Breaking

October 6, 2021

ျမန္မာႏိုင္ငံဆိုင္ရာ ဥပေဒၾကမ္းတရပ္ ကန္ေအာက္လႊတ္ေတာ္မွာ အဆိုျပဳ


ဓာတ္ပံု - House Foreign Affairs Committee Facebook
(Zawgyi / Unicode)

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ အေရးယူေဆာင္ရြက္မယ့္ ဥပေဒၾကမ္းတရပ္ကို အေမရိကန္ ေအာက္လႊတ္ေတာ္မွာ တင္သြင္းလိုက္ပါတယ္။

“Burma Unified through Rigorous Military Accountability Act of 2021” လို႔ အမည္ေပးထားၿပီး ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာ ေကာ္မတီက အဂၤါေန႔မွာ တင္သြင္းလိုက္တဲ့ ဥပေဒၾကမ္းမွာေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းတာကို ျပစ္တင္႐ႈတ္ခ်လိုက္ၿပီး စစ္တပ္နဲ႔ စစ္ေကာင္စီ သာမက ပတ္သက္ဆက္ႏြယ္ေနတဲ့ လုပ္ငန္းေတြကိုပါ ပစ္မွတ္ထား အေရးယူဖို႔ ထည့္သြင္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ ႏွစ္နဲ႔ခ်ီ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈေတြနဲ႔အတူ အတိမ္းအေစာင္း မခံတဲ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး လုပ္ငန္းေတြကို ေသြဖည္ၿပီး ျမန္မာစစ္တပ္က ဥပေဒမဲ့ အာဏာသိမ္းယူခဲ့တာ လနဲ႔ခ်ီရွိလာေနခ်ိန္မွာ အၾကမ္းဖက္လုပ္ရပ္ေတြကို ရပ္တန္႔ဖို႔၊ မတရားဖမ္းထားသူေတြ ျပန္လႊတ္ဖို႔နဲ႔ သက္ဆိုင္သူေတြနဲ႔ အဓိပၸါယ္ရွိတဲ့ ေဆြးေႏြးမႈေတြလုပ္ဖို႔ အေမရိကန္နဲ႔ ႏိုင္ငံတကာ အသိုင္းအ၀န္းရဲ႕ တိုက္တြန္းေနေပမဲ႔ စစ္တပ္က ျငင္းပယ္ေနတယ္လို႔လည္း ဥပေဒကို ပူးတဲြအဆိုျပဳခဲ့တဲ့ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာ ေကာ္မတီဥကၠ႒ ဒီမိုကရက္ကိုယ္စားလွယ္ Gregory Meeks က ထုတ္ျပန္ခ်က္မွာ ေျပာဆိုခဲ့တာပါ။

၂၀၂၁ ခုႏွစ္ ျမန္မာႏိုင္ငံဆိုင္ရာ ဥပေဒၾကမ္းမွာေတာ့ စစ္အာဏာသိမ္းမႈနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ တာ၀န္ရွိသူေတြကို ဒဏ္ခတ္အေရးယူဖို႔၊ ျမန္မာႏိုင္ငံက တင္ပို႔တဲ့ ေက်ာက္မ်က္ေတြ အေမရိကန္ကို တင္ပို႔ခြင့္ တားျမစ္ဖို႔၊ ျမန္မာႏိုင္ငံဆိုင္ရာ ညႇိႏႈိင္းေရးမွဴးကို တာ၀န္ေပးဖို႔ ကုလသမဂၢက ထိေရာက္တဲ့ အေရးယူမႈေတြလုပ္ေအာင္ အေမရိကန္က ဖိအားေပးဖို႔ေတြ ထည့္သြင္းထားပါတယ္။

လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖဲြ႕တခုျဖစ္တဲ့ Global Witness ကေတာ့ အေမရိကန္ လႊတ္ေတာ္မွာ ဥပေဒတင္သြင္းလိုက္တဲ့အေပၚ ႀကိဳဆိုလိုက္ၿပီး စစ္တပ္က ထိန္းခ်ဳပ္ထားၿပီး ႏွစ္စဥ္ ေဒၚလာသန္း ၁,၀၀၀ ေက်ာ္ ၀င္ေငြရေနတဲ့ ဓာတ္ေငြ႕လုပ္ငန္းကိုပါ ပစ္မွတ္ထား ဒဏ္ခတ္ဖို႔နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ ဥပေဒကို အျမန္ဆုံး အတည္ျပဳဖို႔လည္း တိ္ုက္တြန္းထားပါတယ္။


(Unicode)

မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်းတရပ် ကန်အောက်လွှတ်တော်မှာ အဆိုပြု

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်မယ့် ဥပဒေကြမ်းတရပ်ကို အမေရိကန် အောက်လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

“Burma Unified through Rigorous Military Accountability Act of 2021” လို့ အမည်ပေးထားပြီး အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက အင်္ဂါနေ့မှာ တင်သွင်းလိုက်တဲ့ ဥပဒေကြမ်းမှာတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတာကို ပြစ်တင်ရှုတ်ချလိုက်ပြီး စစ်တပ်နဲ့ စစ်ကောင်စီ သာမက ပတ်သက်ဆက်နွယ်နေတဲ့ လုပ်ငန်းတွေကိုပါ ပစ်မှတ်ထား အရေးယူဖို့ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်နဲ့ချီ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အတိမ်းအစောင်း မခံတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို သွေဖည်ပြီး မြန်မာစစ်တပ်က ဥပဒေမဲ့ အာဏာသိမ်းယူခဲ့တာ လနဲ့ချီရှိလာနေချိန်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့၊ မတရားဖမ်းထားသူတွေ ပြန်လွှတ်ဖို့နဲ့ သက်ဆိုင်သူတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ တိုက်တွန်းနေပေမဲ့ စစ်တပ်က ငြင်းပယ်နေတယ်လို့လည်း ဥပဒေကို ပူးတွဲအဆိုပြုခဲ့တဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဒီမိုကရက်ကိုယ်စားလှယ် Gregory Meeks က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်းမှာတော့ စစ်အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူဖို့၊ မြန်မာနိုင်ငံက တင်ပို့တဲ့ ကျောက်မျက်တွေ အမေရိကန်ကို တင်ပို့ခွင့် တားမြစ်ဖို့၊ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးကို တာဝန်ပေးဖို့ ကုလသမဂ္ဂက ထိရောက်တဲ့ အရေးယူမှုတွေလုပ်အောင် အမေရိကန်က ဖိအားပေးဖို့တွေ ထည့်သွင်းထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Global Witness ကတော့ အမေရိကန် လွှတ်တော်မှာ ဥပဒေတင်သွင်းလိုက်တဲ့အပေါ် ကြိုဆိုလိုက်ပြီး စစ်တပ်က ထိန်းချုပ်ထားပြီး နှစ်စဉ် ဒေါ်လာသန်း ၁,၀၀၀ ကျော် ဝင်ငွေရနေတဲ့ ဓာတ်ငွေ့လုပ်ငန်းကိုပါ ပစ်မှတ်ထား ဒဏ်ခတ်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကို အမြန်ဆုံး အတည်ပြုဖို့လည်း တိုက်တွန်းထားပါတယ်။ 

https://burmese.voanews.com/a/burma-unified-through-rigorous-military-accountability-act-2021/6259042.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.