
ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအပေါ် သြစတြေးလျ နိုင်ငံက ပိတ်ဆို့အရေး
ယူမှု အသစ်တရပ်ကို ထပ်မံပြဌာန်းလိုက်ကြောင်း အင်္ဂါနေ့မှာ ထုတ်ပြန်
ကြေညာပါတယ်။
ရုရှားရဲ့ ဝါဒဖြန့်ချိရေးနဲ့ မမှန် သတင်း ထုတ်လွှင့်မှုတွေကို လုပ်ဆောင်
ပေးနေသူတွေ အပါအဝင် ရုရှားရဲ့ အဓိက အကျိုးစီးပွားကို ဖော်ဆောင်ပေးနေသူ ၁၀
ဦးကို ထပ်မံ အရေးယူလိုက်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Marise
Payne ကကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်း အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ရုရှားတွေကို လူမျိုးတုန်းသတ်ဖြတ်နေတဲ့ နာဇီစနစ်ကို တိုက်ဖျက်ဖို့ ရုရှားက ယူကရိန်းကို တိုက်ခိုက်ရတာပါ ဆိုပြီး ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တာကို တရားဝင်အောင် မမှန်မကန် လုပ်ကြံသတင်းလွှင့်နေပြီး Donetsk နဲ့ Luhansk ဒေသ လွတ်လပ်ရေးတွေကို အသိအမှတ်ပြုဖို့ ဝါဒဖြန့်ချိရေး လုပ်ဆောင်နေသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုရှား စစ်တပ်တွေကိုလည်း ငွေကြေးဆိုင်ရာ ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ ဒါကြောင့် ရုရှား စစ်တပ်ကို ပစ္စည်းတင်သွင်းနေတဲ့ ကုမ္ပဏီတွေကို သြစတြေးလျ ကနေ တင်ပို့ရောင်းချခွင့်ကိုပါ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားစစ်တပ်တွေကိုလည်းငွေကြေးဆိုင်ရာပိတ်ဆို့အရေးယူလိုက်ပါ တယ်။
ယူကရိန်းကို တိုက်ခိုက်ရာမှာ ကြည်း၊ ရေ၊ လေ တာဝန်ရှိသူ ရုရှား
စစ်တပ်အကြီးအကဲ ၆ ဦးကိုလည်း ငွေကြေးနဲ့ ခရီးသွားလာခွင့်တွေ ဒဏ်ခတ်အရေးယူ
လိုက်ပါတယ်။
ဒါ့အပြင် သြစတြေးလျက ရေနံချက်ကုမ္ပဏီ Viva က ရုရှားရေနံစိမ်းတွေ ဝယ်ယူတော့မှာ မဟုတ်ဘူးလို့ အင်္ဂါနေ့မှာဘဲ ကြေညာခဲ့ပါတယ်။ သြစတြေးလျရဲ့ နောက်ထပ် ရေနံချက်လုပ်ငန်း ကုမ္ပဏီဖြစ်တဲ့ Ampol ကတော့ရုရှား-ယူကရိန်းပဋိပက္ခ စတင်ကတည်းက ရုရှားရေနံစိမ်းတွေ ဝယ်ယူတာကို ရပ်ဆိုင်း ထားခဲ့ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.