သူရဲ့ ထောက်ခံမှုကို ရနေခဲ့တာ ဖြစ်တယ်ပေါ့။ ဆိုတော့ ဒါဟာ အင်မတန်မှ တိုင်းပြည် အတွက် နစ်နာတယ်။ ကျမတို့ လူ့အဖွဲ့အစည်း အတွက် နစ်နာခဲ့တဲ့ လုပ်ရပ် ဖြစ်တယ်ပေါ့။

ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာအနေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်နဲ့ ပတ်သက်လို့ Facebook အနေနဲ့ အချက်အလက်တွေ ထုတ်ပေးဖို့ အမေရိကန် တရားရုံး တရုံးကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း အမိန့် ချမှတ်ထားပါတယ်။ အင်္ဂါနေ့က အမေရိကန်အထက်လွှတ်တော်မှာ Facebook ရဲ့ ကျင့်ဝတ်မညီတဲ့ လုပ်ရပ်တွေကို ထွက်ဆိုခဲ့တဲ့ Facebook မန်နေဂျာဟောင်း Frances Haugen ကတော့ သူ့အလုပ်ရှင်ဟောင်းကုမ္ပဏီ ပြုလုပ်ခဲ့တဲ့ ပြဿနာ ဆိုးကျိုးတွေကို ဖြေရှင်းဖို့၊ ဥပဒေကို လက်တလုံးခြား ကစားနေတာတွေကို ရပ်တန့်ဖို့ လွှတ်တော်အမတ်တွေ အနေနဲ့ မဖြစ်မနေ ကြားဝင်ဆောင်ရွက်ရေး တိုက်တွန်းပြောကြားခဲ့ပါတယ်။ 

 https://burmese.voanews.com/a/facebook-hate-speech-on-myanmar/6258668.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.