Breaking

March 5, 2022

ယူကရိန်းကို ရုရှားကျူးကျော်မှု ကုလလူ့အခွင့်ရေးကောင်စီ စုံစမ်းရေးကော်မရှင်ဖွဲ့စုံစမ်းမည်


အဖွဲ့ဝင် ၄၇ ဦးပါဝင်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UNHRC က၊ ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားကိုပြတ်ပြတ်သားသားရှုံချလိုက်ပြီး၊ ရုရှား ကျူးကျော်တိုက်ခိုက်မှုအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေ နဲ့ နိုင်ငံတကာ လူသားခြင်းစာနာမှုဥပဒေတွေ ချိုးဖေါက်တာတွေကို စုံစမ်းစစ်ဆေး သွားဖို့ သောကြာ နေ့က ဆုံးဖြတ် ကြေညာလိုက်ပါတယ်။

ဒီအဆိုကိုအဖွဲ့ဝင်နိုင်ငံတွေ မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။ ၃၂ နှစ်နိုင်ငံကထောက်ခံပြီး၊ ရုရှားနဲ့ အီရီကြီးယား ၂ နိုင်ငံကကန့်ကွက်ခဲ့ပါတယ်။ ကျန် ၁၃ နိုင်ငံက တော့မဲမပေးဘဲနေခဲ့ပါတယ်။

ရုရှားဟာအထီးကျန်နေပြီး၊ သူရဲ့မဟာမိတ်တွေဖြစ်တဲ့ တရုတ်၊ ကျူးဘား၊ ဗင်နီဇွဲလားနိုင်ငံတွေကတောင် ကန် ကွက်တာမျိုးမလုပ်ဘဲ၊ မဲမပေးဘဲသာနေခဲ့ ကြပါတယ်။

ဘဲလာရုစ်နိုင်ငံကတော့ အဖွဲဝင်မဟုတ်တဲ့အတွက် မဲပေးခွင့်မရပါဘူး။ ဒါပေမယ့် ရုရှားဘက်ကနေ ခုခံပြောဆိုခဲ့ပါတယ်။

ဘဲလာရုစ်ကိုယ်စားလှယ်Addrei Taranda ကတော့ ဥရောပနိုင်ငံတချို့က ဘဲလာရုစ်နိုင်ငံကို ရုရှားဘက်ကထောက်ခံပါဝင်တဲ့ အတွက်ပြစ်တင်ရှုတ်ချ ပေမယ့် စစ်မီးကိုပိုပြီး တောက်လောင်အောင်ဘယ်သူလုပ်တာလဲ၊ ဘဲလာရုစ်နိုင်ငံက လက်နက်ခဲယမ်းပေးပို့တာ၊ ကြေးစားစစ်သားစေလွှတ်တာမရှိပေမယ့်၊ ပိုလန်က ကြေးစားစစ်သား ၂ဝဝ ယူကရိန်းမှာဝင်တိုက်နေတယ်လို့ သူကပြန်လည်မေးခွန်းထုတ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အထောက်အထားတစုံတရာပြသခဲ့ခြင်းတော့မရှိပါဘူး။

ဂျနီဗာ-ကုလသမဂ္ဂဌာနတခုမှ ာတာဝန်ထမ်းဆောင်နေတဲ့ ဂျနီဗာ ကုလသမဂ္ဂရုံး က အမေရိကန်နိုင်ငံရဲ့ ကိုယ်စားလှယ် Sheba Crocker ကတော့ ဒီအဓိပ္ပါယ်မရှိတဲ့စစ်ပွဲအတွက် ရုရှားကတာဝန်ယူရလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။

ရုရှားကျူးကျော်မှုအတွင်း စွပ်စွဲထားတဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ စစ်ဆေးသွားဖို့ကို လူ့အခွင့်အ ရေးကောင်စီ ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။

https://burmese.voanews.com/a/russia-ukraine-war/6471230.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.